Home » » နေထိုင်တတ်ဖို့ 5

နေထိုင်တတ်ဖို့ 5

Written By နေဇော်လင်း1 on Tuesday, May 18, 2010 | 8:47:00 PM



မိမိပတ်ဝန်းကျင်နဲ့ လူအများနဲ့အဆင်ပြေစေဖို့ဆိုတာ နေထိုင်တတ်ဖို့လည်းအရေးကြီးပါတယ်။

နေထိုင်တယ် ဆိုတဲ့စကားဟာ သူများနဲ့ တြွဲ့ပီးလုပ် တွဲပြီးနေရတာပါ။ဒါကြောင့်နေထိုင်တဲ့

အချိန်လေးမှာ တစ်ယောက်ကိုတစ်ယောက်ရိုင်းပင်းကူညီ နေထိုင်တတ်ဖို့လိုအပ်ပါတယ်။


လူအများနဲ့ နေထိုင်ပြော ဆိုတာဟာ

တကယ်တော့ လွယ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး ။ " လူအမျိုးမျိုး စိတ်အထွေထွေ "

ဆိုတဲ့ စကားလေးအတိုင်း တစ်ယောက်ကောင်းနဲ့ တစ်ယောက်မတူသလို တစ်ယောက်ကြိုက်

တာနဲ့တစ်ယောက်မတူကြပါဘူး ။ မတူတာတွေ ကတော့များပါတယ်ဗျ ဒီနေရာမှာတစ်ယောက်

နဲ့တစ်ယောက်ပေါင်းသင်း ဆက်ဆံ နေထိုင်တယ် ဆိုတော့နေထိုင်တတ်ဖို့ လည်းအဓိကလိုအပ်

တာပေါ့ဗျ။တစ်ယောက်နဲ့တစ်ယောက်( လူအများနဲ့ )တတ်နိုင်သလောက်သည်းခံနားလည်မှုများ

စွာနဲ့နေထိုင်ပြောဆိုဆက်ဆံတတ်ရမှာပါ။ လူအများနဲ့ နေထိုင်ရတဲ့ အချိန်မှာ မိမိကလည်းတတ်

နိုင်သလောက်ကူညီဖို့ ပြောပြဖို့လုပ်ကိုင်တတ်ဖို့ နေထိုင်တတ်ဖို့ မိမိသိသလောက် မိမိတတ်သ

လောက် ပြောဆိုကူညီပေး ရမှာပါ။မိမိရဲ့ စိတ်ထဲမှာ ငါနေတာမှန်တယ် ငါလုပ်တာမှန်တယ်ငါဘယ်

သူ့ကိုမှဂရုစိုက်စရာ မလိုဘူးလို့ စိတ်ထဲမှာ မထားရဘူး။ လူတစ်ယောက်ကောင်းဖို့ ဆိုတာပတ်

ဝန်းကျင် လူအများနဲ့နေထိုင် ပြောဆိုတတ်မှ လူတော် လူကောင်း လေးတွေဖြစ်ပြီး အရာရာမှာ

အဆင်ပြေတဲ့လူအောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါကြောင်း ကျွန်တော်ရဲ့ အတွေး

အခေါ်လေးနဲ့အတွေ့အကြုံလေးကို မျှဝေပါရစေဗျ ….

အားလုံး ကံကောင်းမှု များနဲ့ အတူ အဆင်ပြေအောင်မြင်ကြပါစေ။
နေဇော်လင်း
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။