Home » » သူငယ်ချင်းဖတ်ဖို့ ... ၁၅

သူငယ်ချင်းဖတ်ဖို့ ... ၁၅

Written By မောင်စေတနာ on Thursday, October 1, 2009 | 10:10:00 AM

ဘဝဆိုတာ ပျော်စရာကြီးပါ

ချစ်စရာကောင်းတဲ့ နေရာလို့

ငါ .... အကျယ်ကြီးအော်ပြောချင်လိုက်တာ

မင်းကြည့်လိုက်စမ်း

မုန်းတိုင်းဒဏ်ကို မကြောက်ဘဲ

ခပ်ရဲရဲ ပွင့်တဲ့ ပန်းလှလှလေးတွေ

နေပူ မိုးစိုမှာ မကြောက်ဘဲ

တေးချိုချို ဆိုနေတဲ့ငှက်ကလေးတွေ

ဒုက္ခတွေကို ကြိုမတွေးဘဲ

ပျော်နေကြတဲ့ ကလေးတွေ

တွေးကြည့်လိုက်ရင်

ချစ်စရာကြည်နူးစရာတွေချည်းပါပဲ။

သူတို့လို .... တို့လည်း

ပျော်ရွှင်စွာ မနေသင့်ဘူးလား

ကဲ ..... မင်းစဉ်းစားကြည့် ......

ကောင်းသန့်
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။