Home » » အဝေးရောက်မြန်မာများအအေးတစ်ခွက်စာဖြင့် ကိုယ့်နိုင်ငံမှဆင်းရဲချို့တဲ့သောကျောင်းများအား ပါဝင်ကူညီနိုင်ပါတယ်။

အဝေးရောက်မြန်မာများအအေးတစ်ခွက်စာဖြင့် ကိုယ့်နိုင်ငံမှဆင်းရဲချို့တဲ့သောကျောင်းများအား ပါဝင်ကူညီနိုင်ပါတယ်။

Written By မောင်စေတနာ on Friday, July 9, 2010 | 4:02:00 PM


ပုံပေါ်တွင်ကလစ်တစ်ချက်နှိပ်၍ကြည့်ပါရန်။

လောကမှ လူတွေ ကိုယ့်မှာရှိနေတဲ့ လက်တွေကိုကမ်းလို့ မျှဝေသူက မျှဝေနေတယ်
တစ်ချို့တွေက မမြင်ချင်ယောင် ဆောင်နေကြတယ်၊ တစ်ချို့တွေကသိကို မသိကြတာ။
မပေးလိုတာ မစွန့်ကြဲလိုတာ မလှူဒါန်းလိုတာတွေက လှူဒါန်းမှုရဲ့ အဆိပ်တောက်တွေပါပဲ။
ဒါနတရားရဲ့ အန္တရာယ်တွေပါပဲ။ လူအများဘာအတွက်ကြောင့် မလှူဖြစ်ကြတာလည်း စဉ်းစား
ကြည့်လျှင် အလှူတစ်ခု မပေးလှူဖြစ်ခြင်းဟာ

(၁) ပစ္စည်းဥစ္စာကို နှမြောဝန်တိုတဲ့ မစ္ဆရိယပုဂ္ဂိုလ်၊
(၂) ကာမဂုဏ်အကြား၌ မေ့လျော့နေသော ပမာဒပုဂ္ဂိုလ် ဆိုပြီး နှစ်မျိုးရှိမှာပါ။

မစ္ဆရိယဆိုတာ
ဝန်တိုခြင်း၊ ၀န်တိုတဲ့ ပုဂ္ဂိုလ်ပါ။ မြန်မာစကားအဓိပ္ပါယ် အနှစ်သားအရ၀န်ဆိုတာ သူတစ်ပါး
ကြီးပွား ချမ်းသာတာကို ၀မ်းမြောက်ရမည့်တာဝန်ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းမှာ တာဝန်
အသီးသီးရှိကြရာမှာ ကိုယ့်ထက်သာ လွန်သူကို အမှန်တကယ် ကျေကျေနပ်နပ် ၀မ်းမြောက်
ရမည့်တာဝန်ဆိုတာလည်းရှိရမှာပါ။ ကိုယ့်ထက်သာလျှင်လည်း ချီးမွမ်းရပါ့မယ်၊ မြှောက်စား
ရပါ့မယ်၊၀မ်းမြောက်ရပါ့မယ်။ ဒါမှ ၀န် ဆိုတဲ့ အဓိပ္ပါယ်ဖြင့် ပြည့်စုံမှာပါ။ သို့ပေမယ့်ကိုယ့်ထက်
သာမနာလိုကြဘူး၊ ကိုယ်သာဖို့အတွက် သူတစ်ပါးကို နင်းတက်တတ်ကြတယ်။ဒါဆိုရင် တာဝန်
မသိသူ၊ ၀န်ဆိုတာနဲ့ မပြည့်စုံသူတွေပါပဲ။ဒီလိုဆိုလျှင်မစ္ဆရိယစိတ်ရှိတဲ့သူဟာ ကိုယ်သာ ချမ်းသာ
လိုတယ်၊ သူတစ်ပါးမချမ်းသာစေချင်ဘူး။ အလှူအရိပ်ရောင် မြင်ရင်ပဲ နည်းမျိုးစုံဖြင့်ရှောင်ကွင်း
သွားတတ်တာပါ။ထိုယ့်ထက်နိမ့်ပါးသူ၊ ဆင်းရဲနွမ်းပါးသူကို ပေးလှူလိုစိတ် မရှိဘူး။


