Home » » အလုပ်ဆိုအကြွေးမထားလေနှင့် 3

အလုပ်ဆိုအကြွေးမထားလေနှင့် 3

Written By နေဇော်လင်း1 on Thursday, May 13, 2010 | 9:51:00 PM



လူတစ်ယောက်တိုးတက်ဖို့အောင်မြင်ဖို့ အဆင်ပြေဖို့

ငွေရှိပြီး ချမ်းသာဖို့အတွက် လူတန်းစေ့ နေထိုင်နိုင် ရပ်တည်နိုင်ဖို့အတွက်

အလုပ်လုပ်ရမည်။အလုပ်လုပ်မှ သင့်အတွက် တိုးတက်မှုအောင်မြင်မှုများ

ရရှိလာမည်။အလုပ်နဲ့ပက်သက်ပြီးတော့ အားလုံးဟာအလုပ်တော့လုပ်နေကြ

တာပဲ။ ဒါပေမဲ့သေချာတာနဲ့မသေချာတာပဲ ကွာတာပေါ့ဗျ နောက်အလုပ်

တစ်ခုကိုလက်ငင်းလုပ်တာနဲ့အကြွေးထားတတ်တဲ့ လူတွေလည်းရှိပါတယ်။



လုပ်တော့လုပ်နေကြတာပါပဲ့ ကောင်းတာနဲ့ဆိုးတာ ဒီလောက်ပဲ ကွာတာပေါ့ဗျ

အလုပ်နဲ့ပက်သက်ပြီး အကြွေးမထားသူအဖို့ တစ်ခုလာတစ်ခုရှင်း ဆိုတော့ စိတ်

ညစ်မှုတွေစိတ်အလိုမကျမှုတွေ မဖြစ်တော့ဘူးပေါ့။ နောက် အခုစဉ်းစား အခုထ

လုပ်တယ် အခုပေါ်အခုလုပ်တယ်ဆိုတော့ဗျ။ အတွေးကောင်းလေးတွေ

ကိုယ်ရဲ့စိတ်ကူးလေးတွေ ကိုယ့်ရဲ့အတွေးခေါ်လေးတွေ ပိုပြီးတိုးတာပေါ့ဗျ။

အဲ နောက်မှလုပ်တတ်တဲ့ အလုပ်အကြွေးရှိတဲ့ လူတွေကြတော့ မေ့နေတာတို့

စိတ်ညစ်နေတာတို့ အမြဲတမ်းခေါင်းရှုပ်ပြီး စိတ်အလိုမကျပဲနဲ့ ဒေါသဖြစ်နေရတာတို့

ဒါတွေအားလုံးဟာ အလုပ်ကိုအကြွေးထားတတ်တဲ့ လူတွေရဲ့ရလဒ်တွေပါပဲ။

အသေးအဖွဲ့ဟူသည် မရှိအလေးအနက်ထားရမည်။ ဆိုတဲ့စကားအတိုင်း ဘာပဲဖြစ်ဖြစ်

ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် မထားသင့်ပေ။ တကယ်တော့ အသေးဖွဲ့လေးလို့ထင်ထား

တဲ့ကိစ္စလေးတစ်ခုဟာ ကြီးသွားတတ်တာ ဒါဟာ သာဘာဝတစ်ခုပဲ။ နောက် ဒါလေးကတော့

အသေးစားလေးပါကွ လို့ ပြောတတ်တဲ့လူတွေဟာ အမြဲတမ်းခေါင်းရှပ်နေရလိမ့်မယ်။

ဒါကြောင့် သင့်ရဲ့ဘဝမှာ စိတ်ချမ်းသာမှု အောင်မြင်မှု တွေ ရှိချင်ရင် လိုချင်ရင်တော့

အလုပ်ဆိုကြီးကြီးသေးသေး အကြွေးမထားနဲ့လို့သာ အကြံပေးရင်းပြောပါရစေဗျ။

ကဲ့ .... ဆက် တွေး ကြ ရ အောင် ပါ။

နေဇော်လင်း
Share this article :

1 comments:

မဗေဒါ said...

ဟာာာာာာာာာလို........

အယ်မလေး အလုပ်ဆို ဘာအကြွေးမှမထားဘူး..။

အကုန်လုံး လုပ်ချင်တာပါ.. ဒါပေမယ့် အလုပ် .....ရှာာာာာာာနေတုန်း..။

ငွေမရေတဲ့ အလုပ်တွေဆိုလည်း နေ့တိုင်း ရေးနေတာသာကြည့်.. ။

ကျန်အိမ်အလုပ်တွေတော့ နဲနဲပျင်းတယ်.. ဒါပေမယ့်လည်း လုပ်နေရဆဲပါ..။ မသန့်ရင် မနေတက်လို့ .. ကဲ မကောင်းပေဘူးလား.. နားထောင်ပါတယ်..။

မဗေဒါ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။