အရာရာကို အကောင်းဘက်မှ မြင်ခြင်း (စာပေ အသိပညာ ဗဟုသုတ)
အရာရာကို အကောင်းဘက်မှ မြင်ခြင်းရုံခန်းတစ်ခုမှာ အမျိုးသမီး နှစ်ယောက် စကားပြောနေတယ်။
ပမထ အမျိုးသမီး ။ ။ ညနေခင်းကို ရောက်ရင် ပျော်တယ်။ နင်ရော။
ဒုတိယ အမျိုးသမီး ။ ။ ငါကတော့ ညနေခင်းရောက်မှာကို ကြောက်တယ်။ ငါ့ယောက်ျားက အပြင်မှာ ထမင်းစားလာတယ်လေ။ အိမ်မှာ ငါတစ်ယောက်တည်း ထမင်းစားရတယ်။ သူက အိမ်ပြန်ရောက်လို့ ၃ မိနစ်လောက်ကြာရင်လဲ စကားတောင် မပြောဘူး အိပ်သွားရော။
ပမထ အမျိုးသမီး ။ ။ နင့်ယောက်ျား အတော်ထူးဆန်းတာပဲ။ ငါ့ယောက်ျားကတော့ ညနေရောက်ရင် ငါစားဖို့အတွက် အပြင်မှ တစ်ခုမဟုတ်ရင် တစ်ခုဝယ်လာတယ်။ ညနေစာ စားပြီးရင်လည်း တစ်နာရီလောက် လမ်းလျှောက်ထွက်တယ် အိမ်ပြန်ရောက်ရင် ဘုရားမီး ပှုဇော်တယ် ဘုရားရှိခိုးတယ်။ တစ်အိမ်လုံး ဖယောင်းတိုင်တွေ ထွန်းတာတယ်။ အိမ်ယာဝင်ခါနီးရင် ငါ့ကို ပုံပြင်ပြောပြတယ်။ ပြီးမှ အိပ်တယ်။ တစ်ချိန်တည်းမှာပဲ သူမတို့၏ ယောက်ျား နှစ်ယောက်ဟာလည်း စကားပြောကြနေကြတယ်။
ပထမ ယောက်ျား ။ ။ ညနေခင်းမှာ မင်းဘာတွေလုပ်လဲ။
ဒုတိယ ယောက်ျား ။ ။ ညနေရောက်ရင် ငါ အိမ်ကို ပြန်တယ်။ ငါ့မိန်းမနှင့်အတူ ညစာစားတယ်။ ပြီးတော့ အိပ်တာပေါ့။ မင်းရော.....
ပထမ ယောက်ျား ။ ။ ညနေရောက်မှာကို ငါကြောက်တယ်။ ငါအိမ်ပြန်ရင်လည်း ညစာစားဖို့ မရှိဘူး။ ငါဘေမဆောင်နိုင်လို့ ငါတို့အိမ်ကို မီးဖြတ်ထားတယ်။ ဒါကြောင့် ညစာမချက်နိုင်ဘူး။ အပြင်မှာ ကလည်း ဈေးကြီးလို့ ငါတို့ဝယ် မစားနိုင်ဘူး။ ပိုက်ဆံအကုန်အကျ သက်သာအောင် အလုပ်ကနေ အိမ်ကို ၂ နာရီလောက် လမ်းလျှောက်တယ်။ အိမ်မှာ မီးမလာလို့ တစ်အိမ်လုံးကို ဖရောင်းတိုင်တွေ ထွန်းထားရတယ်။
သင်ခန်းစာ - ပထမ အမျိုးသမီးက သူတို့ ဆင်းရဲသောကြောင့် လျှပ်စစ်မီး မသုံးနိုင်ဘူး။ မီးမရှိသောကြောင့် ထမင်းနဲ့ ဟင်းမချက်နိုင်ဘူး။ ပိုက်ဆံ မရှိသောကြောင့် အိမ်ကိုလမ်းလျှောက်ပြန်ရတယ် လို့ မပြောဘဲနဲ့ ဆင်းရဲမှုတွေကို ပျော်ရွှင်မှုတစ်ခု မဖြစ်အသွင်ပြောင်းကာ ဘဝကို စိတ်ဓာတ်မကြဘဲ ရပ်တည်နေပုံကို ရည်ညွှန်းထားတာပါ။
ဥပမာ - ရေခွက်တစ်ခွက်တည်းမှာ ရေတစ်ဝက်ရှိတယ် ဆိုပါစို့။ ရေတစ်ဝက်ပဲ ကျန်တော့တယ်လို့ သုံးမယ့် အစား ရေတစ်ဝက်ကြီး များတောင် ကျန်ပါသေးလားလို့ သုံးနိုင်ပါတယ်။ အရာရာကို အကောင်းဘက်က မြင်နိုင်လေ စိတ်ချမ်းသာလေသာ ဖြစ်ပါလိမ့်မယ်။
ရိုးရာလေး
http://www.yoyarlay.com/ book/book/short-story/ 40352-2014-03-21-07-42-59
