မြန်မာတဦး မလေးရှား လေဆိပ်တွင် ထိန်းသိမ်းရိုက်နှက်ခံရ
မလေးရှားလေဆိပ်အာဏာပိုင်တွေ က မြန်မာနိုင်ငံ သားတဦးကို အကြောင်းမဲ့ထိန်း သိမ်းရိုက်နှက်ခဲ့တဲ့ အပေါ် စုံစမ်း စစ်ဆေးဖို့ အာဆီယံ လူထုဖိုရမ် အပါအ၀င် မလေးရှား လူမှုအဖွဲ့အ စည်းတချို့က တောင်းဆိုကြပါတယ်။
အာဆီယံလူထုဖိုရမ်တက်ဖို့ ဇန်န၀ါရီလ ၂၁ ရက်နေ့က မလေးရှားအသွား ကွာလာ လမ်ပူလေဆိပ်မှာ ကိုအောင်နိုင်ဝင်း (ခ) ရှိုင်း ရိုက်နှက်ခံခဲ့ရတဲ့ အပေါ် တောင်းဆိုခဲ့ကြ တာပါ။
ကာယကံရှင် ကိုအောင်နိုင်ဝင်း (ခ) ရှိုင်းက “အဲဒီနေ့က လေဆိပ်က လ၀က ကို ၀င်တဲ့ အခါကျတော့ ရုံးသွားခိုင်းတယ်။ ဟိုရောက်တော့ သူစာအုပ်ထပ်လိုက်တယ်။ ၁၀ မိနစ် လောက်ကြာတဲ့အခါကျတော့ ကျနော့်ကို အတွင်းထဲမှာဝင်ထိုင်ခိုင်းတ ယ်။ ဘာဖြစ်လို့ ထိုင်ခိုင်းလဲဆိုတော့လည်း ဘာမှ အကြောင်းမပြန်ဘူး။ ”
သူဟာ Malaysian Relief Agency (MRA) မှာ ညှိနှိုင်းဆောင်ရွက်ရေးမှူးအြ ဖစ်၂၀၁၂ ခုနှစ်ကတည်း အလုပ်လုပ်နေပြီး တလကို ၂ ကြိမ်လောက် ပုံမှန်အလုပ်ကိစ္စနဲ့ မလေးရှားကို သွားရောက်နေတာလို့ ပြောပါတယ်။
ဒီကိစ္စကို သူက MRA ကို အကြောင်းကြားသလို အာဆီယံလူထုဖိုရမ်ဆီကိုလည်း အကြောင်းကြားခဲ့ပါတယ်။ အဖွဲ့အစည်းတွေက ဆက်သွယ်မေးမြန်မှုတွေအပြီးမှာ ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ခံရသလို တယ်လီဖုန်းနဲ့ တခြားပစ္စည်းတွေလည်း သိမ်းဆည်းခံရတယ်လို့ ဆိုပါတယ်။
သူက “ ကျနော်လေယာဉ်ဆိုက်တာက ည ၈ နာရီ ၁၅၊ ၈ နာရီခွဲကျော်ကျော်လောက်မှာ ကျနော်တို့ကို မှန်ခန်းထဲ ထည့်ထားလိုက်တာပေါ့လေ။ ည ၁၂ နာရီလောက်မှာ ဗိုက်က တအား ဆာလာတယ်လေ။ အစားအသောက်လည်းမရှိတဲ့အခါကျ တော့
ငါ့ကို ရေနဲ့ ငါ့အထုပ်ထဲမှာ မုန့်ပါတယ်၊ မုန့်ယူခွင့်ပေးပါလို့ သူက
လုံးဝမလုပ်ဘူး။ နောက် ၃ နာရီလောက်မှာ ကျနော်သူတို့ကို ပြန်ပြောတယ်။ အဲဒီမှာ
နှစ်ဘားနဲ့အရာရှိက ၀င်လာပြီး မျက်ကို ပိတ်ပိတ်ထိုးတာ။ မျက်နှာကိုရိုက်တယ်။
ပြီးတော့ ကျနော့် ဂျိုစောင်းကို လက်သီးနဲ့ ပိတ်ထိုးတာ။ မင်းတို့ငါ့ကို
ဒီလို လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြန်ပြောတော့ ထပ်ထပ်ပြီးရိုက်တယ်။ အဲဒါနဲ့
ကျနော်ဘာမှ မပြောဘဲ ထောင့်နားလေးမှာ သွားထိုင်နေလိုက်တယ်။ အထဲမှာလည်း
လူအယောက် ၂၀၀ ကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။
ဖုန်းသိမ်းခံရတဲ့အတွက် မလေးရှားနိုင်ငံက မြန်မာသံရုံးကိုတော့ အကြောင်းမကြားဖြစ် တော့ဘူးလို့ ပြောပါတယ်။
