ဆရာဝပ် ကျောက်မီးသွေး တွင်း ပေါက်ကွဲမှု မြန်မာများ ပါဝင်
************************** ************************** ********
မလေးရှား
သတင်း (23.11.2014)
သတိ - (သေဆုံးဒဏ်ရာရရှိသူများပုံပါဝင်သည်)
Graphic Image Warning !
မလေးရှားနိုင်ငံ အရှေ့ခြမ်းပြည်နယ်တစ်ခုဖြစ် သော ဆရာဝပ်ဒေသရှိ ကျောက်မီးသွေးတွင်း တွင် မနေ့ တနင်္ဂနွေနေ့က သဘာဝ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ ရာမှ ထိုကျောက်မီးသွေးမိုင်းတွင် သွားရောက်အလုပ်လုပ်ကိုင်လျှ က်
ရှိသော မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးသေဆုံးပြီး 6 ဦးဒဏ်ရာ
ရရှိကြောင်း ယနေ့သတင်းများတွင် ခေါင်းကြီးသတင်းအဖြစ် ဖော်ပြသွားခဲ့သည် ။
သေဆုံးသူမြန်မာနိုင်ငံသားမှာ ထွန်းထွန်းဝင်း အသက် 36 နှစ် ဖြစ်ကြောင်းကိုလည်း သတင်းဌာနများက ယနေ့ထုတ်ပြန်ထားခဲ့သည် ။
**************************
မလေးရှား
သတင်း (23.11.2014)
သတိ - (သေဆုံးဒဏ်ရာရရှိသူများပုံပ
Graphic Image Warning !
မလေးရှားနိုင်ငံ အရှေ့ခြမ်းပြည်နယ်တစ်ခုဖြစ်
သေဆုံးသူမြန်မာနိုင်ငံသားမှ
အဆိုပါ ပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားအပါအဝင် မြောက်ကိုရီးယားနိုင်ငံသား အသက် 29 နှစ် တစ်ဦး နှင့် အင်နိုနီးရှားနိုင်ငံသား အသက် 38 နှစ်ရှိသူတစ်ဦး စုစုပေါင်း 3 ဦးသေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ မြန်မာနိုင်ငံသား 6 ဦး ၊ အင်ဒိုနီးရှားနိုင်ငံသား 9 ဦး ၊ မြောက်ကိုရီးယားနိုင်ငံသား 7 ဦး ၊ ဘင်္ဂလား နိုင်ငံသား 2 ဦး စုစုပေါင်း 29 ဦး ထိ ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်
ထိုမိုင်းတွင် အလုပ်လုပ်သူ နိုင်ငံခြားသား 119 ဦးတွင် အဓိက မြောက်ကိုရီးယား နိုင်ငံသားများ ဖြစ်ပြီး မြန်မာနိုင်ငံသား 29 ဦး ပါဝင်သည် ။
အဆိုပါ ကျောက်မီးသွေး မိုင်းတွင် အလုပ်လုပ်သူ မှာ ကနဦး 50 ကျော်ရှိကာ အများစုမှာ မနှစ်က အလုပ်ရှင်၏ ဖိအား နှင့် လုပ်ငန်းတွင်း အဆင်မပြေမှု ကြောင့် မြန်မာသံရုံးရှိ တာဝန်ရှိသူများထံ တိုင်ကြားမှုရှိခဲ့သော လုပ်ငန်းဖြစ်သည် ။ အဆိုပါ ပြဿနာများကြောင့် မြန်မာသံရုံး ရှိ အလုပ်သမားရေးရာတာဝန်ခံ မှ တာဝန်ရှိသူများ ပို့ဆောင်သူ အလုပ်သမားအေဂျင်စီးများ ထိုဒေသသို့သွားရောက် ကာ ပြန်လိုသူများကို မြန်မာပြည်သို့ ပြန်ပို့ခဲ့ပြီး ယခု ကျန်သူများမှ ထိုကဲ့သို့ အန္တရယ်နှင့် ကြုံတွေ့ရခြင်းဖြစ်သည်။
ယခု ကဲ့သို့ မြန်မာအလုပ်သမားများ သေဆုံးမှုကြောင့် ယနေ့ ညနေ မြန်မာသံရုံးရှိ မြန်မာအလုပ်သမားရေးရာ တာဝန်ခံ နှင့်တာဝန်ရှိသူများ အခင်းဖြစ်ပွားရာ နေရာသို့သွားရောက်နေကြောင်း
ဆရာဝပ်ဒေသသည် မြန်မာနိုင်ငံသားများ သာမက အခြား နိုင်ငံသားများ အတွက်ပါ သွားရေး ခက်ခဲသော ဒေသဖြစ်သလို မြန်မာနိုင်ငံသားများ ထပ်မံသွားရောက်ရန် တားမြစ်ထားသော ဒေသဖြစ်ကြောင်းလည်းသိရသည် ။
တွင်းသက်တမ်း 8 နှစ်ရှိ အဆိုပါ ကျောက်မီးသွေးတွင်း သည် ယနေ့အထိ ပေါက်ကွဲမှု အဆုံးမသတ်ပေးပဲ ဆက်လက် ပေါက်ကွဲလျှက်ရှိနေကြောင်းသ
မလေးရှားနိုင်ငံတွင် သဘာဝ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု နောက်ဆုံးဖြစ်ပွားခဲ့သည့် အချိန်မှာ 2012 ခုနှစ်ဖြစ်ပြီး တရုတ်နိုင်ငံသား 4 ဦးသေဆုံးခဲ့သည့် ဖြစ်ရပ် ရှိခဲ့ကြောင်း ကို မလေးရှားရောက်မြန်မာနိုင်ငံ
ဆက်လက်သတင်းများ ရှိပါက ဘာသာပြန်တင်ဆက်ပေးသွားမည်။
မလေးရှားရောက်မြန်မာများ Official Facebook Page
www.facebook.com/mmrinmy
Source - Thestar , Metro , Wordpress
Photo : weehingthong
0 comments:
Post a Comment