* ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ် *
စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး
သူ့ကိုကျွန်တော်ပထုတ်သွားမယ်.. အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့"
* ပူဆွေးလိုက်ပုံက *
အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ
သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း
အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။
ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း
အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။
" မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ "
ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။
" ကျွန်တော် ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာပူဆွေးမှုကိုတော့
ဝင်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့
နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊
ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊
မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ "
" ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ "
" အဲဒါနဲ့များ ဘာဖြစ်လို့ဒီလောက်ပူဆွေးနေရတာလဲ "
" သူစောစောစီးစီးသေသွားတော့ သူ့ရဲ့ဒုက္ခတွေကို ကျွန်တော်က
သူ့ကိုယ်စားခါးစည်းခံနေရလို့ပါ "

* မင်းမှမရှိဘဲ *
သူငယ်ချင်းနှစ်ယောက် ညကမက်သော အိမ်မက်အကြောင်း
အပြိုင်အဆိုင် ပြောနေကြရာ တစ်ယောက် ကငါဂျပန်နိုင်ငံကို ယောက်သွားပြီး
မိုးပျံရထားကြီးစီးပြီးပျော်မြူးခဲ့ ရပုံများကိုပြောပြသဖြင့်
နောက်တယောက်ကမင်းအိမ်မက်ထက်ငါ့အိမ်မက်က
ပိုကောင်းတယ်ကွ ၊ ငါနဲ့ ကိုရီးယား မင်းသမီးလေး အွန်စော
အခန်းထဲ မှာ နှစ်ယောက်ထဲ တွေ့ နေတဲ့ အချိန်မှာ တခါး ခါက်
သံကြား လို့ ထဖွင့် လိုက်တဲ့ အချိန်မှာ ဘယ်သူလဲ သိလား ၊ကိုရီး
ယားမင်းသမီးလေး ဘိုရာ ဖြစ်နေပြန်ရော ဟုပြောလိုက်သဖြင့် 
သူငယ်ချင်းက မချင့် မရဲဖြစ်ကာ.......
မင်းကလည်ကွာမင်းကြတော့ ဘယ်တစ်ယောက်ညာတစ်ယောက်
နဲ့ ငါ့ ကိုကြတော့  တချက်တောင်လှမ်းခေါ် ဖော်မရဘူး ၊
ဘာကွ။ မင်းကို ငါသတိရ လို့ ဖုန်း လှမ်းဆက်ပါသေးတယ်မင်းဂျပန်ကို
သွားတယ်ဆိုပြီးမင်းအိမ်က ပြောလိုက် လို့ ကွ ။
* ဟောပင် ဘီးလွတ် *
တစ်ခါက ရွာတစ်ရွာတွင်အလွန်အကြွားသန်သော ကိုလေကြွားဆိုသူ
တစ်ဦးရှိလေသည်။တစ်နေ့သ၌ကိုလေကြွားတို့ရွာမှ
မြို့ကိုသွား၍တက္ကသိုလ်တက်ပြီးပြန်လာသောကိုလေကြွားငယ်သူငယ်ချင်းဖြစ်သူ၏
သားနှင့်လမ်းတွင်ဆုံမိသောအခါ -
ကိုလေကြွား - ဟာ ငါ့ကောင်ကြီး မြို့ ကြီးကပြန်လာတော့
တစ်သွေးတစ်မွေးနဲ့လှနေပါရောလားကွ၊
သူငယ်ချင်း (သား) - အဲဒီလောက်လည်း မဟုတ်ပါဘူး ဦးကြီးရာ။
ထိုအခါကိုလေကြွား၏ ထုံးစံအတိုင်းဝသီအရ စတင်ကြွားလုံးထုတ်လေတော့သည်။
ကိုလေကြွား - အေးကွာ တို့ငယ်ငယ်တုန်းကတော့ မြို့ ကြီးတွေမှာ
ကျောင်းမတက်နိုင်ပါဘူးကွာ။ ဟောပင်းဘီးလွတ်လောက်ပဲ တက်ခဲ့ရတာကွ။
သူငယ်ချင်း (သား) - ဘာတုံး ဦးကြီးရ၊ ပြည်ပတက္ကသိုလ်များလား။
တစ်ခါမှမကြားဖူးပါဘူး။
ထိုအခါ ကိုလေကြွားပြောလိုက်ပုံကြောင့် အနီးရှိရွာသူရွာသားများ
ငိုအားထက်ရယ်အားသန်ကြလေတော့သည်။
ကိုလေကြွား - ဒီလိုလေကွာ . . .ဟောပင်းဆိုတာက ဟင်းပေါ့။
ဘီးလွတ်ဆိုတာကကတုံးတွေဆိုတော့ ဘုန်းကြီးကျောင်းပေါ့ကွ။
အဓိပ္ပာယ်ကတော့ ဟင်းပေါတဲ့ဘုန်းကြီးကျောင်းမှာ တက်ခဲ့ရတာပေါ့ကွာ။
သူငယ်ချင်း (သား) - ဟိုက် ကောင်းရောကွာ။
* ကုန်ထားတယ် *
မြို့တစ်မြို့တွင် ကျော်ကြီးဆိုသူ အလုပ်သမားတစ်ဦးရှိသည်။
သူသည် အလုပ်ပြီးသည်နှင့် အလုပ်ရှင်ထံတွင် ငွေတောင်းပြီး အရက်သွားသောက်လေ့ရှိသည်။
တစ်နေ့- ကျော်ကြီး အမူးလွန်ပြီး လမ်းတွင် လဲနေရာ
လူတစ်ယောက်က- ဟေ့လူ.. ထ ထ ၊ ခင်ဗျားအိမ်ကို ကျုပ်လိုက်ပို့ပေးမယ်။
ထိုအခါ ကျော်ကြီးက ပြောလိုက်သည်မှာကား
ဟေ့- ငါ့ကိုဘယ်သူ ထ ခိုင်းတာလဲကွ၊ ငါ့ကို လိုက်ပို့ရအောင် နေစရာအိမ်မရှိဘူးကွ၊
ငါ ဒီလို မူးပြီးလဲအောင်လဲ၊ ငွေ ဘယ်လောက်ကုန်ထားတယ် မှတ်လဲ။
ဘလော့တစ်ခုကနေကူးယူထားခြင်းဖြစ်ပါတယ် ပျော်ရွှင်ကြပါစေ။
ပေးပို့သူ
Phyothuya
Phyothuya
0 comments:
Post a Comment