Home » » ဖြိုးကြီးနှင့်တွေ့ဆုံခြင်း 'အရင်တုန်းက အနုပညာအလုပ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ခဲ့တာတွေများတယ်

ဖြိုးကြီးနှင့်တွေ့ဆုံခြင်း 'အရင်တုန်းက အနုပညာအလုပ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ခဲ့တာတွေများတယ်

Written By နေဇော်လင်း1 on Thursday, April 29, 2010 | 3:52:00 PM


'ဒီပလက်တီနမ်ဆွဲကြိုးက . . .ဒယ်ဒီပေးထားတာ' ဆိုတဲ့ဒီသီချင်းလေးကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ ဒီသီချင်းလေးနဲ့ စတင်ပြီး ပရိသတ်ရင်ထဲဝင်ရောက်ခဲ့သူက တေးရေးဟင်္သာတမြင့်ငွေရဲ့ မျိုးဆက်ဖြစ်တဲ့ အဆိုတော်ဖြိုးကြီးပဲဖြစ်ပါတယ်။ ခုချိန်မှာတော့ ဖြိုးကြီးက'ယောက္ခမတွေပါလာရင် . . .အိမ်မှာရှုပ်ပါတယ်' လို့ ဆိုလာပြန်ပါတယ်။ လက်ရှိအချိန် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ 'မိန်းမယူရင် . . . စဉ်းစားဖို့လိုတယ်' သီချင်းကို သီဆိုသူဖြိုးကြီးနဲ့ ခဏတာတွေ့ဆုံဖြစ်တဲ့အချိန်မှာတော့ ပရိသတ်ကြီးအတွက် 'ဖြိုးကြီးနဲ့တွေ့ဆုံခြင်း' ဆိုတဲ့ အင်တာဗျူးလေး ဖြစ်ပေါ်လာပါတော့တယ်။

မေး- ကိုဖြိုးကြီးနဲ့ အနဂ္ဂတို့ ရဲ့ 'မိန်းမယူရင်စဉ်း စားဖို့လိုတယ်'သီချင်းလေးက ပရိသတ်တွေနှစ်သက်နေကြတော့ ဒီသီချင်းလေးဆိုဖြစ်ခဲ့ပုံက စပြောပြပေးပါဦး။

ဖြေ -ဒီသီချင်းလေးက အနဂ္ဂနဲ့ တိုင် ပင်ပြီးဆိုဖြစ်ခဲ့တာပါ။ ပရိသတ်တွေ ကိုပျော်စေချင်လို့ ဆိုထားတာပါ။ ဒီသီချင်းကို ရေးပေးတဲ့ ပုသိမ်မောင်စိမ်းသူ၊ ဆိုခဲ့တဲ့ ဦးမင်းမင်းလတ်နဲ့ အနဂ္ဂ တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

မေး - 'တမ်းတဖော်'က ဗီစီဒီထွက်သွားပြီ ဆိုတော့ ကိုဖြိုးကြီးရဲ့ ကြိုးစားမှုတွေအကောင် အထည်ပေါ် သွားပြီပေါ့။ နောက်ထပ်ပရိသတ်အတွက် ဘာ အစီအစဉ်တွေရှိဦးမလဲ။

ဖြေ - တစ်ကိုယ်တော်ခွေ 'ခိုလှုံရာ' အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေတယ်။ ယုဇနက ဒီလကုန်ရင်ပြန် လာမယ်။ သူပြန်လာရင် မောင်နှမနှစ်ယောက် အခွေစီစဉ်ဖို့ရှိတယ်။ အရင် က စီစဉ်ထား တဲ့အခွေက ဖျက်လိုက် ပြီ။ အသစ်လုပ်မှာ။ အတွဲခွေမှာ ဆိုထား တာတွေလည်း ထွက်လာဖို့ ရှိတယ်။


မေး - ဒုတိယတစ်ကိုယ်တော်ခွေ 'ခိုလှုံရာ' အကြောင်းလေးရော ပြောပြပါဦး။

ဖြေ - 'ခိုလှုံရာ'မှာ ပေါ့ပ်၊ ရောခ့် အမျိုးအစား သီချင်းတွေ ပါမယ်။ ပထမစီးရီး 'အသင်္ချေ' နဲ့ တော့ကွာ မှာပါ။ မောင်မောင်ဇော်လတ်၊ ရွှေဂျော်ဂျော်၊ မြင့်မိုးအောင်၊ အငဲ၊ ဇ၀ါ၊ နိုင်းနိုင်၊ လင်းလင်းတို့ ရေးထားပေး တဲ့ သီချင်းတွေပါတယ်။

မေး - 'အသင်္ချေ'ကို ခုချိန်မှာပြန်သုံးသပ် မိတဲ့အခါ . . .

