Home » » ချစ် သူ မျက် နှာ

ချစ် သူ မျက် နှာ

Written By မောင်စေတနာ on Tuesday, July 20, 2010 | 9:09:00 PM



နေ့ စဉ်အမြဲ
တွေ့ နေဆဲမို့ 
ရင်ထဲတွယ်တာ
ချစ်မိပါသည်။

ရင်ဝယ်မျိုသိပ်
အချစ်စိတ် ကြောင့်
ခံစားရတယ် အချစ်ရယ်။

ချစ်ပါသော်လည်း
မပြောရဲလို့ 
ရင်ထဲမှာသာ
ကြိတ်မှိတ်ကာဖြင့်
မေတ္တာနိဂုံး ရင်မှာပျိုးလို့ 



မြတ်နိုးနေရ
ကိုယ့်ဘဝ
ပုလဲသွယ်သွယ်
အလှကြွယ်သား
အချစ်များစွာ
ရင်မှာခိုအောင်း
မင်းအကြောင်း
ပဲတွေးနေမိတယ်။

ပန်းသဇင်နှယ်
ယဉ်ကျေးသွယ်လျ
မေတ္တာများစွာ
ထားရပါသူ
မြတ်နိုးသူရယ။်

ပန်းလေညှင်းနှယ်
သင်းထုံကြွယ်သား
သစ္စာများစွာ
ရှိပါလေသူ
ကိုယ့်လိုလူကို
နှောင်ရစ်တွယ်ထား
မင်းအင်အားတွေ
ကြီးမားနေပြီ။

အချစ်ပြည်ကြီး
စွမ်းအင်ကြီးခိုင်
မင်းတည်နိုင်အောင်
စွမ်းဆောင်နိုင်
လွန်းလှပါသည်။

နွယ် လို
အစဉ်ရစ်ပတ်
မနက်ဖြန်များစွာ
ရင်မှာစုထား
နှလုံးသားအပြည့်

တစ်ကွေ့ တစ်ဘဝ
မေ့လို့ မှမရတာ
အမြဲ ထာဝစဉ်
ကြည့်နေချင်တာ
ချစ်သူ မျက်နှာ ။

ဒီကဗျာလေးက ကျွန်တော့်
သူငယ်ချင်း လင်းထိုက် နဲ့စိတ်ကူးရရာကိုရေးထားတဲ့ကဗျာလေး ပါခင်ဗျား။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။