Home » » အမေဆိုတာ . . . မိခင်ဘ၀ပိုင်ဆိုင်ထားသော သရုပ်ဆောင်အချို့နှင့် တွေ့ဆုံခြင်း

အမေဆိုတာ . . . မိခင်ဘ၀ပိုင်ဆိုင်ထားသော သရုပ်ဆောင်အချို့နှင့် တွေ့ဆုံခြင်း

Written By နေဇော်လင်း1 on Thursday, May 6, 2010 | 6:08:00 AM


ထွန်းအိန္ဒြာဗို

အမေတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို တကယ်စပြီး နားလည် ခံစားတတ်လာတာက သားလေးကို ကိုယ်ဝန်စရှိတဲ့အချိန်မှာပါ။ သားလေးလား သမီးလေးလား မသိရခင်မှာဘဲ ကိုယ့်ရင်သွေးလေးအပေါ် ဖြစ်ပေါ်လာတဲ့ မေတ္တာတရားက အရမ်းထူးဆန်းပါတယ်။ တကယ်သားလေးကို မွေးဖွားပြီးတဲ့အချိန်မှာတော့ မိခင်တစ်ယောက်ရဲ့ မေတ္တာကို ပီပီပြင်ပြင် နားလည်ခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပေါ်တဲ့ ကြည်နူးမှုဆိုတာမျိုးကလည်း ဘာနဲ့မှနှိုင်းလို့မရပါဘူး။ မခိုင်သားကိုမွေးပြီးတဲ့အချိန်မှာ ကားရိုက်တွေနားပြီး သားလေးနားမှာ အချိန်ပေးနေဖြစ်တယ်။ အဲဒီတစ်ချိန်လုံးမှာ ခံစားရတဲ့ခံစားမှုက သိပ်ကို ကြီးမားပါတယ်။ ကိုယ့်ရင်သွေးလေးကို ချစ်မြတ်နိုးတဲ့စိတ်၊သူ့အတွက် အကောင်းတွေချည်းပဲ ပေးချင်တဲ့ စိတ်ဆိုတာမျိုးတွေ အပြည့်ပါပဲ။ အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်မှာလည်း သားအတွက်ကို အချိန်ပေးနိုင်အောင် အဓိကထား စဉ်းစားပါတယ်။ အရင်ကတစ်လကို သုံးကားလေးကားလောက် ရိုက်ခဲ့ပေမယ့် အခုချိန်မှာ တစ်လနှစ်ကားလောက်ပဲ ရိုက်ဖြစ်ပါတယ်။ ကျန်တဲ့အချိန်တွေ က သားအတွက် အချိန်ပေးဖြစ်တာ ပါပဲ။ အနုပညာရှင်မိခင်တစ်ယောက် ရဲ့ဘ၀က တကယ်တမ်းကျတော့ သိပ်မလွယ်ကူလှပါဘူး။ သားသမီး ဆိုတာမျိုးက အမေနဲ့အနီးကပ်နေရတာ မျိုးဖြစ်တာကြောင့် သူ့အတွက်အချိန် ပေးနိုင်အောင် ပထမစဉ်းစားရပါ တယ်။ အနုပညာရှင်တစ်ယောက်ရဲ့ သားအဖြစ် သားလေးနေတတ် အောင်လည်း ပြောပြလေ့ကျင့်ပေး ရပါတယ်။ ဒီလိုသားလေးအတွက် ချစ်ခြင်းမေတ္တာအကြောင်း စဉ်းစားမိတိုင်း မခိုင်အမေရဲ့မေတ္တာကို လေးစားမိပါတယ်။ အမေတွေ အားလုံးရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတရားကတော့ အတူတူပဲလို့ ထင်ပါတယ်။ သားကိုဘာဖြစ်စေချင် တယ်ဆိုတာမျိုးတော့ မသတ်မှတ်ထားပါဘူး။ သူဖြစ်ချင်တဲ့အပေါ် ကိုယ်က Train လုပ်ပေးသွားမယ် လို့ စိတ်ကူးထားပါတယ်။


