Home » » သူငယ်ချင်းများသို့ ......

သူငယ်ချင်းများသို့ ......

Written By နေဇော်လင်း1 on Friday, April 30, 2010 | 8:59:00 PM


အရမ်းဝေးကွာပြီး
တွေ့ဆုံနိုင်ဖို့
ခက်ခဲ့တဲ့ကြားကနေ
ငါတို့ ဆုံဖြစ်ကြတယ်။

တွေ့ရဆုံရ
ခဏလေးမှာ
တစ်ယောက်ကိုတစ်ယောက်
ခင်မင်မှု

နားလည်မှု
ယုံကြည်မှုတွေ
များစွာနဲ့
ဘဝကိုဖြတ်သန်းခဲ့တယ်။

လိုအပ်တာလေးတွေ
ကူညီမျှဝေရင်း
အဖြူရောင် သံယောဇဉ်လေးနဲ့
ငါတို့ရိုးသားစွာ ခင်မင်ခဲ့ကြတယ်။

ရခဲ လှတဲ့ လူ့ဘဝလေးမှာ
တစ်ယောက်အပေါ်တစ်ယောက်
ကူညီပေးနေကြမယ်ဆိုရင်
လောကကြီးဟာ အမြဲလှပနေမယ်လို့

ငါ ယုံကြည်ပါတယ်
သူငယ်ချင်း

မင်းရော ငါရော
ငါတို့တတ်နိုင်သလောက်
ကူညီရင်း တွဲလက်များအတူတူနဲ့
ထာဝရ ဆက်ခင်ကြရအောင်
သူငယ်ချင်းရေ ..........

အမှတ်မထင် ခင်မင်ခဲ့ရသော သူငယ်ချင်းအားလုံးသို့

အမှတ်တရ



ခင်မင်လျှက်

နေဇော်လင်း


Share this article :

1 comments:

Anonymous said...

ဖတ်ခဲ့ပါတယ် .....

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။