Home » » ပုလဲဝင်းနှင့် တွေ့ဆုံခြင်း 'ကောင်းသော နာမည်ကြီးခြင်းမျိုးနဲ့ပဲ နာမည်ကြီးချင်ပါတယ်

ပုလဲဝင်းနှင့် တွေ့ဆုံခြင်း 'ကောင်းသော နာမည်ကြီးခြင်းမျိုးနဲ့ပဲ နာမည်ကြီးချင်ပါတယ်

Written By နေဇော်လင်း1 on Sunday, April 25, 2010 | 8:49:00 PM



ပုလဲဝင်း ဖြတ်သန်းခဲ့တဲ့ အနုပညာခရီးက ရှစ်နှစ်ဝန်းကျင်ရှိခဲ့ပါပြီ။ ပရိသတ်ရင်ထဲကို ခြေလှမ်းမှန်မှန်နဲ့ အရောက်လှမ်းနေသူပါ။ ကျရာဇာတ်ရုပ်ကနေ အပီပြင်ဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ နှစ်ခုမှာလည်း အကယ်ဒမီရွှေစင်ရုပ်ထု ပိုင်ဆိုင်ခွင့်ရနိုင်တယ်လို့ မှတ်ချက်ပြုခြင်းခံခဲ့ရသူပါ။ ရိုးသားမှုနဲ့ ကြိုးစားမှုကို အရင်းတည်ပြီး အနုပညာခရီးကို လျောက်လှမ်းနေသူ ပုလဲဝင်းက ယခုနှစ်အတွင်းမှာတော့ နယ်ပရိသတ်တွေနဲ့ ထိတွေ့မှုများ နေပြီး တေးစီးရီးတစ်ခုမှာလည်း သီချင်းဆိုဖို့ပြင်ဆင်နေတယ်လို့ သိခဲ့ရပါတယ်။ ဒါကြောင့် အနုပညာခရီးကို ဘယ်လို ယုံကြည်ချက်၊ ခံယူချက်၊ ကြိုးစားမှုတွေနဲ့အတူ ပုလဲဝင်းလျောက်လှမ်းနေတယ်ဆိုတာကို ခြေရာခံမိချိန်မှာတော့ . . .

မေး- ဒီနှစ်ထဲမှာ ပုလဲရဲ့ အနုပညာလှုပ်ရှားမှုဘယ် လိုရှိနေလဲ . . .

ဖြေ- ဇာတ်ကားရိုက်ကူးမှုပုံမှန်ရှိပါ တယ်။ နယ်တွေမှာသီချင်းပိုဆိုဖြစ် တယ်။ စီးရီးသစ်တစ်ခုမှာ သီချင်းသုံးပုဒ်လောက်ဆိုဖြစ်မယ်။ ပြောရ မယ်ဆိုတော့ ဒီနှစ်သီချင်းဆိုတဲ့ဘက် မှာ ပိုလုပ်ဖြစ်နေပါတယ်။


မေး-'ရတနာ'ဇာတ်ကား၊ 'အကယ်ဒမီရှော့' ဇာတ်ကားတွေမှာ အကယ်ဒမီရေပန်းစားခဲ့တော့ အဲဒီကားတွေနဲ့ ပတ်သက်တဲ့ ပုလဲရဲ့ ခံစားချက် ဆိုရင် . . .

