Home » » ပြည်ပမှအလုပ်ခေါ်စာများ စွာ ရရှိလာသော်လည်း စိတ်ဝင်စားသူနည်းပါးနေပြီး ဒူဘိုင်းသို့သွားရောက် လုပ်ကိုင်လိုသူမှာ သိသိသာသာလျော့နည်းလာ

ပြည်ပမှအလုပ်ခေါ်စာများ စွာ ရရှိလာသော်လည်း စိတ်ဝင်စားသူနည်းပါးနေပြီး ဒူဘိုင်းသို့သွားရောက် လုပ်ကိုင်လိုသူမှာ သိသိသာသာလျော့နည်းလာ

Written By နေဇော်လင်း1 on Sunday, April 25, 2010 | 9:02:00 PM



ဒူဘိုင်းမြို့မြင်ကွင်းအားတွေ့ရစဉ်

ပြည်ပမှ အလုပ်ခေါ်စာ များစွာ ရရှိလာသော်လည်း စိတ်ဝင်စားသူ နည်းပါးနေပြီး ယင်းပြည်ပအလုပ် ခေါ်စာများမှ ဒူဘိုင်းသို့ သွားရောက် လုပ်ကိုင်လိုသူမှာ သိသိသာလျော့ နည်းလျက်ရှိကြောင်း ပြည်ပအလုပ် ရှာဖွေရေးအေဂျင်စီအချို့ထံမှ စုံစမ်း သိရှိရပါသည်။

၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်း ကမ္ဘာ့ စီးပွားရေးပျက်ကပ် ကြုံတွေ့ရစဉ်မှ စတင်ကာ ပြည်ပသို့ သွားရောက်လုပ်ကိုင်သူများ ပြန်လာရခြင်း၊ ပြည်ပအလုပ်ခေါ်စာရရှိမှု နည်းပါးသွားခြင်း များကြောင့် ပြည်ပထွက်ခွာအလုပ် လုပ်ကိုင်လိုသူများ နည်းပါးသွားခဲ့ ကြောင်း သိရသည်။

ထို့နောက် ၂၀၀၉ ခုနှစ် နှစ်ကုန် ၀န်းကျင်ခန့်တွင် ကမ္ဘာ့စီးပွားရေးမှာ ပြန်လည်ကောင်းမွန်သည့် အနေအထားနီးပါးသို့ရောက်ရှိခဲ့ပြီး ပြည်ပ မှ အလုပ်ခေါ်စာများလည်း ရရှိလာခဲ့ သည်။ သို့သော် ယင်းကဲ့သို့ ပြည်ပ မှ အလုပ်ခေါ်စာများ ပြန်လည်ရရှိ လာခဲ့သော်လည်း အဆိုပါအလုပ် အကိုင်များကို စိတ်ဝင်စားမှု နည်း ပါးသွားပြီး အထူးသဖြင့် ဒူဘိုင်းသို့ သွားရောက်လုပ်ကိုင်လိုသူမှာ သိသာ စွာလျော့နည်းသွားကြောင်းသိရသည်။



''ပြည်ပက အလုပ်ခေါ်စာတွေ ပြန်ရလာပေမယ့် ၂၀၀၆၊ ၂၀၀၇ ခုနှစ်တွေ တုန်းကလို သိပ်ပြီးအလုပ် မဖြစ်တော့ပါဘူး။ အခု စင်ကာပူနဲ့ မလေးရှားကခေါ်တဲ့ အလုပ်တွေမှာတော့ စိတ်ဝင်တစားနဲ့လာပြီး လျောက်ကြတာတွေ ရှိနေသေးပေမယ့် ဒူဘိုင်း ကတော့ စိတ်ဝင်စားသူ တော်တော် နည်းသွားတယ်။ ဟိုတလောက ဒူဘိုင်းအလုပ်ခေါ်စာအတွက် ဂျာနယ်တွေထဲမှာ အကြီးအကျယ်ကြော်ငြာ ခဲ့ပေမယ့် စိတ်ဝင်စားပြီး လာမေးတဲ့ သူ သုံးလေးယောက်လောက်ပဲ ရှိခဲ့ တယ်'' ဟု လူ့စွမ်းအားအရင်းအမြစ် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။

အလုပ်အကိုင် ရှာဖွေရေးအေ ဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လည်း ''အခုအချိန်မှာ အရမ်းအကောင်းကြီး မဟုတ်သေးပါဘူး။သွားတဲ့သူနည်းသွားတယ်။ လူငယ်တော် တော်များများလည်း သင်္ဘောသားပဲ လုပ်ချင်နေကြတယ်''ဟု ဆိုသည်။