နောက်နေ့မှာတော့ အရာရှိ ၃ ဦးက သူ့ကို လာတွေ့ပြီး အခြေအနေအရ ပြည်ဝင်ခွင့်မပြုနိုင်ဘူးလို့ ပြောကြောင်း၊ ပြည်ဝင်ခွင့်မပြုရင် ပြန်ပို့ပါလို့ ပြောတဲ့အတွက် ၂၃ ရက်နေ့မှာ မြန်မာပြည်ကို ပြန်လာခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်ပြန်ရောက်တဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးကို မေးမြန်းရာမှာလည်း သူတို့ကိုယ်တိုင် မပြောတတ်နိုင်ဘဲ ခုထက်ထိ ဘာကြောင့် ချုပ်နှောင်ထိုးကြိတ်ခံရတယ် ဆိုတာ မသိသေးဘူးလို့ဆိုပါတယ်။ ဒီကိစ္စကို မြန်မာအစိုးရအာဏာပိုင်တွေထံ မှာ တိုင်ကြားခြင်းတော့ မရှိဘူးလို့ သူက ပြောပါတယ်။
သူ့ရုံးချုပ်ကလည်း မေးမြန်းချက်တွေအရ မလေး အာဏာပိုင်တွေက နာမည်ပျက်စာရင်း ပါတဲ့ နာမည်တခုနဲ့ မှားပြီး လုပ်လိုက်တဲ့ ပုံစံမျိုးမှာရှိတယ်လို့ ပြောပါတယ်။
DVB TV News
http://burmese.dvb.no/ archives/79250
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free Facebook Acc - https://www.facebook.com/ nay.zawlin1
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
မလေးရှားလေဆိပ်အာဏာပိုင်တွေ
အာဆီယံလူထုဖိုရမ်တက်ဖို့ ဇန်န၀ါရီလ ၂၁ ရက်နေ့က မလေးရှားအသွား ကွာလာ လမ်ပူလေဆိပ်မှာ ကိုအောင်နိုင်ဝင်း (ခ) ရှိုင်း ရိုက်နှက်ခံခဲ့ရတဲ့ အပေါ် တောင်းဆိုခဲ့ကြ တာပါ။
ကာယကံရှင် ကိုအောင်နိုင်ဝင်း (ခ) ရှိုင်းက “အဲဒီနေ့က လေဆိပ်က လ၀က ကို ၀င်တဲ့ အခါကျတော့ ရုံးသွားခိုင်းတယ်။ ဟိုရောက်တော့ သူစာအုပ်ထပ်လိုက်တယ်။ ၁၀ မိနစ် လောက်ကြာတဲ့အခါကျတော့ ကျနော့်ကို အတွင်းထဲမှာဝင်ထိုင်ခိုင်းတ
သူဟာ Malaysian Relief Agency (MRA) မှာ ညှိနှိုင်းဆောင်ရွက်ရေးမှူးအြ
ဒီကိစ္စကို သူက MRA ကို အကြောင်းကြားသလို အာဆီယံလူထုဖိုရမ်ဆီကိုလည်း
သူက “ ကျနော်လေယာဉ်ဆိုက်တာက ည ၈ နာရီ ၁၅၊ ၈ နာရီခွဲကျော်ကျော်လောက်မှာ ကျနော်တို့ကို မှန်ခန်းထဲ ထည့်ထားလိုက်တာပေါ့လေ။ ည ၁၂ နာရီလောက်မှာ ဗိုက်က တအား ဆာလာတယ်လေ။ အစားအသောက်လည်းမရှိတဲ့အခါကျ
ဖုန်းသိမ်းခံရတဲ့အတွက် မလေးရှားနိုင်ငံက မြန်မာသံရုံးကိုတော့ အကြောင်းမကြားဖြစ် တော့ဘူးလို့ ပြောပါတယ်။
နောက်နေ့မှာတော့ အရာရှိ ၃ ဦးက သူ့ကို လာတွေ့ပြီး အခြေအနေအရ ပြည်ဝင်ခွင့်မပြုနိုင်ဘူးလု
ရန်ကုန်ပြန်ရောက်တဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးကို မေးမြန်းရာမှာလည်း သူတို့ကိုယ်တိုင် မပြောတတ်နိုင်ဘဲ ခုထက်ထိ ဘာကြောင့် ချုပ်နှောင်ထိုးကြိတ်ခံရတယ်
သူ့ရုံးချုပ်ကလည်း မေးမြန်းချက်တွေအရ မလေး အာဏာပိုင်တွေက နာမည်ပျက်စာရင်း ပါတဲ့ နာမည်တခုနဲ့ မှားပြီး လုပ်လိုက်တဲ့ ပုံစံမျိုးမှာရှိတယ်လို့ ပြောပါတယ်။
DVB TV News
http://burmese.dvb.no/
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free Facebook Acc - https://www.facebook.com/
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/
0 comments:
Post a Comment