Home » » စင်ကာပူရှိ SME များ၌ မြန်မာအလုပ်သမားများ အလုပ်ရသော်လည်း အဆင်မပြေခြင်းများကြုံတွေ့

စင်ကာပူရှိ SME များ၌ မြန်မာအလုပ်သမားများ အလုပ်ရသော်လည်း အဆင်မပြေခြင်းများကြုံတွေ့

Written By နေဇော်လင်း1 on Saturday, May 22, 2010 | 2:35:00 PM


p h o t o ; g o o g l e
စင်ကာပူရှိအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းစု SME (Small & Medium Enterprises)များ၌ မြန်မာအလုပ်သမားများ အလုပ်ရရှိကြသော်လည်း အကြောင်းအမျိုးမျိုးဖြင့် အဆင်မပြေခြင်းများ ကြုံတွေ့နေခဲ့ရသည်ဟု သိရသည်။

စင်ကာပူရှိ လုပ်ငန်းစုငယ်ကုမ္ပဏီများ၌ ၀န်ထမ်းရေးရာဌာန သီးသန့်ထားရှိမှုမရှိသည့်အပြင် နိုင်ငံခြားသား အလုပ်သမားခန့်အပ်မှုတွင် စင်ကာပူ အလုပ်သမားရေးရာဝန်ကြီး ဌာန (MOM-Ministry of Man- power)မှ ချမှတ်မူဝါဒများအား အသေးစိတ်နားလည်မှုမရှိခြင်းကြောင့် မြန်မာနိုင်ငံသား အလုပ်သမားများမှာ အလုပ်ရရှိပြီးသော် လည်း စင်ကာပူအလုပ်သမားရေးရာ၏ နေထိုင်ခွင့်ပယ်ချမှုများ အဓိက ကြုံလာရခြင်းများရှိနေကြောင်း စင်ကာပူအလုပ်သမားရေးရာ ကျွမ်းကျင်သူက ဆိုပါသည်။

''SME တွေမှာ အလုပ်လျှောက်လိုက်လို့ အလုပ်ရှင်က ကြိုက်ရင်ခန့်လိုက်တယ်။ အဲဒီအလုပ်ရှင်ကလည်း နိုင်ငံခြားသားအလုပ်သမားခေါ်တဲ့ စည်းမျဉ်းစည်းကမ်း အသေအချာ နားမလည်တော့ အလုပ်ခန့်ပြီးကာ မှ MOM ကနေထိုင်ခွင့် S Pass ကိုတာကုန်သွားလို့ အလုပ်ရပြီးပြန်လာခဲ့ရတဲ့ မြန်မာတွေရှိနေတယ်''ဟု စင်ကာပူမှ ပြန်လာသူတစ်ဦးကဆိုသည်။


ထို့ပြင် အွန်လိုင်းမှ အလုပ်ရှာဖွေသူများသည်လည်း အလုပ်ရှင်မှ တင်ထားသော ၀က်ဘ်ဆိုက်စာမျက်နှာများ၌ ဖြည့်စွက်ရမည့် ပညာရေး မှတ်တမ်းကွက်လပ်များ၌ သေချာစွာ ဖြည့်စွက်မှုမရှိခြင်း၊ မှန်ကန်သည့် ပညာရေးအချက်အလက်များ ဖြည့်စွက်ခြင်းမပြုမှုများကြောင့် စင်ကာပူ၌ နေထိုင်ခွင့်ပယ်ချသည့် ဖြစ်ရပ်လည်းများကြောင်း သိရသည်။

''ကုမ္ပဏီကြီးတွေ၊ ကော်ပိုရေး ရှင်းအကြီးတွေမှာကြတော့ HR က အလုပ်သမားခန့်ဖို့ MOM ရဲ့မူဝါဒ ကို အကုန်သိတယ်။ SME တွေက ကုမ္ပဏီပိုင်ရှင်တွေ ကိုယ်တိုင်အလုပ်သမားခန့်ဖို့ အလုပ်သမားရေးရာနေထိုင်ခွင့်တွေကို နားမလည်တာကြောင့် မြန်မာအလုပ်သမားတွေ အလုပ်ရပြီးမှ နေရပ်ပြန်ရတဲ့ ဖြစ်ရပ်တွေ မနည်းဘူး''ဟု စင်ကာပူရှိမြန်မာနိုင်ငံသား ပီအာတစ်ဦးက ဆိုပါသည်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။