Home » » မဲဆောက်ရှိ မြန်မာအလုပ်သမားများ ပုန်းရှောင်နေရ

မဲဆောက်ရှိ မြန်မာအလုပ်သမားများ ပုန်းရှောင်နေရ

Written By နေဇော်လင်း1 on Friday, May 14, 2010 | 3:25:00 PM


တောထဲတွင် ပုန်းရှောင်နေကြသည့် အလုပ်သမားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - YCOWA)
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ဒေသတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း
အလုပ်သမားများသည် ထိုင်းရဲများ၏ လိုက်လံဖမ်းဆီးနေမှုကြောင့် ယခုရက်ပိုင်းအတွင်း ပုန်းရှောင်
နေကြရကြောင်း သိရသည်။

“ပြီးခဲ့တဲ့ (၈) ရက်နေ့၊ စနေနေ့ကတည်းက လက်မှတ်မရှိတဲ့သူတွေ ပုန်းနေကြဖို့ သူဌေးက လာပြောတာ။
အခု ကျနော်တို့ရုံတော့ အလုပ်ပြန်ဆင်းနေကြပါပြီ။ တခြားစက်ရုံတွေကကျနော့်သူငယ်ချင်းတွေ ပြောပြချက်အရတော့ ဆက်ပုန်းနေတဲ့ လူတွေလည်း ရှိပါသေးတယ်”
ဟု စက်ချုပ်ရုံတရုံမှ အလုပ်သမားခေါင်းဆောင်တဦးက ပြောသည်။


ပုန်းရှောင်နေကြရသူများသည် ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်
မရှိသူများဖြစ်ကာ အများစုမှာ သက်ဆိုင်ရာ အလုပ်ရှင်များက ရှောင်ပုန်းထားခိုင်းခြင်းဖြစ်ပြီး
တချို့မှာ ရဲဖမ်းမည်ဆိုသောစကားကို တဆင့်စကား တဆင့်နားကြားပြီး နီးစပ်ရာ
တောတောင်များနှင့် မြန်မာပြည်ထဲထိ သွားရောက်ပုန်းရှောင်မှုများ ရှိသည်။

ရှောင်ပုန်းနေကြရသည့် အလုပ်သမားများကို လိုက်လံကူညီပေးနေသူတဦးဖြစ်သည့် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကိုနောင်နောင်က“အလုပ်သမားတချို့က ဖမ်းမယ်ဆိုတဲ့ သတင်းကြားတော့ မြဝတီဘက်ကမ်းမှာ သွားနေကြတယ်။ တချို့လည်း မြန်မာပြည်ပြန်ဆင်းနေကြတယ်ပေါ့။ တောင်ယာစိုက်ခင်းတွေနဲ့ နီးစပ်ရာ တောတောင်တွေထဲမှာလည်း သွားပုန်းနေတာတွေ အလုပ်သမား တစ်ထောင်ကျော် ရှိတယ်” ဟု ပြောသည်။

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့အနေဖြင့် ပုန်းရှောင်နေသည့် အဆိုပါ အလုပ်သမားများထံသို့
သောက်ရေ၊ အအေးနှင့် အစားအစာအချို့ကို လိုက်လံဝေငှ ကူညီပေးခဲ့ကြောင်းနှင့် တချို့စက်ရုံများမှာ အလုပ်ပြန်ဆင်းနေကြသော်လည်း ဘယ်ချိန်လာဖမ်းမလဲ ဆိုသည်ကို အလုပ်သမားများ စိုးရိမ်နေကြကြောင်း
နှင့် အချို့စက်ရုံ အလုပ်ရှင်ကိုယ်တိုင်က ညအိပ်တာဝန်မယူသည့်အတွက် ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံကြား
က ရေလယ်ကျွန်းတွင် အိပ်သည့်အလုပ်သမားများလည်ရှိကြောင်း သူက ဆက်ပြောသည်။

ထိုကဲ့သို့ ထိုင်းရဲများ စတင်ဖမ်းဆီးသည့် မေလ (၈) ရက်နေ့မှစ၍ ယနေ့အချိန်ထိ မဲဆောက်မြို့ရှိ
စက်ရုံ (၅) ရုံခန့်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီးဖြစ်ကာတောင်ယာနှင့် စိုက်ခင်း အလုပ်သမားများ
အပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီးဖြစ်ကြောင်း သိရသည်။
Thursday, 13 May 2010 17:19
ကောင်းမြတ်ကျော်
http://www.yoma3.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။