Home » » ပြည်ပရောက် မြန်မာများ အွန်လိုင်းမှ တစ်ဆင့် မြန်မာထီ ထိုးနိုင်ပြီ

ပြည်ပရောက် မြန်မာများ အွန်လိုင်းမှ တစ်ဆင့် မြန်မာထီ ထိုးနိုင်ပြီ

Written By မောင်စေတနာ on Saturday, July 17, 2010 | 1:57:00 PM



ရွှေမြန်မာ ပင်ရင်း ထီဆိုင် အုပ်စုမှ လွှင့်တင် ထားသော ရွှေမြန်မာ ထီဝက်ဘ်ဆိုက်
www. shwemyanmarlottery .com မှ တစ်ဆင့် ပြည်ပရောက် မြန်မာများ အနေဖြင့် ထီထိုး နိုင်ပြီ ဖြစ်ကြောင်း မြန်မာ ထီဆိုင် ပိုင်ရှင် (ရတနာမိုး) မှ ဦးလှအောင်က ပြောသည်။ ယင်းကဲ့သို့ ထီ ထိုးရာတွင် မိမိ၏ မြန်မာပြည် နေရပ် လိပ်စာကို အွန်လိုင်းမှ တစ်ဆင့် အသိပေးကာ မိမိ၏ မိသားစု အသိုင်း အဝိုင်း ထံသို့ အသိပေး ရမည် ဖြစ်ပြီး ထိုးထားသော ထီလက်မှတ်ကို အဆိုပါ အိမ်လိပ် စာသို့ အရောက် ပို့ပေးမည် ဖြစ်ကြောင်း သိရသည်။ “ကိုယ်ရောက် နေတဲ့ နိုင်ငံ ကနေ ဝက်ဘ်ဆိုက် ဖွင့်ပြီးရင် ကိုယ်ကြိုက်တဲ့ ထီလက်မှတ်ကို ရွေးလိုက်ရင် ရပြီ။



အဲဒါကို ကျွန်တော်တို့က အိမ်တိုင် ရာရောက် ပို့ပေးသွားမယ်။ ဒါအဓိက ကတော့
ကိုယ့် မြန်မာတွေ အမိမြေ နဲ့ ခွဲနေကြတဲ့ အခါ မြန်မာထီ ကိုလည်း ကံစမ်းနိုင်
အောင်ပါ ” ဟု ၄င်းက ရှင်းပြသည်။ ထိုကဲ့သို့ ထီထိုး ရာတွင် ထီလက်မှတ် တန်ဖိုးမှာ အပြောင်း အလဲ မရှိဘဲ နဂို အတိုင်း ထီတစ်ကတ် ၂၃ စောင်ကို တစ်စောင်လျှင် ကျပ် ၂၀၀ နှုန်းဖြင့်၊ ဝန်ဆောင်ခ တစ်ဆောင်လျှင် ကျပ် ၂၀ နှုန်းယူပြီး စုစုပေါင်း ကျပ် ၅၀၆၀ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုအခါ အွန်လိုင်း မှ တစ်ဆင့် ထိုးနိုင်သော နေရာ များမှာ ရန်ကုန် နှင့် နေပြည်တော် မြို့များ တွင်သာ ဖြစ်ပြီး နောက်ပိုင်းတွင် မြို့များ တိုးချဲ့ရန် အစီ အစဉ် ရှိကြောင်း ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထား သည်။
http://www.htwd.info/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။