Home » , » Perak,Manjung တွင် နိုင်ငံခြားသား (၁၃၂) ဦးအား ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား (၂၂) ဦး ပါဝင်

Perak,Manjung တွင် နိုင်ငံခြားသား (၁၃၂) ဦးအား ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား (၂၂) ဦး ပါဝင်

Written By မောင်စေတနာ on Tuesday, March 31, 2015 | 12:05:00 PM

 
Perak,Manjung တွင် အထောက်အထား မရှိသော နိုင်ငံခြားသား (၁၃၂) ဦးအား ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား (၂၂) ဦး ပါဝင် သတင်း - 29.3.2015 - မလေးရှား သတင်း 

မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သော နိုင်ငံခြားသားများအား စစ်ဆင်ရေး ပြုလုပ်ပြီး ဖမ်းဆီးလျှက်ရှိရာ မလေးရှားနိုင်ငံ Perak,Manjung တွင် 29.3.2015 ရက်နေ့ ၁၂ နာရီ နောက်ပိုင်း တွင် အထူး စစ်ဆင်ရေး အော်ပရာဇီ ပြုလုပ်ပြီး ဖမ်းဆီးခဲ့သည်။ 

မလေးရှား လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အရာရှိများ ပါဝင်ခဲ့ကာ အတူပူးပေါင်းမှု အနေဖြင့် Manjung ခရိုင်ရဲတပ်ဖွဲ့ ၁၃၂ ဦး အထောက်အထားမရှိသော နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချ နေထိုင်သော နေရာများကို ယနေ့နံနက်ဝင်ရောက်စီးနင်းပြီး တရားမဝင်ရွှေ့ပြောင်း အခြေချနေထိုင်ခွင့် နှင့် ပက်သက်၍ ပြုလုပ်ဖမ်းဆီးခဲ့သည်။ 

 အော်ပရာဇီ ဝင်ရောက်စီးနင်းရာတွင် နိုင်ငံခြားသား အများစု နေထိုင်သော ဧရိယာများနှင့် နိုင်ငံခြားသားများ နေထိုင်သော နေထိုင်သော ဒေသခံများ ဝန်းကျင်ရှိတိုင်ကြားစာ ရရှိထားသော နေရာများတွင် Kampung Seri Acheh, Gwynedd ကျင်းပပြုခဲ့ပါသည်။ 

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အများစုမှာ ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့် Manjung ခရိုင်တဝိုက် စိုက်ပျိုးရေး စိုက်ခင်း ၊ ဆောက်လုပ်ရေး နဲ့ အခြား အလုပ်တွေကို အလုပ်လုပ်နေကြတယ်။ သူတို့ အများစုမှာ အနက်တရားဝင်စာရွက်စာတမ်းများနဲ့ စာရွက်စာတမ်း သက်တမ်း ကုန်ဆုံးပြီး သော်လည်း ဆက်လက်ပြီး တရားမဝင် အဖြစ်နဲ့ နေထိုင်နေကြတယ် ကြောင်း လဝက အရာရှိမှ ပြောဆိုခဲ့သည်။ 

ယခု Manjung ဖမ်းဆီးမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၀ ဦး ၊ မြန်မာနိုင်ငံသား ၂၂ ဦး အိန္ဒိယနိုင်ငံသား ၂၀ ဦး ၊ နီပေါနိုင်ငံသား ၄၇ ဦး ၊ ပါကစ္စတန်နိုင်ငံသား ၂ ဦး ၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး တစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ 

အဖမ်းခံရ သူများသည် အပေါင်းတို့သည် အသက် ၂၀ မှ အသက် ၅၀ နှစ်အကြား အရွယ်များ ဖြစ်ကြပြီး အဖမ်းခံရသူများကို မလေးရှား ဥပဒေအရ အရေးယူ သွားမည် ဖြစ်သည်။ Manjung စစ်ဆင်ရေးကို နံနက်ငါးနာရီမှာ ပြီးဆုံးခဲ့ကြောင်း မလေးရှား Tv9 အစီအစဉ်မှာ ဖော်ပြထားသည်ကို မလေးရှားရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှများ သိရှိစေရန် အတွက် ဘာသာပြန် တင်ဆက်ပေးလိုက်ပါသည်။ 

သတင်း - Tv9 မလေးရှား ဘာသာပြန် - နေဇော်လင်း (မီဒီယာ) 

NAY ZAW LIN1 @ နေဇော်လင်း Free Online Media Malaysia (Radio & Tv Live) Free Online Tv Website - www.nayzawlin.com Free Media Website - www.malaysiaonlineradiomedia.com Free Facebook Acc - https://www.facebook.com/nay.zawlin1 Free 4D Facebook Page - https://www.facebook.com/nayzawlin18 Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။