သူတစ်ပါးဆီကလိုချင်တယ်၊
ကိုယ့်ဆီက ပေးဖို့ကျတော့ တွန့်တိုနေတယ်။ ဤအရာတွေသည် မစ္ဆရိယ၏ သဘောအာနိသင်တွေပါပဲ။
မရှိလို့ မလှူတာပါလို့  ထင်နေပေမယ့်  ၊ တစ်ကယ်တော့ မလှူ လို့  မရှိကြတာပါ။ထို့ကြောင့် ဆင်းရဲဒုက္ခ
ကို ဖြစ်စေတတ်တဲ့ ထို မစ္ဆရိယတရား ကင်းပါးအောင် တတ်အားသမျှ အလှူဒါန ပြုသင့်ပါတယ်။ နည်းတာ
များတာ ပဓာနမဟုတ်လှူဒါန်းလိုသော စေတနာသာ အဓိက ဖြစ်ပါတယ်။ သို့ပေမယ့် အလှူဒါနတစ်ခုကြောင့်
စိတ်ညစ်ညူးမှု မဖြစ်စေလိုပါ။ သူတစ်ပါးတိုက်တွန်းလွန်းလို့သာလှူလိုက်ရတယ်၊ စိတ်က နှမြောနေတာမျိုး
လည်းမဖြစ်သင့်ပါ။ လှူမိတာ မှားပေါ့ဆိုတဲ့ အဖြစ်မျိုးလည်း မဖြစ်စေချင်ပါ။ ပစ္စည်းဥစ္စာပေါ် ပြန်လည်နှမြောနေ
လျှင်လည်း ပစ္စည်းလည်း မမြဲ၊ မိမိလည်း မမြဲ၊ ဘာမှ မမြဲသော သဘောကို ဆင်ခြင်ပါ။

အလှူဝတ္ထု နည်းသည်ဖြစ်စေ၊ အလှူဝတ္ထုညံ့သည်ဖြစ်စေ
စေတနာ သဒ္ဓါတရားဆိုတဲ့ အရည်အချင်းကောင်းခဲ့လျှင် မစ္ဆရိယကို အောင်မြင်နိုင်ပါတယ်။
မလှူဖြစ်သောအရာ နှစ်မျိုးအနက် ဒုတိယဖြစ်တဲ့ ပမာဒပုဂ္ဂိုလ်ပါပဲ။ ပမာဒဆိုတာ မေ့လျော့နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘာကို မေ့တာလည်းဆိုလျှင်ကုသိုလ်ကောင်းမှု လုပ်ရမှာ မေ့လျော့နေတာပါ။ မေ့လျော့ခြင်းမှာလည်း အကြောင်းတရား နှစ်မျိုးရှိပြန်ပါတယ်။

(၁)အချို့သောပုဂ္ဂိုလ်များဟာ တိရစ္ဆာန်များလိုပဲ ကုသိုလ်ဆိုတာလည်း မသိဘူး၊
ကုသိုလ်ရဲ့အကျိုးဆိုတာလည်း မသိဘူး၊ အကုသိုလ်ကိုလည်း မသိဘူး၊
အကုသိုလ်ရဲ့အကျိုးကိုလည်း မသိဘူး၊ မသိတဲ့အတွက် ကုသိုလ်ကို မလုပ်ဘူး၊ ကုသိုလ်လုပ်ဖို့
မေ့နေတယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုးကိုတော့ အ၀ိဇ္ဇာကြောင့် မေ့တဲ့လူလို့ ခေါ်ဆိုပါတယ်။