ဖြေ - 'အသင်္ချေ'တုန်းက စတူဒီယို မှာဆိုရတာ နည်းနည်းကြောက်တယ်။ ကိုယ့်အသံဖမ်းထားတာ ကောင်းပါ့မလားဆိုပြီး စိုးရိမ်မိတာမျိုးရှိတယ်။ ကီးမရောက်မှာစိုးလို့ ဖိဆိုတော့ ကီးကျော်သွားတာတွေရှိ တယ်။ အခုတော့ ကိုယ့်အသံကိုကိုယ်တိုင်နားထောင်ကြည့်တာနဲ့ စာရင် သူငယ်ချင်းတွေကိုပြပြီး သုံးသပ်ခိုင်းတာမျိုးပဲ လုပ်တော့မယ် လို့ စိတ်ကူးထားတယ်။

မေး -'အသင်္ချေ'စီးရီးမှာ ဖြိုးကြီးရေးတဲ့ 'အထည်ကြီးပျက်'က ပေါက်သီချင်းဖြစ်ခဲ့တယ်နော်။ 'ခိုလှုံရာ' မှာရော ကိုယ်တိုင်ရေးတာတွေ ပါဦးမလား။

ဖြေ - 'နား'ဆိုတဲ့ တစ်ပုဒ်တော့ ရေး ထားတယ်။ 'အထည်ကြီးပျက်'သီချင်းကလည်း အစကကျွန်တော်သိပ် စိတ်တိုင်းမကျလို့ မထည့်တော့ဘူးတောင် စီစဉ်ထားတာ။ အဲဒီလိုသီချင်းမျိုးက ပေါက်သွားတော့ ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ နောက်သီချင်းတွေ ဆက်လုပ်ဖို့ နည်းနည်းခက်သွားတယ်။

မေး - ကိုယ်သိပ်မကြိုက်တဲ့ သီချင်းမျိုးက ပရိသတ်ကြိုက်တဲ့ သီချင်းလည်း ဖြစ်သွားတတ်တော့ ပရိသတ်အကြိုက်နဲ့ ကိုယ့်အကြိုက် ထပ်တူကျဖို့ ဘယ်လိုစဉ်းစားဖြစ်လဲ။

ဖြေ - ကျွန်တော်က အမြဲတမ်းလွဲ တတ်တယ်။ ဒါကြောင့်မို့ ပရိသတ်အကြိုက်ကို မမှန်းရဲတော့ဘူး။ တစ်ကိုယ်တော်ခွေမှာ သီချင်းအမျိုး အစားစုံပါနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားထားတယ်။

မေး - ဖြိုးကြီးအနေနဲ့ ပရိသတ်နဲ့အဆက်မပြတ်အောင် ဂီတလှုပ်ရှားမှုတွေ ဘယ်လို ဆက်လုပ်သွားမှာလဲ။

ဖြေ - ကျွန်တော် အရင်တုန်းက အနုပညာအလုပ်တွေမှာ ကိုယ့်ကိုယ်ကိုယ်ကန့်သတ်ခဲ့တာတွေ များတယ်။ အပြင်လည်း သိပ်မထွက်ဖြစ်ဘူး။ ခုချိန်မှာအဲဒီလိုလုပ်နေရင် ကိုယ်ပဲ ကျန်ခဲ့မှာ။ ဒါကြောင့်မို့ အခု ပရိသတ်နဲ့ ထိတွေ့နိုင်မယ့်အရာတွေ အကုန်လုပ်မယ်။ ရှိုးပွဲတွေလည်း ပြန်ဆိုမယ်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။