ဒူဘိုင်းသို့ သွားရောက်လုပ်ကိုင် လိုသူများ သိသိသာသာလျော့နည်း သွားရခြင်းအကြောင်းရင်းတွင် ရာသီဥတုအနေအထား၊ လုံခြုံစိတ်ချရမှု၊ အလုပ်ခေါ်ယူသည့် သတ်မှတ်ချက် နှင့်ပေးသည့်လစာမမျတမှုများလည်း အဓိကပါဝင်နေကြောင်း သိရသည်။
ဒူဘိုင်း ကတော့ စိတ်ဝင်စားသူ တော်တော် နည်းသွားတယ်။ ဟိုတလောက ဒူဘိုင်းအလုပ်ခေါ်စာအတွက် ဂျာနယ်တွေထဲမှာ အကြီးအကျယ်ကြော်ငြာခဲ့ပေမယ့် စိတ်ဝင်စားပြီး လာမေးတဲ့ သူ သုံးလေးယောက်လောက်ပဲ ရှိခဲ့ တယ်။

''သူတို့က အလုပ်ခေါ်ပြီဆိုရင် waiter ၊ waiteress ကအစ အင်္ဂလိပ် စာ high level ဖြစ်နေရမယ်။ လုပ်ငန်းအတွေ့အကြုံကလည်း အနည်း ဆုံး လေးနှစ်၊ ငါးနှစ်ရှိရမယ်။ ပေးတဲ့လစာကတော့ နည်းတယ်။ ဒီတော့ သိပ်စိတ်မ၀င်စားတော့ဘူး။ တချို့ ကုမ္ပဏီတွေကြတော့လည်း လစာကောင်းပါတယ်။ ဒါပေမယ့် သူတို့က ၀န်ထမ်းအယောက် တစ်ရာ ခေါ် မယ်ဆိုပြီး ၂၀ လောက်ပဲ ခေါ်သွား တယ်။ အင်တာဗျူးကျတဲ့သူတွေက လည်း နောက်ထပ် မဖြေကြတော့ဘူး။ ပြီးတော့ သူတို့ခေါ်တဲ့ အလုပ် နဲ့ တကယ်လုပ်ရတဲ့အလုပ် မတူတာ တွေရှိလာတော့ မယုံကြည်ကြတော့ဘူး''ဟု အလုပ်ရှာဖွေနေသူ လူငယ် တစ်ဦးက ရှင်းပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ကြယ်လေးပွင့်အဆင့်ရှိသော ဟိုတယ်တစ် ခုတွင် လက်ရှိအလုပ်လုပ်ကိုင်နေသူ အမျိုးသမီးငယ်တစ်ဦးကလည်း ''အရင် က ဒီဟိုတယ်မှာ အလုပ်အတွေ့အကြုံကိုယူပြီး ဒူဘိုင်းမှာ အလုပ်သွား လုပ်ဖို့ စီစဉ်ထားတာပါ။ ဟိုမှာ အဆင်ပြေနေတဲ့ သူငယ်ချင်းတွေ လည်း ရှိနေကြပါတယ်။ ဒါပေမယ့် အိမ်ကခွင့်မပြုတာရယ်၊ ကိုယ့် ယဉ်ကျေးမှုနဲ့ တအားကွာတဲ့ နိုင်ငံမှာ တစ်ယောက်ထဲ သွားအလုပ်မလုပ်ချင် တော့တာရယ်ကြောင့် မသွား တော့ပါဘူး။ တခြားနိုင်ငံကို ပြောင်း ပြီး ကြိုးစားကြည့်ပါဦးမယ်''ဟု သူမ ၏အမြင်ကို ပြောပြခဲ့သည်။

Royal Four Sea မှတာဝန်ရှိ သူက ''ဒူဘိုင်းက အလုပ်ခေါ်ရင် မြန်မာ၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယတွေ ကို ခေါ်တာများပါတယ်။ ခေါ်ရင် လည်း professional ခေါ်တာများ တယ်။ အခုခေါ်စာတွေ ရောက်တယ်၊ လာလျောက်တဲ့သူနည်းတယ်။ မသွားဘဲမသွားကြတာလား၊ ခေါ်တဲ့ အလုပ်မှာ ကျွမ်းကျင်တဲ့သူတွေနည်း သွားလို့လားတော့ မပြောတတ်ဘူး'' ဟု ဖြည့်စွက်ပြောပြခဲ့သည်။

ဒူဘိုင်းသို့ အလုပ်သွားရောက် လုပ်ကိုင်သူအများစုတွင် ဟိုတယ် ၀န်ဆောင်မှုပိုင်းဖြင့် သွားရောက်လုပ်ကိုင်သူများဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းပိုင်းဖြင့် သွားရောက်သူ များလည်းရှိကြောင်း သိရသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။