Home » , » ကင်မရွန်ဟိုက်လန်း တွင် ရေကြီးမှုဖြစ်ပြီးနောက် အထူး အော်ပရာစီ ဖမ်းစီး

ကင်မရွန်ဟိုက်လန်း တွင် ရေကြီးမှုဖြစ်ပြီးနောက် အထူး အော်ပရာစီ ဖမ်းစီး

Written By မောင်စေတနာ on Tuesday, November 11, 2014 | 4:34:00 PM


ကင်မရွန်ဟိုက်လန်း တွင် ရေကြီးမှုဖြစ်ပြီးနောက် အထူး အော်ပရာစီဖမ်းစီး
*****************************************************************

မလေးရှား
သတင်း (10.11.2014)

မလေးရှား နိုင်ငံ၏ အဓိက စိုက်ပျိုးရေး ဒေသတစ်ခု ဖြစ်ပြီး နိုငငံခြား သား များအတွက် ဆွဲဆောင်မှုတစ်ခုလည်းဖြစ်သည် ကင်မရွန်ဟိုက်လန်း တောင်ပေါ်တစ်လျှောက် တွင် ရေကြီးမှုဖြစ်ပွားပြီးနောက် မလေးရှား လဝက ဝန်ကြီးဌာန ၏ တရားမဝင်နေထိုင်သူများကို ရှင်းလင်းရေး အမည်ဖြင့် အဆိုပါ ကင်မရွန်ဟိုက်လန်းသို့ အထူးအော်ပရာစီတစ်ခု မနေ့ 9.11.2014 က ပြုလုပ်သွားခဲ့သည်။

အဆိုပါ အော်ပရာစီတွင် သက်ဆိုင်ရာ ဖမ်းဆီးရေး အဖွဲ့များ နှင့်UN အဖွဲ့အစည်းများအပါဝင် တရားဝင်နေထိုင်သူများ ဟုတ်မဟုတ် ချက်ခြင်းစစ်ဆေးကာ မြန်မာနိုင်ငံသားများ အပါဝင် တရားမဝင်နေထိုင်သူ 191 ဦးအား ဖမ်းဆီးသွားခဲ့သည် ။

လဝက ဝန်ကြီး မှ အဆိုပါဖမ်းဆီးမှုအတွက် ကင်မရွှန် ဟိုက်လန်း ၊ အီပို့ ၊ ပါလစ် ၊ ကဲဒ စသော ဒေသများအတွင်း တရားမဝင်နေထိုင်သူများ ကို အဆုံးသတ်လျှော့ချပစ်ရန် ဆက်တိုက်ဆောင်ရွက်နေသည်ဖြစ်ကြောင်းကိုလည်း သတင်းဌာနများသို့ပြောကြား လိုက်ကြောင်း သိရပါသည် ။

ဖမ်းဆီးရာတွင် ပတ်စပို့ ပါမစ် (သို့) UN ကဒ် မူရင်း ကိုင်ဆောင်သည်ဖြစ်စေ ၊ မိတ္တူ ကိုင်ဆောင်သည်ဖြစ်စေ မှန်ကန်မှုရှိမရှိ ချက်ခြင်းစစ်ဆေးကာ တရားမဝင်နေထိုင်သည်ဆိုပါက တစ်ဆက်တည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

ဝန်ကြီးမှ UN ကဒ်ကိုင်ဆောင်ထားသူများအား မည်သို့ ကြီးကြပ်ရမည်ကို UNHCR သို့ တိုက်ရိုက်အကြောင်းကြားထားမည်ဖြစ်ပြီး မလေးရှား ဥပဒေအား ချိုးဖောက်ပါက မည်သူမဆို အရေးယူခံရမည်ဖြစ်ကြောင်း ကို ထပ်မံပြောကြားသွားခဲ့သည် ။

ကင်မရွန်ဟိုက်လန်း ၏ အဆိုပါ ဖမ်းဆီးမှုကို မလေးရှားရောက်မြန်မာများသိရှိစေရန် ကျွန်တော်တို့ ရေးသားတင်ဆက်ပေးပါသည်။

မလေးရှားရှိ တရားမဝင်ဖြစ်နေသူများအနေဖြင့် မိမိတို့ ဆန္ဒ အလျှောက် မြန်မာပြည်သို့ တရားဝင်ပြန်လိုပါက ကျွန်တော်တို့မလေးရှားရောက်မြန်မာများစာမျက်နှာမှတဆင့် စာပို့ အကူညီတောင်းနိုင်သလို မြန်မာသံရုး ၊ osc တို့တွင် လည်း တရားဝင်ပြန်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်းကိုလည်း ထပ်မံ အသိပေးတင်ဆက်လိုက်ရပါတယ်ခင်ဗျာ ။

မလေးရှားရောက်မြန်များ Official Facebook Page
www.facebook.com/mmrinmy

Ref : Banama , Thestar
Photo : Thestar Online
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။