







၁။ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုး ကြောင့်ထိန်းသိမ်းခြင်းခံရလျက်ရှိသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းများသို့ သွား ရောက်ပြီး လူတွေ့စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်၍ မြန်မာနိုင်ငံသားစိစစ်ရေး လုပ်ငန်း စဉ်များအား စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ၅-၆-၂၀၁၅ ရက်နေ့ တွင် မြန်မာသံရုံး၊ သံအရာရှိများမှ Langkap လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ သွားရောက်၍ ထိန်းသိမ်းခံထားရသူအနက်မှ အမျိုးသမီး ၅၂ ဦး၊ အမျိုးသား ၉၂ ဦး၊ စုစုပေါင်း (၁၄၄) ဦးတို့ အား တွေ့ဆုံစစ်ဆေးခဲ့ပါသည်။
၂။ ထိုသို့ လူတွေ့ တွေ့ဆုံမေးမြန်းခဲ့သူများအနက် ကလေးမိခင် ၄ ဦး၊ ကိုယ်ဝန်ဆောင် အမျိုး သမီး ၃ ဦး၊ အသက် ၁၄ နှစ်အရွယ် မိန်းခလေးငယ် ၁ ဦး၊ ဒဏ်ရာရ အမျိုးသား ၁ ဦး၊ ကျန်းမာရေး မကောင်းသူ အမျိုးသား ၇ ဦး၊ လမ်းမလျှောက်နိုင်သူ အမျိုးသား ၁ ဦးတို့ ပါဝင်ပြီး ကလေးမိခင် ၄ ဦး အနက် ချင်းလူမျိုး ၂ ဦးတို့သည် ထိန်းသိမ်းရေးစခန်းတွင် ၁နှစ်ကျော်ကြာမြင့် ပြီး ဖြစ်သော်လည်း ပြင်ပရှိ ၎င်းတို့ခင်ပွန်းများ၏ ညွှန်ကြားချက်
အရ မြန်မာနိုင်ငံသို့ ပြန်လိုခြင်းမရှိသဖြင့် မေးမြန်းချက်များအား ပြည့်စုံစွာဖြေကြားခြင်းမရှိကြောင်း
တွေ့ရှိရပါသည်။
အခြားကလေးမိခင် ၂ ဦး မှာ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ထားဝယ်လူမျိုးများ ဖြစ်ကြပြီး၊ မြန်မာ ဘာသာစကား အနည်းငယ်သာ ပြောဆိုနိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသော ဆန္ဒရှိကြပါသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးအနက် ဗမာလူမျိုး ၂ ဦး သည် ကိုယ်ဝန် ၅ လနှင့် ၇ လ ခန့်အသီးသီးရှိကြပြီး မြန်မာနိုင်ငံသို့ အမြန်ဆုံး ထွက်ခွာလိုကြကြောင်း၊ ချင်းလူမျိုး ၁ ဦးမှာ ကိုယ်ဝန် ၅လခန့် ရှိပြီဖြစ်သော်လည်း ပြင်ပရှိ ၎င်းခင်ပွန်း ဖြစ်သူက မြန်မာနိုင်ငံသို့ပြန်လည်စေလွှတ်လိုခြင်း မရှိကြောင်း သိရှိရပါသည်။
အသက် ၁၄နှစ်အရွယ် ရှိ မိန်းခလေးငယ်ဖြစ်သည့် မယဉ်မီမီဇင်သည် တစ်ရွာတည်းနေ အခြားမြန်မာ ၁၅ ဦးခန့်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းချက်များ အရ ၎င်းတို့သည် မြန်မာနိုင်ငံသားများ မှန်ကန်ကြောင်း တွေ့ရှိရပါသည်။ ဓါးထိုးဒဏ်ရာရရှိပြီး ခွဲစိတ်ကုသမှုခံယူထားသူ ခင်မောင်ဝင်းသည် ရခိုင်/ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။
၃။ မြန်မာသံရုံးမှ ယခုကဲ့သို့ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သူများအနက်မှ အချက်အလက် ပြည့်စုံစွာတင်ပြနိုင်သည့် မြန်မာနိုင်ငံသားမှန်ကန်သူများ၊ မြန်မာနိုင်ငံသို့ ပြန်လိုသူများအား လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ စိစစ်ပြီးနောက် CI အမြန်ဆုံးထုတ်ပေး၍ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည် ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အချက်အလက် ပြည်စုံစွာ မတင်ပြနိုင်သဖြင့် လတ်တလော နိုင်ငံသားစိစစ်နိုင်ခြင်း မရှိသူများအတွက် လည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း၍ အတည်ပြုချက် ဆောလျင်စွာရရှိရေး ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ဖော်ပြအပ်ပါသည်။
လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့။
သတင်း - Myanmar Embassy in Kuala Lumpur, Malaysia
https://www.facebook.com/pages/Myanmar-Embassy-in-Kuala-Lumpur-Malaysia/1532321607022165
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (ALL IN ONE)
Followed Facebook - https://www.facebook.com/nay.zawlin1
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Acc - https://www.facebook.com/nay.zawlin1
Free Health Facebook Page - https://www.facebook.com/nayzawlin4
0 comments:
Post a Comment