Home » » နိုင်ငံခြား အလုပ်သမားများအတွက် အခွန်တိုးမြှင့်ကောက်ခံရန် စင်ကာပူစီစဉ်

နိုင်ငံခြား အလုပ်သမားများအတွက် အခွန်တိုးမြှင့်ကောက်ခံရန် စင်ကာပူစီစဉ်

Written By မောင်စေတနာ on Sunday, February 28, 2010 | 6:08:00 PM



photo;google

မကြာသေးမီနှစ်များအတွင်း က နိုင်ငံခြားသား အလုပ်သမားများအလုံးအရင်းနှင့်
ဝင်ရောက်လာမှုကြောင့် ဒေသခံစင်ကာပူတို့က မကျေမနပ် ဖြစ်နေကြချိန်တွင်
နိုင်ငံခြားသား အလုပ်သမားများ ငှားရမ်းမှုလျော့ချရန် အတွက်အခွန်တိုးမြှင့်
သွားမည်ဖြစ်ကြောင်း စင်ကာပူအစိုးရက ဖေဖော်ဝါ ရီ၂၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စင်ကာပူလုပ်သားအင်အား၏ သုံးပုံတစ်ပုံနီးပါးရှိနေသော နိုင်ငံခြားသားအလုပ်သမားများ

အပေါ်မှီခိုနေရမှုကို လျော့ချရန်ရည်ရွယ်၍ ဇူလိုင်လ ၁ ရက်နေ့ မှစပြီး အခွန်တိုးမြှင့်သွား
မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးသာမင်ရှာမူဂါရက်နမ်က ပြောကြား ခဲ့သည်။

၂၀၁၀ဘဏ္ဍာရေးနှစ်ဘတ်ဂျတ်ကို ပါလီမန်တွင်တင်သွင်းစဉ် ''နိုင်ငံခြားသားအလုပ်သမားတွေ
တိုးတက်မှုကို သင့်တင့်တဲ့နှုန်းမှာ ထိန်းသိမ်းထားသင့်ပါတယ်။ အလုပ်သမားအင်အားထုအချိုးမှာ
အဆက်မပြတ်တိုးတက်နေတာ ရှောင်ရှားသင့် ပါတယ်'' ဟု ၄င်းက ပြောကြားခဲ့သည်။

နိုင်ငံခြားသားအလုပ်သမားများကို ကိုတာပြဋ္ဌာန်းမည့် အစား ကုမ္ပဏီများက
၎င်းတို့ငှားရမ်းသောအလုပ်သမားအတွက် ပေးရ သည့်အခွန်ကိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊
နိုင်ငံခြားအလုပ်သမား များအတွက်ပေးရသည့် အခွန်ကို လာမည့် သုံးနှစ်အတွင်း အဆင့်လိုက်
တိုးမြှင့်သွားမည်ဖြစ်ကြောင်း သာမင် ကပြောကြားခဲ့သည်။ ထုတ်လုပ်မှု စွမ်းအားတိုးတက်ရန်
အတွက် ဒေသခံ စင်ကာပူအလုပ်သမားများ၏ ကျွမ်းကျင်မှုမြှင့်တင်ရာတွင် ကူညီရန်အတွက်
လာမည့် ငါးနှစ်အတွင်း စင်ကာပူအစိုးရက ဒေါ်လာ ၃ဒသမ၉ ဘီလျံသုံးစွဲသွားမည်ဖြစ်သည်။
စင်ကာပူ၏ တံခါးဖွင့်မူဝါဒကြောင့်ဘနိုင်ငံခြားသား အလုပ်သမားများအလုံးအရင်းနှင့် ၀င်
ရောက်လာခဲ့ပြီးဒေသခံတို့က အလုပ်အကိုင်၊ နေရာထိုင်ခင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်
အခြားလိုအပ်ချက်များအတွက် ယှဉ်ပြိုင်နေရကြောင်းဝေဖန်ခဲ့သည်။ အိမ်ရာဈေးနှုန်းများမြင့်တက်
လာမှုအတွက် နိုင်ငံခြားသားအလုပ် သမားများမှာ အပြစ်တင်ဝေဖန်ခံ ရသည်။

ရွှေ့ပြောင်းအခြေစိုက် အလုပ်သမားများသည် နိုင်ငံသားများ နှင့်တန်းတူနီးပါးအခွင့်အရေးရရှိ
နေကြကြောင်း ဝေဖန်မှုကိုကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် စင်ကာပူအစိုးရက ဒေသခံနှင့်
အမြဲတမ်း နေထိုင်ခွင့်ရသူများကြား အခွင့်အရေး ကိုခွဲခြားရန်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

နိုင်ငံခြားသားအလုပ်သမားများ သိသိသာသာလျော့ကျသွားပါက တိုးတက်မှုပါ လျော့ကျသွား
နိုင်ကြောင်း စင်ကာပူ၏ပထမဆုံး ၀န် ကြီးချုပ်လီကွမ်ယူကမကြာသေးမီ ကပင် သတိပေးခဲ့သည်။
စင်ကာပူ၏ လုပ်သားအင်အားသည် ပြီးခဲ့သည့်လေးနှစ်အတွင်း နှစ်စဉ် ငါးရာခိုင်နှုန်းခန့်
တိုးတက်ခဲ့ပြီး နိုင်ငံခြားသားအလုပ်သမားများက ထက်ဝက်ခန့်ပါဝင်ခဲ့ကြောင်း ရှာမန်က ပြောကြားခဲ့သည်။

ဧဒင်ဥယျာဉ်
http://myominlatt.ning.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။