မလေးရှားက ဂိမ်းဆိုင်တွေမှာ လုပ်နေတဲ့ ရွှေမြန်မာ ညီအစ်ကို မောင်နှမများ အားလုံးအတွက် အသိပေးချင်ပါတယ်။
အခု ရက်ပိုင်း(နှစ်ပတ် အတွင်း)မှာ ဂိမ်းဆိုင်တွေကို အော်ပရာဇီ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပါတယ်။
နာမည်ကြီး နာမည်ရှိတဲ့ ဂိမ်းဆိုင်တော်တော်များများ အခုရက်ပိုင်းမှာ ခဏပိတ်ထားပြီး အော်ပရာဇီ ရှောင်နေတာကို သိရှိရပါတယ် ခင်ဗျာ။
ဂိမ်းဆိုင်မှာ လုပ်နေတဲ့ ကျနော် အသိတွေလည်း ခဏအလုပ်ကနေ သူဌေးတွေက နားခိုင်းထားပါတယ်။
အထောက်အထား မရှိတဲ့ ညီအစ်ကို မောင်နှမများ အတွက် ကျနော် သတိပေးလိုက်တာပါ။
မလေးရှားမှာ အစစအရာရာ သတိထားကြပါ။
ဟောင်ဖွာ ဟောင်ဖွာ ပြောနေတဲ့ သူတွေ တစ်ခုခု ဖြစ်ရင် ကူညီမည့်သူ မရှိပါဘူး။ ကိုယ့်ဖြစ်ရင် ကိုယ်ပဲခံရတာပါ။
ကိုယ့်ကိုယ့်ကို ဂရုစိုက် အသိရှိပြီး နေထိုင် သွားလာကြပါ ခင်ဗျာ။
မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ အလုပ်အကိုင်များ အဆင်ပြေပြီး မိမိတို့ မိသားစု အိမ်သို့ ငွေပို့ နိုင်ကြပါစေ။
လိုရာ ဆန္ဒပြည့်ဝကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်စွာဖြင့် အလုပ်များကို လုပ်ဆောင်နိုင်ပါစေ။
နေဇော်လင်း (ORMM)
Nay Zaw Lin1@ နေဇော်လင်း
Free Online Media Malaysia (Radio & Live Tv)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
0 comments:
Post a Comment