ဖြေ- အဲဒီကားမှာ ပုလဲကိုပရိသတ်က ပြောကြတဲ့အတွက် အားရှိရတာပေါ့။ ဆုဆိုတာကတော့ ရတာမရတာထက် ပရိသတ်ကပေးတဲ့ဆုလို့ပဲ သတ်မှတ်တယ်။ အဓိကကတော့ အားရှိသွားတာပါ။ 'ရတနာ' ကားမရိုက်ခင်တုန်း ကဆိုရင် ပုလဲကို ဖန်စီနဲ့ပဲလိုက်တာ လို့ မှတ်ခဲ့ကြတာလေ။ ဒါရိုက်တာ မအိ(အိအိခိုင်)က တောသူမပုံစံလေး ကိုသေချာပုံသွင်းပြီးရိုက်ပြလိုက်တော့ ပရိသတ်က အသိအမှတ်ပြုတယ်။ 'အကယ်ဒမီရှော့'မှာလည်း ပုလဲက sexy ပုံစံမျိုးမလုပ်ဖူးတော့ အစပိုင်း မှာမရိုက်ရဲဘူး။ နောက်ပိုင်း ရုပ်ရှင် ကားကြီးကလည်းဖြစ်၊ ဟာသကား လည်းဖြစ်တော့ ရိုက်ဖြစ်တယ်။ ပရိ သတ်က အသိအမှတ်ပြုတဲ့အတွက် ၀မ်းသာခဲ့ရပါတယ်။

မေး- အနုပညာသက်တမ်း ၈ နှစ်အတွင်းမှာ ပုလဲရဲ့အနုပညာခရီးပေါက်မှုအပေါ် ဘယ်လိုသုံး သပ်မိလဲ . . . .

ဖြေ- တတ်နိုင်သလောက် ကိုယ့်ကို ပေးတဲ့နေရာ ကိုယ့်ကိုပေးတဲ့အခွင့် အရေးအပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ရတဲ့အတိုင်း အတာထဲမှာပဲ အနုပညာအကောင်းဆုံး ဖြစ်အောင်ပေါ့။ ပုလဲဖြတ်သန်းတဲ့ အနုပညာခရီးက ပုံမှန်ပဲရှိပါတယ်။

မေး- ပုလဲက ဘ၀ကိုဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်း ချင်တာလဲ . .

ဖြေ- ကောင်းတဲ့အလုပ်တွေလုပ်ပြီး ကောင်းတဲ့အချက်တွေနဲ့ပဲ နာမည်ကြီး ချင်ပါတယ်။ ကောင်းတာတွေလုပ်လို့ အသိအမှတ်ပြုတာမျိုးကိုလိုချင်တယ်။ ပုလဲရဲ့ခံယူချက်ကိုက ကောင်းတာ လုပ်ရင် အဲဒီအကျိုးကိုခံစားရတယ်။ အချိန်တစ်ခုပဲကွာတာပါ။ ကောင်းသောနာမည်ကြီးခြင်းမျိုးနဲ့ပဲ နာမည် ကြီးချင်ပါတယ်။

မေး- အနုပညာရှင်တစ်ယောက်က အချိန်တို အတွင်းမှာ ဖြစ်မြောက်ခြင်း၊ မဖြစ်မြောက်ခြင်းက ဘယ်အချက်တွေနဲ့ဆိုင်မလဲ . . .

ဖြေ- အဲဒါကတော့ အများကြီးပါပဲ။ ပြောင်းလဲလာတဲ့ ပရိသတ်တွေရဲ့အားပေးမှုပေါ့။ အခုဆိုရင်ပရိသတ်တွေကအသစ်တွေကို စောင့်ကြည့်တယ်။ ပရိသတ်လိုချင်တာကို ပေးနိုင်ဖို့ပဲလို တယ်။ အနုပညာရေစီးကြောင်း ပြောင်းလဲတာပါ။ အသစ်ပေါ်ရင် ပေါ်တဲ့နောက်ကို လိုက်တာလေ။ သရုပ်ဆောင်တစ်ယောက်ရဲ့ စန်းအပေါ်မှာလည်း မူတည်ပါတယ်။

မေး- ပုလဲက အနုပညာခရီးကို ဘယ်လိုယုံကြည်ချက်မျိုးနဲ့ လျောက်လှမ်းနေတာလဲ . . .