ခိုင်သင်းကြည်

မခိုင်လေး အိမ်ထောင်ကျပြီး လို့ ကိုယ်ဝန်ရှိလာပြီလို့ သိလိုက်ရတဲ့ အချိန်မှာ မခိုင်လေးရဲ့အမေကို အရင်ဆုံး သတိရမိတယ်။ တကယ်တမ်း မွေးဖွားလိုက်လို့ သမီးလေးမျက်နှာ ကိုမြင်လိုက်ရတဲ့ ကြည်နူးမှုက ဘာနဲ့မှဖော်ပြလို့ မရပါဘူး။ ကိုယ့်ရင်သွေး လေးရှိလာပြီဆိုတဲ့စိတ်က အတိုင်းမသိကြည်နူးမှုကို ဖြစ်စေပါတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ့် အချိန်မှာလည်း အိမ်မှာထားခဲ့ရမယ့် သမီးလေးကို အရမ်းသနားမိတယ်။ စစချင်းပြန်လုပ်ခါစက စိတ်ထဲမှာ အိမ်ကိုပဲ သတိရနေတာပေါ့ နော်။ နောက်ပိုင်းကျတော့လည်း ဒီလိုပဲ အလုပ်ကို စိတ်နှစ်ပြီးပြန်လုပ်ရတာပါပဲ။ နောက်တော့ သမီးလေးလည်း သူ့ဘာသာသူနေသားကျ သွားတော့တယ်။ အနုပညာရှင်တစ်ယောက် ဖြစ်နေတဲ့အတွက် သာမန် အမေတစ်ယောက်လိုတော့ ကိုယ့်ရဲ့ သားသမီးကိုအချိန် အများကြီးပေး နိုင်ဖို့ဆိုတာ အရမ်းခဲယဉ်းပါတယ်။ ဒါပေမယ့် ဇာတ်ကားရိုက်တာကို တော့ နည်းနည်းညှိရတာပေါ့လေ။ နယ်မှာအကြာကြီး သွားရိုက်ရတာ မျိုးဆိုရင်တော့ နည်းနည်းစဉ်းစားရတာပေါ့။ သမီးအတွက်ကတော့ သီးသန့်အချိန်ပေးပါတယ်။ ကိုလွင်မိုးတို့ မခိုင်ကြီးတို့ မိသားစုတွေနဲ့ ခရီးအတူခရီးထွက်ပြီး လျောက် လည်တာမျိုးတွေ၊ သွားချင်တဲ့နေရာ လေးတွေကို လိုက်ပို့ပေးတာမျိုးတွေ လုပ်ပေးပါတယ်။ သမီးကလည်း နားလည်နေပြီဆိုတော့ အမေကိုမတွေ့ရင်လည်း အရမ်းကြီးဂျီကျနေတာမျိုးတွေ သိပ်မရှိတော့ပါဘူး။ တွေ့ရတဲ့အချိန်ကျမှသာ သူလုပ်ချင်တာလေးတွေကို ပြောပြဖြစ်ပါတယ်။ သမီးရဲ့အနာဂတ်ကိုတော့ ဘာဖြစ်ရမယ်ဆိုတာမျိုးကြီး မသတ်မှတ်ထားပါဘူး။ သူဖြစ်ချင်တဲ့အပေါ်မှာ control လိုက်လုပ်ပေးဖို့ပဲ ရည်ရွယ် ပါတယ်။ မိခင်တစ်ယောက်ရဲ့ဘ၀ ဆိုတာ ကိုယ်တကယ်မိခင်ဘ၀ဖြစ် ခွင့်ရတဲ့အချိန်ကျမှပဲ စာနာနားလည်တာပါ။

မေသန်းနု


မဆင့်သားလေးကို ကိုယ်ဝန်ရှိတဲ့အချိန်က သရုပ်ဆောင်အပိုင်းမှာ အရမ်းကို အရှိန်အဟုန်မြှင့်နေတဲ့ အချိန်ပေါ့။ မဆင့်ရဲ့မိတ်ဆွေအသိုင်း အ၀ိုင်းတချို့က ကလေးမွေးဖွားမယ့် အချိန်မှာ ပရိသတ်နဲ့အဆက်ပြတ် သွားမှာကိုစိုးရိမ်ကြတယ်။ ဒါပေမယ့် မဆင့် ကိုယ့်ရင်သွေးလေးကို လိုချင်တဲ့စိတ်တစ်ခုတည်းနဲ့ပဲ အနုပညာ အလုပ်တွေကို ခဏနားပြီးမွေးဖွား ဖြစ်ခဲ့တယ်။ တကယ်တမ်းသားလေး ကို မွေးဖွားလိုက်တဲ့အချိန်မှာတော့ အတိုင်းမသိ ကြည်နူးမှုကိုဖြစ်စေပါ တယ်။ သားလေးအပေါ်မှာထားတဲ့ မေတ္တာ၊စေတနာတွေကို ကိုယ်တိုင်သိ လိုက်ရတဲ့အချိန်မှာ ဘာနဲ့မှမတူပါ ဘူး။ အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်မှာလည်း သားဆိုတဲ့အင်အားနဲ့ အရင်ထက်ပိုပြီးကြိုးစားဖြစ် ပါတယ်။ သားအတွက် အချိန်ကတော့ ကားရိုက်နဲ့ညှိပြီး ပေးဖြစ်ပါ တယ်။ အထူးသဖြင့် သားနားလည် အောင်၊ သိသင့်သိထိုက်တာတွေ သိ အောင်ရှင်းပြပေးတယ်။ အနုပညာရှင်တစ်ယောက် ဖြစ်နေတဲ့အတွက် တခြားအမေတစ်ယောက်နဲ့တော့ တူမှာမဟုတ်ပါဘူး။ ကိုယ့်အနုပညာ အလုပ်တွေကို သားနားလည်အောင် အဓိကကြိုးစားရပါတယ်။ အခုချိန် မှာတော့ သားက နားလည်တဲ့သူ တစ်ယောက်ဖြစ်နေပြီမို့လို့ သိပ်အများကြီးတော့ ပြောနေစရာမလိုပါဘူး။ မိခင်တိုင်းမှာ တူညီတာတစ်ခုကတော့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာပါပဲ။

