Home » , » ဖုန်းဝယ်တာ အလိမ်ခံရ ပြန်ပြီ (ကေအယ် - မလေးရှား)

ဖုန်းဝယ်တာ အလိမ်ခံရ ပြန်ပြီ (ကေအယ် - မလေးရှား)

Written By မောင်စေတနာ on Monday, November 10, 2014 | 11:32:00 PM


ဖုန်းဝယ်တာ အလိမ်ခံရ ပြန်ပြီ (ကေအယ် - မလေးရှား)

ဒီနေ့ နေ့လည်က မြန်မာနှစ်ယောက် ကေအယ် မိုင်ဒင်းဘေးမှာ  ရှိတဲ့ တရုတ်တွေ ဖုန်းရောင်းတဲ့ ဆိုင်မှာ Lenovo ဖုန်းတစ်လုံးကို  ၄၀၀ ရတယ် ဈေးတော်တယ် ဆိုပြီး ဝယ်လိုက်မိလို့ ဖုန်းလည်း  မရဘူး ပိုက်ဆံ ၄၀၀ ရာလည်း ဆုံးသွားခဲ့ပါတယ်။

ဖုန်းမဝယ်ခင်က ဈေးက ၄၀၀ ပြောတယ် ။ ဖုန်းကိုင်ပြီးတော့ အကုန်အပြီးအစီး ၁၀၀၀ ထပ်ပေးရမယ်လို့ ပြောတယ်။ နောက်ထပ် ၁၀၀၀ ထပ်ပေးရင် ဖုန်းရမယ်။ မပေးရင် ဖုန်းလည်းမရဘူး ပိုက်ဆံ ဆုံးမယ်လို့ ပြောပါတယ်။

အများနဲ့ နှစ်ယောက်ဆိုတော့ ပိုက်ဆံ ၄၀၀ အဆုံးခံပြီး ပြန်လာခဲ့ပါလို့ ကျနော်ကို ရှင်းပြခဲ့ပါတယ်။ သူတို့က လူမိုက်တွေ ရဲတွေနဲ့ အုပ်စုတွေနဲ့ ရှိနေကြတာ သူတို့နဲ့ မပက်သက်တာ ကောင်းပါတယ်။ ပြသနာဖြစ်ရင် ကျနော်တို့ပဲ ခံရမှာပါ။ 

ကျနော်တို့လို နောက်ထပ် ရွှေမြန်မာများ အလိမ်မခံရအောင် အသိပေးပါလို့ ရင်ဖွင့်လာပါတယ်။ ကျနော် အတန်တန် သတိပေးနေတဲ့ ကြားကနေ အခုလို ဖြစ်သွားတာ စိတ်မကောင်းပါဘူး ကိုတာရာယာတို့ မိုင်ဒင်းတို့နေရာမှာ နေ့စဉ်နဲ့ အမျှ မြန်မာတွေ ဖုန်းဝယ်တာကို အလိမ်ခံ နေရပါတယ်။

ကိုယ့်လုပ်အားလေးနဲ့ ရှာထားတဲ့ငွေ အလိမ်ခံရလို့ ကုန်သွားတာ စိတ်မကောင်းပါဘူးဗျာ။ နောက်ထပ် အခုလို မဖြစ်ပါစေနဲ့သာ ဆန္ဒပြု ဆုတောင်းပေး လိုက်ပါတယ်။

မလေးရှားရောက် ရွှေမြန်မာများ သတိထားနိုင်ကြပါစေ။

NAY ZAW LIN1 @ နေဇော်လင်း1
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။