ဖြေ- ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားတယ်။ ဘယ်အရာမဆို တန်ဖိုးထားကြိုးစားရင် အသိအမှတ်ပြုမှုကို ရရှိမှာပါ။ ဘယ်အလုပ်မဆို အရာထင်ကျန်ရစ် စေချင်တယ်။ အဲဒီယုံကြည်ချက်နဲ့ပဲ လျောက်လှမ်းနေတာပါ။ အဲဒီလို ကြိုးစားရင် ပရိသတ်ရဲ့လက်ခုပ်သံ ကိုလည်းပြန်ရမယ်လို့ ယုံကြည် ပါတယ်။

မေး- ပုလဲ လျောက်လှမ်းတဲ့ အနုပညာခရီးကချောမွေ့မှုနဲ့ ကြမ်းတမ်းမှုဘယ်အရာ က ပိုများလဲ . .

ဖြေ- ဘယ်အလုပ် မဆို အခက်အခဲရှိမှ အောင်မြင်တယ်။ ဘယ် အရာမဆို လွယ်လွယ်ရ တဲ့အရာကို လူတွေက တန်ဖိုးမထားကြဘူးလို့ ပုလဲက ခံယူထားတယ်။အနုပညာဆိုတာတန်ဖိုးကြီးတဲ့ အရာတစ်ခုဆိုတော့ တန်ဖိုးကြီး လေလေ ခက်ခဲမှုကပိုများလေ လေပါ။

မေး- ပရိသတ်မုန်းနိုင်တဲ့ ကာရိုက်တာ တွေမှာ သရုပ်ဆောင်လိုက်ရင် ပရိသတ် အမြင်တစ်မျိုးဖြစ်မှာ မစိုးရိမ်ဘူးလား . . .

ဖြေ- ပရိသတ်ချစ်ဖို့က အရေးကြီး တဲ့အတွက် ပရိသတ်မုန်းမှာကို စိုးရိမ်မိပါတယ်။ ဒါပေမယ့် ပုလဲတို့က အနုပညာရှင်ဖြစ်တဲ့အတွက် ဇာတ်ကားထဲမှာ ပရိသတ်မုန်းအောင် လုပ်တယ်။ ပရိသတ်မုန်းသွား တယ်ဆိုရင် ပရိသတ်အမြင် မှာမကောင်းပေမယ့် အနု ပညာအရ အောင်မြင်တာပါ။ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ကိုယ့်ကိုမုန်းတဲ့ ကာရိုက်တာမျိုးလည်း လုပ်ကြည့်မယ်ဆိုတဲ့ စိတ် နဲ့ရိုက်ဖြစ်တာပါ။

မေး- ရုပ်ရှင်ကားကြီးဘယ် လောက်ရှိပြီလဲ . . .

ဖြေ- ၁၇ ကား လောက်ရှိပါပြီ။

မေး- ပရိသတ် ထင်ကြေးပေး နိုင်တဲ့ကားရှိ လား . . .

ဖြေ- ၂၀၀၉ ထဲမှာဆိုရင်တော့ ဒါရိုက်တာ မီးပွားရိုက်ကူးတဲ့ 'ဇော်ကက နေသည်' တစ်ကားရှိပါတယ်။

မေး- သီချင်းဆိုနေတာဆိုတော့ ဂီတခရီးလျောက် လှမ်းမှုက ဘယ်လိုတွေ့ရဦးမှာလဲ . . .

ဖြေ- စီးရီးတစ်ခုမှာ သီချင်းဆိုထားတာ ရှိပါတယ်။ မကြာခင်ထွက် နိုင်ဖို့လုပ်နေပါတယ်။ အဲဒီစီးရီးရဲ့ ရလဒ်ပေါ်မှာ မူတည်ပါတယ်။

မေး- ရှေ့ဆက်မယ့် ပုလဲရဲ့ ခြေလှမ်းတွေဆိုရင်

ဖြေ- အနုပညာအလုပ်တွေကို ဆက်လုပ်ရင်းနဲ့ အနုပညာရှင်တစ်ယောက် အနေနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ချင်ပါတယ်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။