စိုးမြတ်နန္ဒာ

ဒါဒါ သားကို ကိုယ်ဝန်စရှိတဲ့ အချိန်မှာ မေမေ့ကိုအရင်ဆုံး သတိရပါတယ်။ ဒါဒါ့အမေလည်း ဒါဒါ့ကို အခုလိုပဲဒုက္ခခံပြီး မေတ္တာစိတ်အပြည့် အ၀နဲ့ မွေးဖွားခဲ့မှာပဲဆိုတဲ့ အသိနဲ့ပါ။ သားလေးမွေးပြီး အချိန်တော်တော် ကြာတဲ့အထိ ဇာတ်ကားမရိုက်ဖြစ်ခဲ့ ပါဘူး။ အဲဒါကလည်း သားလေးကို သနားတဲ့စိတ်ကြောင့်ပါ။ ဇာတ်ကား တွေပြန်ရိုက်ခါစတုန်းက သားလေး က နားမလည်လို့ ဂျီကျချင်ပေမယ့် အခုတော့ သူကိုယ်တိုင်ကိုက ဒါဒါ ရိုက်ကွင်းသွားမယ်ဆိုရင် ကြည်ကြည် ဖြူဖြူနဲ့ကို သွားခိုင်းတာမျိုးတွေဖြစ် လာပါပြီ။ ဒါဒါ့ဘ၀မှာ သားလေးရှိ လာတာ အင်အားတစ်ခုပါပဲ။ ရှုတင် ကပြန်လာပြီဆိုတာနဲ့ ကျန်တဲ့အချိန်တွေအားလုံးကို သားနဲ့ပဲအချိန်ကုန် တာပါပဲ။ ဒါဒါမိခင်တစ်ယောက် ဖြစ်ရတာဂုဏ်ယူပါတယ်။ သားအတွက် ဂုဏ်ယူရတဲ့ မိခင်တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားမှာပါ။

ရတနာခင်

သရုပ်ဆောင်အဖြစ်ကနေ အိမ်ထောင်ပြုပြီး ကိုယ်ဝန်ရှိလာတော့ သားလေးလား သမီးလေးလား မသိခင်မှာကိုပဲ ကြည်နူးစိတ်ဖြစ်မိပါ တယ်။ တကယ်တမ်း သားလေး မွေးဖွားလာတဲ့အချိန်မှာ အတိုင်းမသိ ၀မ်းသာကြည်နူးရတယ်။ ကားရိုက်တွေနားထားပြီး သားလေးနဲ့အတူ နေရတဲ့အချိန်တွေမှာလည်း မြတ်နိုးပါတယ်ဆိုတဲ့ အနုပညာအလုပ်တွေ ကိုမေ့နေတဲ့အထိ ကြည်နူးမှုဖြစ်ရ တယ်။ အနုပညာအလုပ်တွေ ပြန်လုပ်တော့လည်း သားအတွက်ကို ဦးစားပေး စဉ်းစားဖြစ်ပါတယ်။ ကားရိုက် ရှိပေမယ့် ကားရိုက်ပြီးသွားတာနဲ့ မိသားစုအတွက်ပဲ အချိန်ပေးဖြစ် ပါတယ်။ မိခင်တစ်ယောက်ဖြစ် လာတဲ့အချိန်မှာ ကိုယ်ဖြစ်ချင်တဲ့ သရုပ်ဆောင်ဆိုတဲ့ အတ္တကိုလျော့ပြီး သားသမီးအတွက် ပိုအချိန်ပေးရတာ မျိုးတွေရှိတယ်။ မိခင်တိုင်းကတော့ မိခင်စိတ် အပြည့်အ၀ရှိကြတဲ့သူတွေ ချည်းပါပဲ။ မိခင်တစ်ယောက်အနေနဲ့ သားသမီးတိုင်းကို အကောင်းဆုံး တွေပဲ ရယူပိုင်ဆိုင်စေချင်တဲ့ စေတနာ ရှိပါတယ်။ သားလေးကို ဘာဖြစ်ရမယ်ဆိုတာတွေထက် သူဘာလုပ်ချင်တာလဲဆိုတာကို စောင့်ကြည့်ပြီး ထိန်းပေးရမှာပါ။


