Home » » ဝေးနေတဲ့နေ့ရက်များ

ဝေးနေတဲ့နေ့ရက်များ

Written By နေဇော်လင်း1 on Saturday, May 1, 2010 | 3:35:00 PM



ကောင်းကင်ပေါ်မှာ
ကြယ်တွေမစုံတဲ့ ညလေးတစ်ညမှာ

လေပြေတွေဟာတိတ်ဆိတ်လို့နေတယ်
ကြွေသောပန်းကလေးတွေ
မြေပြင်မှာမွှေးပြန့်ကြွေကျနေလေရဲ့

တစ်ယောက်တည်းဆွေးရင်း
မသေချာသေးတဲ့
ကိုတို့နှစ်ယောက်ရဲ့
အချစ်အိမ်လေးကို
အတွေးထဲက

စိတ်ကူးပုံဖော်နေရင်းနဲ့ပေါ့
နိဂုံးမှာတော့မင်းကို
ကိုယ်လွမ်းရတော့မယ်ဆိုတာ
ကိုယ်အလိုလိုသိနေမိတယ်
ချစ်သူရယ်။



ကြယ်ရောင်စုံထွန်းလင်းတဲ့
ညနက်ထဲမှာ
များတကာအိပ်မောကျ
ညတစ်ညရဲ့ 
အလှလည်းမသိနိုင်
တစ်ယောက်တည်း

ထိုင်ကာတွေး
ကိုယ်တို့ နှစ်ယောက်ရဲ့ 
အနာဂတ်ရှေ့ ရေးလေ။

သတိရ
လွမ်းဆွတ်
တမ်းတ
မျှော်လင့်သမျှတွေ
အရာရာတွေနဲ့
ကံကြမ္မာရယ်

ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆိုရင်
ကိုယ်တို့ 
နှစ်ယောက်အတွက်
ပျှော်ရွှင်ချမ်းမြေ့ စရာကောင်းတဲ့ 

ဘဝလေးတခု
အမြန်ဆုံး
ချစ်သူလေးနဲ့
အတူတွေ့နိုင်
ပိုင်ဆိုင်နိုင်ပါစေလို့ 
အကြိမ်ကြိမ်

ရင်ထဲနှလုံးသားထဲက
ဦးညွတ်ဆုတောင်းရင်း

မျှော် လင့်နေ မိ တယ် ချစ် သူ လေး ရယ် ............

ဒီကဗျာလေးက ကျွန်တော်ရဲ့ သူငယ်ချင်း ဇံယောဒီ နဲ့ ကျွန်တော်နဲ့ စိတ်ကူးထဲက
အတွေးလေးတွေကို ရေးထားတာလေးပါ ခင်ဗျား။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။