(၂)အချို့သော ပုဂ္ဂိုလ်တွေကတော့ ကံ-ကံရဲ့အကျိုးကို သိသင့်သလောက် သိကြပါတယ်၊
နို့ပေမယ့် စားဝတ်နေရေး အ တွက် ရုန်းကန်နေကြရတာနဲ့ ကုသိုလ်ပြုဖို့မေ့လျော့နေကြတယ်။
အဲဒီပုဂ္ဂိုလ်မျိုးကိုတော့ တဏှာကြောင့်မေ့တဲ့သူလို့ခေါ်ဆိုပါတယ်။သာမာန်ပုဂ္ဂိုလ်တို့သည် လက်ရှိ
ဘ၀ချမ်းသာမှုကို အတိတ်ကံကြောင့်ဟုလည်း မဆင်ခြင်ဘဲလျက် ကာမဂုဏ်အာရုံမှာ နစ် မြောကြ
တာများပါတယ်။ သားရေး၊သမီးရေးတွေ၊ ကိုယ့်အတွက် သူ့အတွက်စသဖြင့် မေ့လျော့နေကြတယ်။
ကိုယ့်စိတ် ကိုယ့်သဏ္ဍာန်မှာ ကိလေသာတွေ ၀င်နေသလားဘယ်လိုဖြစ်နေတယ်ဆိုတာလည်း ဘေး
ကနေမကြည့်ကြဘူး၊ မမြင်တတ် ကြဘူး။ ချမ်းသာမှုဒဏ်ကိုလည်း ခံနိုင်ရည်အတော်နည်းကြပါတယ်။
ချမ်းသာလာတယ်၊ အဆင်ပြေလာတာနဲ့အမျှ ကာမဂုဏ်တို့ဖြင့် ကုသိုလ်ကောင်းမှုတို့ကို မေ့လျော့တတ်
ကြတယ်။ ဒီလို မေ့လျော့ခြင်းဆိုတဲ့ပမာဒတရားကိုပယ်ဖျောက် ပြီးတော့ ဒါနဆိုသောအရာကို ပြုသင့်
လှပါတယ်။

ဒါနတရားဟာလည်း-
ဒါနံ သဂ္ဂဿ သောပါဏံ= နတ်ပြည်ကို တက်ဖို့ စောင်းတန်းလှေကားနှင့်လည်းတူတယ်။
ဒါနံ ပါထေယျ မုတ္တမံ= သံသရာ လမ်းခရီးမှာ စားသောက် သုံးဆောင်ဖို့ မြတ်သော
ရိက္ခာထုပ်ကြီးလည်း ဖြစ်တယ်။
ဒါနံ ဥဇုဂတံ မဂ္ဂံ= နိဗ္ဗာန်သို့ ဖြောင့်ဖြောင့် သွားနိုင်သော ခရီးမှန်လည်း ဖြစ်တယ်။
ဒါနံ မောက္ခပဒံ ၀ရံ= မြတ်သောမဂ်ဖိုလ် နိဗ္ဗာန်ရဲ့အကြောင်းစစ် အကြောင်းမှန်လည်း
ဖြစ်တယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။

ထိုကြောင့်
ဒါနဆိုသော အမှုသည် ပြုသင့်ပြုထိုက်သော၊ ပြုရမည့်ကောင်းမှုကုသိုလ်ကြီးဖြစ်ပါတယ်။
မိမိတတ်စွမ်းသမျှဖြင့်ပေးကမ်းစွန့်ကြဲလှူဒါန်းကြရမည်ဖြစ်ပါတယ်။လှူဒါန်းပေးကမ်းစွန့်ကြဲမှုသည်
မြင့်မြတ်သူတို့အလုပ်ဖြစ်သလို၊ မြင့်မြတ်သောသူတို့သည်လည်း လှူဒါန်းပေးကမ်းခြင်း ဒါနပြုလေ့ရှိ
ပါတယ်။မြင့်မြတ်သော သူတို့သည် အလှူတစ်ခုကို သာမန်လှူခြင်းအမှု မပြုကြသလို တခါတရံလည်း
မဟုတ်ပါဘူး။ အမြဲပြုနေကြခြင်းဖြစ်ပါတယ်။လှူဒါန်းသည့်နေရာမှာ လည်း သီလရှိသော ပုဂ္ဂိုလ် ဂုဏ်
သတင်းကျော်ကြားသော ပုဂ္ဂိုလ်မှ မဟုတ်ပဲ မည်သည့်ပုဂ္ဂိုလ်ကို မဆို ခဏခဏ လှူဒါန်းခြင်းဖြစ်ပါတယ်။
နိဗ္ဗာန်ကို ဦးတည် လှူဒါန်းသော ဒါနပင်ဖြစ်ပါတယ်။ ဤသည်ပင် ဒါနပါရမီမြောက် ဖြည့်ဆည်းတော်
မူခြင်းဖြစ်ပါတယ်။

