Home » » အိမ် သို့ တမ်း ခြင်း ( ကဗျာ )

အိမ် သို့ တမ်း ခြင်း ( ကဗျာ )

Written By မောင်စေတနာ on Saturday, November 12, 2011 | 4:30:00 AM



အိမ် သို့ တမ်း ခြင်း ...

အရာရာဟာ
မပြည့်စုံတဲ့
ငါ့ ဘဝလေးမှာ
ဌာနေကို
ပြန်ချင်သော်လည်း

ရေမြေခြား မှာ
တစ်ယောက်တည်း
အဆင်ပြေအောင်
လှုပ်ရှား ရုန်းကန်
နေထိုင်ခဲ့ရတယ်။

ရေမြေခြား
တိုင်းတစ်ပါးမှာ
ဘဝရဲ့ ကြမ်းတမ်း
ခါးသီးတဲ့
ဒုက္ခတွေများစွာ

အရာရာ ဟာ
မျှော်လင့်ချက်မဲ့
မျှော်လင့် သလို
ဖြစ်မလာတဲ့
ငါ့ဘဝ လေးရဲ့

အဆင်မပြေမှု
လေးတွေကို
အဆင်ပြေအောင်
ကြိုးစား အဝေးဆီက
မလေးမြေမှာ

ဘဝအတွက်
အောင်မြင်မှုတွေ ရှာ
အလွမ်းတွေကို
ရင်ဝယ်ပိုက်

နွေးထွေးလှတဲ့
မိသားစု အိမ်လေးကို
အခါခါ အခေါက်ခေါက်
တမ်းတ သတိရ
တွေးတောရင်းနဲ့

လွမ်းရေးထက်
ဝမ်းရေး ခက်သူမို့
အိမ် ပြန် ဖို့ ခက် နေ သည်။

နေဇော်လင်း1

1:30 AM

12.11.2011

www.nayzawlin1.com



မလေးရှားမှ ထုပ်ဝေလျှက် ရှိသော သတင်းကွန်ယက် ဂျာနယ် အတွဲ(၂) အမှတ်(၁၀) အောက်တိုဘာလထုပ်တွင် လည်း ဖော်ပြပြီးသား ဖြစ်သော ကဗျာလေး ဖြစ်ပါသည်။
Share this article :

1 comments:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အရမ်းကောင်းတဲ့ လွမ်းတေးဖွဲ့ကဗျာလေးပါ
ခံစားအားပေးသွားပါတယ်နော် အောင်မြင်မှုတွေ ဆက်လျက်ရှိပါစေဗျာ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။