ဒီတစ်ခါတော့ လူတိုင်းသိထားသင့်တဲ့ ပြောဆိုဆက်ဆံတတ်ဖို့
ဆိုတဲ့အသိပေးစကားတွေကိုကျွန်တော်သိသလောက်ပြောဆို
တင်ပေးမှာပါ။ ဆရာလုပ်တာတော့ မဟုတ်ပါဘူးဗျ လူတစ်
ယောက်မှာလိုအပ်တွေက အမြဲလိုအပ်နေတာပါ။ ဒါက လက်
တွေ့အသုံးဝင်တယ်ထင်လို့ပါ။
၁။ ပြောဆိုဆက်ဆံရေးဟာ အရေးကြီးပါလား။
၂။ စကားပြော လိမ္မာပါးနပ်သင့်သလား။
၃။ လူတစ်ယောက်ဟာ ပြောချင်တာ ဇွတ်ပြောသင့်သလား။
၎။ စကားပြောဆိုတာဟာ စိတ်လွတ်ကိုယ်လွတ်ပြောလို့ရပါသလား။
၅။ လူတိုင်းနဲ့အဆင်ပြေပြေ နေသင့်သလား။
ကဲ ... ဆက်ဖတ်ရအောင်ပါ ........
လူ့လောကမှာ လှုပ်ရှားသွားလာကြတဲ့ လူတွေတိုင်း အခြေအနေ
အချိန်အခါကို လိုက်ပြီး လှုပ်ရှားဆက်ဆံ ပေါင်းသင်းတတ်ရပါမယ်။
ပြောဆိုဆက်ဆံ ပေါင်းသင်းတတ်ဖို့လည်းလူတစ်ယောက်မှာ အဓိက
အရေးကြီးတဲ့အချက်နေရာက ပါဝင်ပါတယ်။
ပြောဆိုတတ်ခြင်း ဆက်ဆံပေါင်းသင်းတတ်ခြင်း ဟာလည်း အလွန်
အရေးကြီးပါတယ်။ မိမိပြောတတ်ဆိုတတ် တဲ့အပေါ်မှာမူတည်၍
အောင်မြင်မှုတက်လမ်း ရရှိမှာ ဖြစ်သလို မိမိ၏စကားပြောဆိုမှု
အပေါ်တွင် မူတည်၍ ဆုတ်ယုတ်မှုများလည်း ရှိပါသည်။
ဘဝရဲ့ အောင်မြင်ရေးမှာ တစ်ခုတည်းကောင်းတာနဲ့
မရသလိုအဖက်ဖက်ကကောင်းမှ သိမှတတ်ထားမှ ပို၍အဆင်ပြေ
မှာပါ။လူ့လောကမှာ မိမိရဲ့ စိတ်သဘောအတိုင်း ဖြစ်ချင်ရာ လုပ်
ချင်ရာကိုဇွတ်လုပ်နေပါက မိမိရဲ့တက်လမ်းကို မိမိဘာသာဖျက်နေ
သလိုဖြစ်နေတတ်ပါတယ်။ လူ့ဘဝလေးမှာ ဆက်ဆံပေါင်းသင်းပြော
ဆိုတတ်ခြင်းဟာလည်း လူတိုင်းမသိသေးတဲ့ ဘဝရဲ့လျှို့ဝှက်ချက်
တစ်ခုပါပဲ။
မိမိရဲ့ပြောဆိုမှုဟာ အခြေအနေ အချိန်အခါကို လိုက်ပြီးဆက်ဆံ
ပြောဆိုတတ်ရမှာပါ။ အတူနေတဲ့ပေါင်းသင်းတဲ့ သူငယ်ချင်းတွေနဲ့
တောင် တစ်ခါတစ်လေ အဆင်မပြေတာလေးတွေ ရှိနေတတ်ပါတယ်။
ဒီတော့ လူအများနဲ့ အဆင်ပြေဖို့ဆိုတာ လွယ်တဲ့ကိစ္စတစ်ခုတော့
မဟုတ်ပါဘူး။
ဒါကြောင့်မိမိဖက်ကအခြေအနေ အချိန်အခါလေးကိုကြည့်ပြီးပေါင်းသင်း
ပြောဆို ဆက်ဆံတတ်ရမှာပါ။လူတစ်ယောက်နဲ့ လူအများနဲ့ပြောဆိုဖို့
ဆိုတာအခြေအနေနဲ့အချိန်အခါကို ကြည်ပြီးပြောသင့်မပြောသင့်ဆုံးဖြတ်
တတ်မှမိမိဘဝ ဒါမှမဟုတ် မိမိနဲ့လူအများနဲ့အဆင်ပြေတဲ့ လူတစ်ယောက်
ဖြစ်လာမှာပါ။
ဒါဆိုမိမိကိုယ်တိုင်လည်း အဆင်ပြေပြီး မိမိဖြတ်သန်းနေတဲ့
ဘဝလေးမှာ ဘဝအောင်မြင်တဲ့လူတစ်ယောက်ဖြစ်နေပါပြီ
ဆိုတာကတော့ အသေအချာပါပဲ။

အားလုံး ပြောဆိုတတ်ပြီး အောင်မြင်မှု ရပါစေလို့ရည်ရွယ်ရင်း
စာဖတ်သူကိုများကို လေးစားစွာဖြင့်
0 comments:
Post a Comment