မေကဗျာ

အိဘုတ်ကိုယ်ဝန်ရှိတော့ ငယ်ငယ်ပဲရှိသေးတဲ့အခါကျတော့ အရမ်း ကြီးကြောက်ရလန့်ရမှန်း သိပ်မသိဘူး။ ဗိုက်ပူမ ဇာတ်ကားကိုကိုယ်ဝန် အစစ်နဲ့ သရုပ်ဆောင်ရမယ်ဆိုတော့ လည်း ကိုယ်လုပ်ချင်တာပဲရှိတာလေ။ ကလေးကိုထိခိုက်နိုင်လား ဘာညာဆိုတာတွေ မစဉ်းစားမိဘူး။ ဒါပေမယ့် အဲဒီအချိန်ကတည်းကကို မိခင်တစ်ယောက်ရဲ့မေတ္တာကို ခံစား နားလည်နေပြီလို့ ဆိုရမှာပေါ့။ ဗိုက်ပူမဇာတ်ကား တကယ်တမ်းထွက်တော့ အဲဒီကားလေးက ပရိသတ်တွေကြားမှာ အောင်မြင်သွားတာ အမှတ်တရပေါ့။ သမီးလေးကို မွေး ပြီးလို့ စပြီးတွေ့လိုက်ရတဲ့အချိန်မှာ ရင်ထဲမှာ ထူးထူးခြားခြားအေးချမ်း မှုကို ခံစားလိုက်ရတယ်။ ဒါကြောင့်လည်း ဂင်္ဂါမေဆိုတဲ့ နာမည်လေး ပေးဖြစ်တာ။ မိခင်တစ်ယောက်ဖြစ် လာတဲ့အချိန်မှာ သမီးအတွက်ဆိုတာမျိုးကို ဘာပဲလုပ်လုပ် ထည့်စဉ်းစား ဖြစ်တယ်။ အနုပညာအလုပ်တွေကို အရမ်းမြတ်နိုးသလို လောဘလည်း အရမ်းကြီးတဲ့အခါကျတော့ သမီးလေးအတွက်ကို အချိန်အများကြီး မပေးနိုင်မှာစိုးရိမ်မိတယ်။ ဒါကြောင့် ကားရိုက်နဲ့သမီးလေးအတွက် အချိန် ကိုအမြဲညှိပါတယ်။ အစကတော့ သမီးလေးက အမေကိုမတွေ့ရလို့ ဂျီကျနေပေမယ့် အခုနောက်ပိုင်း ကျတော့ သူ့ဘာသာပဲ အိမ်မှာပျော်နေပါပြီ။ အိဘုတ်အားတဲ့ အချိန်ကျရင်တော့ သမီးလေးသွားချင်တဲ့နေရာတွေ လိုက်ပို့တာတို့၊ မိသားစုအိမ်မှာ ပျော်ပျော်ပါးပါး မုန့်လုပ်စားတာတို့ လုပ်ဖြစ်ပါတယ်။ အိဘုတ်သမီးလေးကို အများကြီးထိန်းချုပ်တာတွေ၊ ချုပ်ကိုင်တာတွေ မလုပ်ချင်ပါ ဘူး။ သမီးဖြစ်ချင်တာလေးကို ဖြည်းဖြည်းချင်း ပုံဖော်သွားမယ်လို့ပဲ စိတ် ကူးပါတယ်။ သမီးလေးကို ပိုင်ဆိုင်ပြီးတဲ့အချိန်ကျမှ အိဘုတ်ကိုလည်း အမေက သိပ်ချစ်မှာပါလားဆိုတာမျိုး တွေးမိတယ်။ ကိုယ်တိုင်မိခင် ဘ၀ရောက်မှ မိခင်မေတ္တာကို နားလည်ပါလားဆိုတာ သိရပါတယ်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။