Home » , » မြန်မာဆိုင်တန်းရှိ MYDIN ကုန်တိုက်အနီး ဖုန်းရောင်း ဟန်ဆောင်ကာ လုယက်မှုဖြစ်

မြန်မာဆိုင်တန်းရှိ MYDIN ကုန်တိုက်အနီး ဖုန်းရောင်း ဟန်ဆောင်ကာ လုယက်မှုဖြစ်

Written By မောင်စေတနာ on Thursday, October 16, 2014 | 12:46:00 PM



မြန်မာဆိုင်တန်းရှိ MYDIN ကုန်တိုက်အနီး ဖုန်းရောင်း ဟန်ဆောင်ကာ လုယက်မှုဖြစ်

***************************************************************************

မလေးရှား
သတိပေးချက် (အထူး)

မလေးရှား ကွာလာလမ်ပူ ၊ မြန်မာဆိုင်တန်းများအနီး တွင်ရှိသော MYDIN ကုန်တိုက် အနီးတဝိုက်တွင် IPHONE - SAMSUNG ဖုန်းအတုများ ကိုင်ဆောင်ကာ အတင်းလိုက်လံရောင်းချ နေသူ အများအပြား ရှိနေသည်ကို ကျွန်တော်တို့ စာမျက်နှာမှ နှစ်စဉ် သတိပေးတင်ဆက်ခဲ့ဘူးသည် ။ ထို့အတူ အဆိုပါ မိုင်ဒင်း နှင့် ကိုတာယာရှိ ဖုန်းဆိုင်းများတွင် ဖုန်း ၊ ဖုန်းနှင့်ပတ်သက်သော ပစ္စည်း ၊ ဘက်ထရီ စသဖြင့် မည်သည့် အရာမှ မဝယ်မိစေရန် မကြာခဏ သတိပေးခဲ့ပါသည် ။

ယနေ့ အဆိုပါ လမ်းလျှောက် ဖုန်းရောင်းသူများ မှ ဇြတ်သွားသော လမ်းသွားလမ်းလာများထဲမှ နိုင်ငံခြားသား အလုပ်သမားပုံပေါက်သည့် သူ များအား အိုင်ဖုန်း တစ်လုံး ၅၀၀ ရင်းဂစ် သာ ပေးဝယ်ရန် အတင်း လိုက်ဆွဲ ကာ ရောင်းချပြီး မဝယ်သော အခါ လူစု၍ ပါသော ပစ္စများ ယူဆောင်ကာ ငွေညှစ်သည့် အဖြစ်အပျက် ဖြစ်ပွားခဲ့သည် ။

ယခုရောင်းချခံရသူများမှာ မြန်မာများဖြစ်ပြီး ငွေ ရင်းဂစ် ၁၀၀၀ ပေးမှသာ ပြန်လွတ်မည်ဖြစ်ကြောင်း ဖုန်းအား ဝယ်မယ်ပြောပြီး သောကြောင့် ပါကင်ဖောက်လိုက်ပြီဖြစ်ကြောင်း နှင့် ငွေပေးရန်လိုကြောင်း အကြောင်းပြကာ မြန်မာ ၂ ဦးမှ တစ်ဦး၏ ငွေ ၅၀၀ အား လုယူကာ လူပါ ခေါ်ဆောင်ထားခဲ့ပြီး ကျန်တစ်ဦးအား နောက်ထပ်ငွေ လိုသော ၅၀၀ ယူခဲ့ရန် ပြောလွတ်လိုက်သည် ။

ထို ကျန်တစ်ဦးမှ ကျွန်တော်တို့ထံဖုန်းဆက်အကူညီတောင့်းသောကြောင့် အနီးစပ်ဆုံး ရဲစခန်းသို့ ဖုန်ဆက်အကြောင်းကြားကာ ရဲခေါ်ဆောင်သွားမှသာ ပါလာသော ဖုန်း နှင့်ငွေအား ပြန်လည်ရရှိလာခဲ့သည် ။

ထိုသို့သော သူများ နိုင်ငံခြားသားများ လာလေ့ရှိသော ကိုတာယာရာ - မိုင်ဒင်း တို့တစ်ဝိုက်တွင်နေ့စဉ်ကြက်စားလေ့ရှိသည် ။ မည်သည့်အရာမှ သွားရောက်မကိုင်ကြည့်မိစေရန် သတိပြုပါ ။ ထိုသူများအားလုံး ကောင်းရောင်းကောင်းဝယ် လုပ်စားသူများမဟုတ်ကြောင်း ထပ်မံသတိပေးသည် ။ နေ့စဉ်လည်း အလားတူပြဿနာများ ဖြစ်လေ့ရှိသည် ။

ဆက်လက်ပြီး မြန်မာများအားလုံး မဖြစ်မနေသိရှိရန်လိုသည်မှာ အဆိုပါ နေရာ ၂ ခုတွင် မည်သည့် ဖုန်းမှ မဝယ်မိစေရန် မစုံစမ်းမိစေရန် အထူးသတိပေးပါသည် ။

ဝယ်မိပါက နောက်ဆုံး အတု နှင့် အစုတ်သာ ရလိမ့်မည်ဖြစ်ကြောင်းအသိပေသည် ။ မလေးတာဝန်ရှိသူများ ရှိသောလည်း ဖြစ်လာလျှင် အကူညီတောင်းရ အလွန်ခက်သောကြောင့် ထို ဆိုင်များ ၊ လမ်းလျှောက် ရောင်းသူများ မည်သည့် သူမှမဆို မြန်မာဆိုင်တန်းတစ်လျှောက် မြန်မာဆိုင်များမှလွဲပြီး ဖုန်းမဝယ် ၊ မစုံစမ်းရန် ယနေ့ အထူး ထပ်မံတိုက်တွန်းသည် ။ ဖြစ်နိုင်လျှင် ဖုန်းသာမက မည်သည့် ကာဘာ ၊ ချာဂျာမှမဝယ်လေကောင်းလေဖြစ်ပါသည် ။

ဖေ့ဘုတ် သုံးသူများ အနေဖြင့် လည်း ယခု ကိစ္စများကို မိမိတို့သူငယ်ချင်းများဆီသို့ ဆက်လက် လက်ဆင့်ကမ်း အသိပေးကြရန်လည်း တိုက်တွန်းအပ်ပါသည် ။

မလေးရှားရောက်မြန်မာများ official facebook page
www.facebook.com/mmrinmy

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။