Home » » မေးခွန်းလေးတွေ ဖြေကြမယ် (တွေးကြည့်ဖြေကြည့်)

မေးခွန်းလေးတွေ ဖြေကြမယ် (တွေးကြည့်ဖြေကြည့်)

Written By နေဇော်လင်း1 on Sunday, May 2, 2010 | 7:10:00 PM



ဥာဏ်စမ်းလေးတွေပါ ဖြေကြည့်ကြနော်အားလပ်တဲ့အချိန်လေးတွေမှာပေါ့

သယ်ရင်းတို့ရေ ......
သယ်ရင်းတို. အောက်မှာ ပါတဲ့ I.Q မေးခွန်း လေးတွေကို အချိန်ယူစဉ်းစား မနေပဲ ဖြေကြည့်ကြရအောင်လား...အလုပ်တွေနဲ့ ရူပ်ထွေးပြီးမွန်းကျပ်နေတဲ့ တို.တွေ ဘ၀မှာ ခဏပဲဖြစ်ဖြစ်ပေါ့ စိတ်ထွက်ပေါက်လေး ပေးကြည့်ရအောင် အရေးကြီးတာက ရိုးရိုးသားသား နဲ့ဖြေဖို.ပါပဲ ကဲစလိုက်ရအောင် .....

ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of Science
ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။

မေးခွန်း ၁

အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?

လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်... တို့အားလုံးမှာ ဟားဗတ် တက်နိုင်တဲ့ အရည်အချင်းရှိကြပါတယ်။


မေးခွန်း ၂

ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။
ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။
၁၅ ကျပ်ဖိုး ၀ယ်တယ် ဆိုပါစို့။
စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ?

က) ၀ လုံး
ခ) ၁၅ လုံး
ဂ) ၂၀ လုံး
ဃ) ၂၁ လုံး
င) ၂၂ လုံး

မေးခွန်း ၃

တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။ ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။

အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ?

မေးခွန်း ၎

(၁) အပြေးပြိုင်ပွဲမှာ ခင်ဗျားဝင်ပြိုင်တယ် ဒုတိယနေရာကလိုက်နေတဲ့သူကို ခင်ဗျားကျော်တက်တယ်..။
ကိုင်း...အခုခင်ဗျား ဘယ်နေရာကပြေးနေတယ်ထင်လဲ...။

(၂)နောက်ဆုံးကလိုက်နေတဲ့သူကိုခင်ဗျားကျော်တက်လိုက်တယ်ခုခင်ဗျားဘယ်နေရာက ပြေးနေမယ်ထင်လဲ...။

နောက်မေးခွန်းတစ်ခု ထပ်စမ်းကြည့်ရအောင်လား ဘာမှမရေးပါနဲ့ ဂဏန်းပေါင်းစက်ကိုလဲ မသုံးပါနဲ့ နောက်ပြီး အမြန်ဆုံးဖြေရမယ်ဆိုတာကိုလဲ မမေ့ပါနဲ့...။ အိုကေပြီဆိုရင် စပြီ .....

(၃)၁၀၀၀ကိုယူလိုက် ၊၄၀ပေါင်း၊နောက်ထပ် ၁၀၀၀ထပ်ပေါင်း နောက် ၃၀ပေါင်း နောက်ထပ် ၁၀၀၀ ပေါင်းထည့်လိုက် ပြီးရင် အပေါင်း ၂၀၊အပေါင်း ၁၀၀၀၊ပြီးရင် အပေါင်း ၁၀ စုစုပေါင်း ဘယ်လောက်ရလဲ...။

မေးခွန်း ၅

(၄) မမြင့်ရီရဲ့ အဖေမှာ သမီးကြီးပဲငါးယောက်ရှိတယ် (၁)ချာချာ (၂)ချယ်ချယ် (၃)ချီချီ (၄)ချိုချို တဲ့....။ ကိုင်းမေးခွန်းက ငါးယောက်မြောက်သမီးရဲ့ နာမည်က ဘယ်လိုမျိုးဖြစ်နိုင်မယ်ထင်လဲ..။

မေးခွန်း ၆

၁။ ၁၂လ ရှိတဲ့အထဲမှာ လူတွေစကားအနည်းဆုံးပြောတဲ့လက ဘယ်လလဲ။

၂။ ခြေထောက်လေးချောင်း ရှိတာတောင် လမ်းမလျှောက် နိုင်တာ ဘာလဲ။

၃။ ဘ၀မှာ အတက်အကျအများဆုံး သူဟာ ဘယ်သူလဲ။

၎။ သူ့ကို ကြိုးချည်လိုက်တဲ့အခါ ပြေးပေမယ့် ကြိုးဖြေပေးလိုက်တာမှ
အသေကြီးရပ်နေတာ ဘာလဲ။

၅။ ဒီဇင်ဘာလ ကလွဲရင် ကျန်တဲ့ လ တွေမှာ မရှိတဲ့ အရာက ဘာလဲ။

၆။ ၁၀ နဲ့၁၀ ပေါင်းတာတောင် ၁၀ ပဲပြန်ရတာ ဘယ်အခါမှာလဲ။

၇။ သူက တစ်လက်မပဲရှိပေမယ့် သူ့အမြီးက တစ်မိုင်လောက် ရှည်နိုင်တာဘာလဲ။

၈။ ကြာလာလေလေ အရပ်ပုလာလေလေ အဲဒါဘာလဲ။

၉။ ညမြင်နေ့ပျောက်ဆိုတဲ့အရာက ဘာလဲ။

၁၀။ သင်တစ်ဦးတည်း ပိုင်ဆိုင်သော အရာ ဖြစ်သော်လည်း သင်၏ မိတ်ဆွေ သူငယ်ချင်း
များကသာ အများဆုံး အသုံးပြုသော အရာကား အဘယ်နည်း။

မေးခွန်လေးတွေက ဒီလောက်ပါပဲ ..... အဖြေလေးတွေကို စဉ်းစားကြည့်ပါနော်... သယ်ရင်းတို့ သိပြီးသားလေးတွေလည်းဖြစ်ရင်ဖြစ်မှာပါဘာပဲဖြစ်ဖြစ် .... ပျော်ရွှင်ပါစေ ....

ပျော်စရာလေး ဖြစ်အောင်လို့ သူငယ်ချင်း ဖြိုးသူရ ပေးပို့လာသောမေးမှ ပြန်လည်မျှဝေပါသည်။
Share this article :

2 comments:

ကိုကိုးအိမ် said...

ချစ်ကိုကြီးရေ တစ်ချို့မေးခွန်းတွေဖတ်တတ်ဘူး ဖြေပြဦးလေ အိပ်မနေနဲ့တော့နော် ထထ
ထမင်းလည်းဝါးခွံ့ဦးနော်

ချစ်ညီ
ကိုကိုးအိမ်

Anonymous said...

မေးခွန်း(၁)၃၁၂၅ (၂)၂၂ (၃)မျက်စိမမြင်ပါဘူးဆိုမှပဲ။ (၄) ၁-ပြေးလမ်းပေါ်က(ဒုတိယ) ၂-ပြေးလမ်းပေါ်မှာ(ပထမ) ၃-၄၁၀၀ (၅)မမြင့်ရီ (၆)၁-ဆောင်းရာသီထဲကတစ်လလဖြစ်မှာပေါ့။အနော်ကတော့ကွေးလို့ ၂-အဲဒီခွေးပေါ့ခုနကကားတိုက်သွားတာ၃-ဓါတ်လှေကား ၄-?(sorry)၅-ဒီဇင်ဘာ၆-၇-၈-၉-၁၀-မေ့သွားပြီ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။