Home » , » လွဲမှားတဲ့မိုး (ချစ်သူဖတ်ဖို့ ကဗျာလက်ဆောင်)

လွဲမှားတဲ့မိုး (ချစ်သူဖတ်ဖို့ ကဗျာလက်ဆောင်)

Written By နေဇော်လင်း1 on Monday, February 13, 2012 | 11:30:00 PM

http://i6.tagstat.com/tags6/0E0/0E01nqH1P.gif
တိမ်တွေငိုနေတယ်ချစ်သူ

ငါ့ရဲ့ရင်ထဲက

ကွဲအက်ကြေမွနေတဲ့

နှလုံးသားလေးနဲ့ အတူပေါ့

မိုးတွေရွှာနေချိန်လေးမှာ

စခဲ့တဲ့ တိုနှစ်ယောက်ရဲ့

ချစ်ဇတ်လမ်းလေးဟာတစ်ဗုဒ်ဟာ

မိုးစက်လေးတွေကြားမှာပဲ

အဆုံးသတ်ရတော့မှာလား ...

မဖြစ်နိုင်တော့တဲ့ ဘဝနှစ်ခု

အခက်အခဲအတားအဆီးတွေ

များလွန်းလှတဲ့ဘဝနှစ်ခု

တို့နှစ်ယောက်ရဲ့

ချစ်ဇတ်လမ်းလေး

အဆုံးသတ်ရတော့မှာလား ...

ဇတ်လမ်းမှန်ရင်တော့

အဆုံးသတ်ဆိုတာ

ရှိစမြဲပေါ့ချစ်သူ

တိုနှစ်ယောက်ရဲ့

ဇတ်လမ်းလေးပာာ

ပျော်ရွှင်မှုတွေနဲ့

မဆုံးမသတ်ခဲ့ပေမဲ့

အမုန်းတွေမပါ ...

တစ်ယောက်အပေါ် တစ်ယောက်

နားလည်မှုတွေ ကိုယ်စီနဲ့သာ

အဆုံးသတ်ခဲ့တာမို့

တစ်မျိုးတော့ ကြည်နူးမိပါရဲ့

ဒါ ပေ မဲ့ ......

ငါ့ရင်ထဲကဘယ်သူမှမမြင်နိုင်တဲ့

ငါ့နှလုံးသားလေးကတော့

ကွဲအက်ကြေမွနေလေရဲ့

လူမသိသူမသိနဲ့

တိတ်တိတ်လေးငိုကြွေးနေလေရဲ့

ရွာနေတဲ့ မိုးစက်လေးတွေအကြား

တိမ်ညိုတွေနဲ့ အတူပေါ့

သေ ချာ ပါ တယ်ချစ်သူ

တိမ်တွေညိုတိုင်း

ငါ ငိုမိဦးမှာ

မိုးစက်လေးတွေပြေးတိုင်း

ငါ လွမ်းမောစွာ ငေးမိဦးမှာပါ။

နူတ်ဆက်ပါတယ် ချစ်သူရယ် ....

မင်းရဲ့ဘဝလေး

သာယာပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့သာ

ဆု တောင်း ပေး လျှက် .....

နေဇော်လင်း
14. 2. 2012

Share this article :

4 comments:

သမီးကြီး said...

အေးအေးချမ်းချမ်းချစ်တတ်တဲ့ သူအတွက် ပျော်ရွှင်ချမ်းမြေ့တဲ့မိုး ရှိလာမှာပါ။ ရင်နဲ့ရေးထားတဲ့ကဗျာလေးမို့ အရမ်းကောင်းပါတယ်။

Free Online Radio Media

နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။