Home » » အချိန်ဆိုလေးစား 2

အချိန်ဆိုလေးစား 2

Written By နေဇော်လင်း1 on Tuesday, April 27, 2010 | 1:40:00 PM



အချိန်ဆိုတာဘာလဲ....?

အချိန်ဆိုတာ သင့်ဘဝအတွက်မျှော်လင့်ချက် လေးတစ်ခုပေါ့။

အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဆိုတဲ့ စကားပုံလေး လိုပါပဲ

အချိန်သည် အရေးကြီးသည်၊အချိန်သည်လူတစ်ယောက်၏ အောင်မြင်မှု

တိုးတက်မှုတစ်ခုဖြစ်သလို လူတစ်ယောက်၏တန်ဖိုးတစ်ခုလည်းဖြစ်သည်

လူတစ်ယောက် အတွက် အချိန်သည် အကောင်းဆိုး ဒွန်တွဲလျှက်ရှိသည်

လူတစ်ယောက် အတွက် အချိန်သည် အတက်အကျ များစွာနှင့်


အကောင်းနှင့် အဆိုးပြည့်နှက်နေသည်။ အချိန်ရှိခိုက် လုံးလစိုက်

ဆိုတဲ့စကားပုံလေး လိုပါပဲ အချိန်ရှိခိုက်ဦးဆောင်ရမည်လှုပ်ရှားရမည်

နေထိုင်ရမည် သွားလာရမည် ပြောဆိုရမည် အချိန်နှင့်တစ်ပြေးညီ

လှုပ်ရှားနေသူများတွက်အချိန်သည်တန်ဖိုးရှိသလို တန်ဖိုးမဲ့တာတွေ

လည်းရှိပါသည်။အချိန်သည်မိမိအတွက် ကောင်းကျိုး ဆိုးကျိုးများနှင့်

ပြည့်နှက်၍နေသည်။ အချိိန်ကိုလေးစားသူများကား လူအများနှင့်

ပေါင်းသင်းဆက်ဆံရေးတွင် အောင်မြင်မည်။ လူအများချီးမွန်းမှုခံရ၍

လေးစားမှု ခံရမည်။.အချိန်ရဲ့တန်ဖိုးကိုမသိသူများက လူအများနှင့်

ဆက်ဆံရေးတွင်အဆင်မပြေသလိုပဲ လူအများ၏ အပြစ်တင်မှု များ

သိက္ခာကျ မှုများနှင့် ပြသာနာများကို ရင်ဆိုင်ရမှာ ကြုံတွေ့ရမှာ အမှန်ပါပဲ။

အချိန်နှင့် တစ်ပြေးညီလှုပ်ရှားနေရသောလူအများအတွက်မရှိမဖြစ် လိုအပ်သော
အရာသည် အချိန်ဖြစ်ပါကြောင်းထပ်လောင်း၍ပြောပါရစေဗျ။

ကဲ....?.... ကျွန်တော်တို့ ဆက် တွေး ရ အောင်...

အချိန်နှင့်အမျှတိုးတက်ကြပါစေလို့ ဆန္ဒပြုလျှက်......

နေ ဇော် လင်း
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။