နေဇော်လင်း
Free Online Media Malaysia(Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
အရာရာကို အကောင်းဘက်မှ မြင်ခြင်းရုံခန်းတစ်ခုမှာ အမျိုးသမီး နှစ်ယောက် စကားပြောနေတယ်။
ပမထ အမျိုးသမီး ။ ။ ညနေခင်းကို ရောက်ရင် ပျော်တယ်။ နင်ရော။
ဒုတိယ အမျိုးသမီး ။ ။ ငါကတော့ ညနေခင်းရောက်မှာကို ကြောက်တယ်။ ငါ့ယောက်ျားက အပြင်မှာ ထမင်းစားလာတယ်လေ။ အိမ်မှာ ငါတစ်ယောက်တည်း ထမင်းစားရတယ်။ သူက အိမ်ပြန်ရောက်လို့ ၃ မိနစ်လောက်ကြာရင်လဲ စကားတောင် မပြောဘူး အိပ်သွားရော။
ပမထ အမျိုးသမီး ။ ။ နင့်ယောက်ျား အတော်ထူးဆန်းတာပဲ။ ငါ့ယောက်ျားကတော့ ညနေရောက်ရင် ငါစားဖို့အတွက် အပြင်မှ တစ်ခုမဟုတ်ရင် တစ်ခုဝယ်လာတယ်။ ညနေစာ စားပြီးရင်လည်း တစ်နာရီလောက် လမ်းလျှောက်ထွက်တယ် အိမ်ပြန်ရောက်ရင် ဘုရားမီး ပှုဇော်တယ် ဘုရားရှိခိုးတယ်။ တစ်အိမ်လုံး ဖယောင်းတိုင်တွေ ထွန်းတာတယ်။ အိမ်ယာဝင်ခါနီးရင် ငါ့ကို ပုံပြင်ပြောပြတယ်။ ပြီးမှ အိပ်တယ်။ တစ်ချိန်တည်းမှာပဲ သူမတို့၏ ယောက်ျား နှစ်ယောက်ဟာလည်း စကားပြောကြနေကြတယ်။
ပထမ ယောက်ျား ။ ။ ညနေခင်းမှာ မင်းဘာတွေလုပ်လဲ။
ဒုတိယ ယောက်ျား ။ ။ ညနေရောက်ရင် ငါ အိမ်ကို ပြန်တယ်။ ငါ့မိန်းမနှင့်အတူ ညစာစားတယ်။ ပြီးတော့ အိပ်တာပေါ့။ မင်းရော.....
ပထမ ယောက်ျား ။ ။ ညနေရောက်မှာကို ငါကြောက်တယ်။ ငါအိမ်ပြန်ရင်လည်း ညစာစားဖို့ မရှိဘူး။ ငါဘေမဆောင်နိုင်လို့ ငါတို့အိမ်ကို မီးဖြတ်ထားတယ်။ ဒါကြောင့် ညစာမချက်နိုင်ဘူး။ အပြင်မှာ ကလည်း ဈေးကြီးလို့ ငါတို့ဝယ် မစားနိုင်ဘူး။ ပိုက်ဆံအကုန်အကျ သက်သာအောင် အလုပ်ကနေ အိမ်ကို ၂ နာရီလောက် လမ်းလျှောက်တယ်။ အိမ်မှာ မီးမလာလို့ တစ်အိမ်လုံးကို ဖရောင်းတိုင်တွေ ထွန်းထားရတယ်။
သင်ခန်းစာ - ပထမ အမျိုးသမီးက သူတို့ ဆင်းရဲသောကြောင့် လျှပ်စစ်မီး မသုံးနိုင်ဘူး။ မီးမရှိသောကြောင့် ထမင်းနဲ့ ဟင်းမချက်နိုင်ဘူး။ ပိုက်ဆံ မရှိသောကြောင့် အိမ်ကိုလမ်းလျှောက်ပြန်ရတယ်
ဥပမာ - ရေခွက်တစ်ခွက်တည်းမှာ ရေတစ်ဝက်ရှိတယ် ဆိုပါစို့။ ရေတစ်ဝက်ပဲ ကျန်တော့တယ်လို့ သုံးမယ့် အစား ရေတစ်ဝက်ကြီး များတောင် ကျန်ပါသေးလားလို့ သုံးနိုင်ပါတယ်။ အရာရာကို အကောင်းဘက်က မြင်နိုင်လေ စိတ်ချမ်းသာလေသာ ဖြစ်ပါလိမ့်မယ်။
ရိုးရာလေး
http://www.yoyarlay.com/
နေဇော်လင်း
Free Online Media Malaysia(Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/
0 comments:
Post a Comment