လမ်းကြောပိတ်ဆို့မှုများကို ဂြိုဟ်တုခြေရာခံနည်းပညာအသုံးပြု၍ ဖြေရှင်းရန် စင်ကာပူလေ့လာ
စင်ကာပူသည် လမ်းကြောပိတ်ဆို့မှုများလျှော့ချရန်အတွက် လက်ရှိအသုံးပြုနေသော Electronic Road Pricing စနစ်ကို ဂြိုဟ်တုခြေရာခံ နည်းပညာ Global Navigation Satellite System (GNSS) အသုံးပြု၍ အဆင့်မြှင့်သွားရန်လေ့လာနေကြောင်း စင်ကာပူကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
ယာဉ်တည်နေရာ တိကျစွာဖော်ပြရန်အတွက် ဂြိုဟ်တုကွန်ရက်များ အသုံးပြုသည့်စနစ်ကို ၁၉၉၈ ခုနှစ် ကစတင်အသုံးပြုခဲ့သော ERP စနစ်နေရာတွင် အစားထိုးနိုင်ပါက လမ်းအသုံးပြုခကို တိကျမှန်ကန်စွာ ကောက်ယူနိုင်မည်ဖြစ်သည်။ လမ်းအသုံးပြုမှုများ မြင့်တက်လာသောကြောင့် ရေရှည်တွင် ကုန်ကျစရိတ်များသောအချက်ပြမီးတိုင်များထပ်မံတပ်ဆင်ရန်မဖြစ်နိုင်ကြောင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

မြို့အဓိကလမ်းများ၊ စီးပွားရေးဗဟိုချက်များ၊ မြို့လယ်ဈေးဝယ်ကုန်တိုက်ကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုထိန်းချုပ်ရန် ရည်ရွယ်၍ လမ်းအသုံးပြုခ ကောက်ခံသည့်စနစ်ကိုစင်ကာပူကအသုံးပြုခဲ့သည်။ မြို့ အချက်အချာနေရာများတွင် အချက်ပြမီးတိုင်များ ကွန်ရက်ဖွဲ့ထား၍ ကားများအတွင်း ရေဒီယိုအချက်ပြမှု ထုတ်လွှင့်သည့်စက်နှင့် စမတ်ကဒ်ဖတ်စက်ကို ထည့်သွင်းတပ်ဆင်ထားသည်။ အချက်ပြမီးတိုင်များရှိနေရာကိုဖြတ်သန်းလျှင် ဖြတ်သန်းခပေးရသည်။
http://www.news-eleven.com/
0 comments:
Post a Comment