Home » , » ဖုန်းမုဆိုးများရဲ့ သားကောင် အဖြစ်မှ ကင်းဝေးစေရန် ဒီစာလေးကို ဖတ်ကြည့်ပါ။

ဖုန်းမုဆိုးများရဲ့ သားကောင် အဖြစ်မှ ကင်းဝေးစေရန် ဒီစာလေးကို ဖတ်ကြည့်ပါ။

Written By မောင်စေတနာ on Saturday, September 27, 2014 | 5:42:00 PM

 

ဖုန်းမုဆိုးများရဲ့ သားကောင် အဖြစ်မှ ကင်းဝေးစေရန် ဒီစာလေးကို ဖတ်ကြည့်ပါ။ 

============================================= 

 ဒီကနေ့အတွက်တော့ မိတ်ဆွေများကို တစ်ခုလောက် သတိပေး အကြံပြုစာလေး ရေးပေးချင်ပါတယ် ခင်ဗျာ။ဘာလဲဆိုတော့ ခုတစ်လော မြန်မာပြည်မှာကော မြန်မာနိုင်ငံသားအများစုရှိတတ်တဲ့နေရာတွေမှာ အလုပ်ကို လက်ကြောတင်းတင်း မလုပ်ကြပဲ ဖုန်းလေးတွေကို လက်ကနေကိုင်ပီး ပါးစပ်က အရည် တရွှန်းရွှန်းနေအောင် ပြောဆိုပီး မ၀ယ်ချင့်ဝယ်ချင်အောင် ကလီကမာတွေပြော၊ကျနေအောင်ပြောပီး ရိုးသားတဲ့ အခြေခံလူတန်းစားတွေ၊ ဖုန်းအကြောင်းနားမလည်တဲ့လူတွေကို ပစ်မှတ်ထားကာ ဂွင်ဆင်ပီး စနစ်တစ်ကျ ပိပိရိရိလိမ်နေကြပါတယ်။ 

ဒါနဲ့ပတ်သက်လို့ ကျနော့်အနေနဲ့ ရသမျှ ဖုန်းနဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို တင်ပြချင်ပါတယ်။ ဟိုတစ်ရက်က kalang က ကျနော့်သူငယ်ချင်း အလုပ်လုပ်တဲ့ နေရာနားက စားသောက်ဆိုင်တစ်ခုမှာ နီပေါမလေးတစ်ယောက် ရပ်နေချိန် အထက်ကပြောခဲ့တဲ့ ဂွင်သမားက ရောက်လာပီး Iphone တစ်လုံးထုတ်ပြတယ်။ 

သူငွေလိုနေလို့ ၈၀၀ ပဲပေးပါ ဆိုပြီး ဖုန်းအစစ်ကြီးကို နီပေါမလေးလက်ထဲကို ထိုးထည့်တယ်။အဲမှာ တဖက်ကလဲ စိတ်ပါပီးတော့ သူ့သူငယ်ချင်းကို လှမ်းခေါ်ပြီး ယူရမလားဆိုပီး မေးတော့ သူငယ်ချင်းကလဲ အိုကေတယ် အစစ်ကြီးပေါ့ ယူထားလိုက် ဆိုပြီး အကြံပေးတော့တယ်ဗျ။ ဒါနဲ့ ကောင်မလေးက ဈေးဆစ် လိုက်တော့တယ်။ ဈေးကို ခေါ်ထားတဲ့ ၈၀၀ ထက်လျော့ပေးနိုင်သမျှ လျော့ပေးအုံးပေါ့။ အဲမှာ ဆရာက လုပ်ငန်းစတာပဲ ။ 

စဉ်းစားအုံးမယ်ဆိုပြီး ဖုန်းကို အိတ်ထဲထည့်လိုက်တယ် ။ပီးတော့ ခဏအကြာမှာ အိုကေ ၅၀၀ ပဲပေးဆိုပြီး အရောင်းအ၀ယ်ဖြစ်သွားတယ်။အဲမှာ ကောင်မလေးကလဲ ၀မ်းသာအားရဖြစ်ပီး ငွေ အကျေချေလိုက်တော့တာပဲ။ ဒီမှာတင် ဆရာလဲ လုပ်ငန်းပီးလို့ ကပျာကယာ ဆိုင်ထဲကနေ လစ်တာပါပဲ။ 

ဒီပုံစံနဲ့ ဖုန်းအတု ကြီး ကောင်မလေးလက်ထဲ ဘယ်အချိန် ဘယ်လိုရောက်သွားလဲ ဆိုတာ မိတ်ဆွေတို့ စဉ်းစားနိုင်လောက်ပါပီ။ဈေးဆစ်ပြီး စဉ်းစားနေတဲ့ အချိန် အိတ်ထဲမှာပဲ အလှည့်အပြော့င်း လုပ်သွားတာ။နဂိုထဲက ငနဲတွေမှာ ဖုန်းက အတုတစ်လုံး အစစ်တစ်လုံး ပါလာပြီးသား။

အဲတာကို ရိုးရိုးလေး လှည့်ကွက် ဆင်သွားတာဗျ။ ကဲ ကိုယ်ရွှေ မြန်မာ တို့လဲ အဲလို အလိမ်မခံရအောင် ဘယ်လိုကာကွယ်မလဲဆိုတာကို တော့ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားသဗျာ။ သေချာကြည့်ပီး ကိုယ့်မိတ်ဆွေတွေကိုလဲ လက်ဆင့်ကမ်း သတိပေး လက်တို့ လိုက်ကြပါအုံးခင်ဗျာ။ သိပီးသားသူတွေအတွက် ရည်ရွယ်တာမဟုတ်ပဲ မသိရှိသေးတဲ့ မိတ်ဆွေများအတွက် သာရည်ရွယ်ပါတယ်ခင်ဗျာ။ အားလုံးမင်္ဂလာပါ။ 

ကိုဇေယျာချစ်ဆန်း (ကလန်း)မှ ရေးသား ပေးပို့သည်။ 

 နေဇော်လင်း 
Free Online Media Malaysia(Radio & Tv Live) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။