ပါရမီဖြည့်ဆည်းခြင်းဟူသည်မှာလည်း
မိမိ၏ အကျိုးစီးပွားအတွက် ပါရမီပြည့်လို၍ ပါရမီဖြည့်ခြင်း မဟုတ်ဘဲ အများ၏အကျိုးစီးပွားအတွက်
ပါရမီပြည့်လို၍ ပါရမီဖြည့်ခြင်းဖြစ်ပါတယ်။သို့ရာတွင် အများအတွက် ရည်ရွယ်၍ ဆောင်ရွက်သဖြင့်
မိမိအတွက် ရသောအကျိုးသည် မိမိအတွက်ရည်ရွယ်၍ ဆောင်ရွက်သဖြင့် မိမိအတွက်ရသောအ
ကျိုးထက် အဆပေါင်း အသင်္ချေ ပိုပါတယ်။ ဤသည်မှာလည်း ကမ္မနိယာမ သဘောပင်ဖြစ်ပါတယ်။
ထို့ကြောင့် မပေးကမ်း၊ မစွန့်ကြဲ၊မလှူဒါန်းလိုသောမစ္ဆရိယစိတ်ပယ်ခွါ၊ ကာမဂုဏ်တောမှာမေ့မြောနေ
သော ပမာဒတရားကို ပယ်ခွါ၍ဒါနဆိုသောပန်းကို လက်လှမ်းနိုင်ကြ၍ လက်ဝယ်သို့ရောက်ရှိကာ
ထာဝရသုံးဆောင်နိုင်ကြပါစေ။

ကဲ သူငယ်ချင်းတို့  ဒီဆောင်းပါးလေးဖတ်ပြီးဒါနဆိုတဲ့ အ၇သာကိုခံစားမိနိုင်မယ်လို့ ထင်ပါတယ်။ ခုဆို
သူငယ်ချင်းတို့ အပြင်းပြေသောက်မယ့်အအေးတစ်ခွက်စာလေးတွေစုပေါင်းလိုက်ပြီ လှူလိုက်ရုံနဲ့လူအများ
နေ့ စဉ်သောက်သုံးနိုင်မယ့် သောက်ေ၇ကန်တစ်ခုကို ထန်းတပင်မြို့နယ် ၊ေ၇တွင်းကုန်း ရွာမှာရှိတဲ့ " အ.မ.က
( ၂ )"မူလတန်းကျောင်းလေးမှာ လှူလိုက်နိုင်ပြီဆိုတော့ ပီတိဖြစ်စရာမကောင်းပေဘူးလား ။

"မရှိလို့မလှူ ၊မလှူ လို့  မရှိ " မဖြစ်၇လေပဲလိုအပ်တဲ့ နေ၇ာလေးတွေ မှာ တစ်တပ်တစ်အားပါဝင်ပြီး
နတ်လူသာဓုခေါ် နိုင်စေဖို့  ၊ဒါနပန်းတွေ ပွင့် လန်းစေဖို့ ခုဆို၇င် “ရွှေမြန်မာ ပ၇ဟိတအသင်း “
http://grou.ps/naymin/talks/2272228
ကနေပီး ဦးဆောင်လို့  တို့ တွေ ထန်းတပင် မြို့ နယ်
ေ၇တွင်း ကုန်း ရွာမှာရှိတဲ့  မူလတန်းကျောင်းလေး မှာ လိုအပ်နေတဲ့ စာသင်ခုံလေးတွေ၊
ကျောက်သင်ပုန်းလေးတွေ၊ ဟောခန်းထဲမှာ စုပြုံ ပြီး စာသင်နေကြ၇ရှာ တဲ့ ခလေးတွေအတွက်
စာသင်ခန်းလေးတွေ အဖြစ်ကန့် ပေးဖို့ တွေကို လဲ ကြိုးပမ်းနေကြတယ်လေ။
ပင်ကိုယ်စိတ်ခံ က သဒ္ဓါ တ၇ား ထက်သန်ပေမယ့် ဘယ်လိုလှူ ၇မလဲမသိတဲ့ သူငယ်ချင်းတွေ
ရှိ၇င်လဲ ဒီ ဆိုဒ်လေးကို
http://grou.ps/naymin/talks/2272228
အလည်လာပီး ဘာတွေလုပ်နေကြလဲ ကြည့် ကြ ၇အောင်နော်။
သူငယ်ချင်းတို့ ရဲ့အကြံပေးမှု ၊ ပံ့ပိုးမှုတွေကိုလဲအမြဲတံခါးဖွင့် ပီးကြိုဆိုလျက်ပါ။

လူ တစ်ယောက်ရဲ့ တန်ဖိုးဟာသူဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးကသူ့ ပုခုံးပေါ် တင်
ပေးလိုက်တဲ့သမိုင်းရဲ့ တာဝန်ကိုသူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။