Home » , » အွန်လိုင်း Visa Reject ဖြစ်ရင် ရန်ကုန်မှာရှိတဲ့ စင်ကာပူ သံရုံးကနေ Invitation Latter နဲ့ အလွယ်တကူ ထပ်လျှောက်မယ်

အွန်လိုင်း Visa Reject ဖြစ်ရင် ရန်ကုန်မှာရှိတဲ့ စင်ကာပူ သံရုံးကနေ Invitation Latter နဲ့ အလွယ်တကူ ထပ်လျှောက်မယ်

Written By မောင်စေတနာ on Tuesday, August 5, 2014 | 9:25:00 PM

 
အွန်လိုင်း Visa Reject ဖြစ်ရင် ရန်ကုန်မှာရှိတဲ့ စင်ကာပူ သံရုံးကနေ Invitation Latter နဲ့ အလွယ်တကူ ထပ်လျှောက်မယ် .... 
============================================ 
 အများအားဖြင့်တော့ စင်ကာပူကို လာဖို့အတွက် Visit Visa လျှောက်ရင် အွန်လိုင်းကနေပဲ လျှောက်ကြတာပါပဲ။ ခုတလော Visa တွေ Reject ဖြစ်တာ များနေတယ်လို့ဆိုတယ်။ ဘာကြောင့်မှန်း တိတိကျကျ မသိပေမယ့် စလုံးရဲ့ ထုံးစံပါပဲ ချုံ့လိုကချုံ့ ချဲ့လိုကချဲ့ သိပ်လုပ်တာကိုး။ အဲ့ဒီအခါမှာ ရန်ကုန်မှာရှိတဲ့ စင်ကာပူသံရုံးကနေ ထပ်လျှောက်ရင် အဆင်ပြေပါတယ်။ 

ဒီဘက်ကနေ PR (သို့) Local ရဲ့ Invitation Latter ပို့ပေးရင်ရပါပြီ။ အဲ့ဒီ ခေါ်စာမှာ - တာဝန်ခံ ဖိတ်ခေါ်သူ PR (သို့) Local ရဲ့ နာမည်နဲ့ လိပ်စာ - The High Commissioner Singapore Embassy Yangon Myanmar လို့ လိပ်မူပြီး - စင်ကာပူကို လာမယ့် သူရဲ့ အမည်နဲ့ passport နံပါတ်ကို ရေးထည့် - Passport နံပါတ် (---) နှင့် NRIC နံပါတ် (---) ကို ကိုင်ဆောင်ထားသည့် မိမိသည် ထိုသူအား တာဝန်ခံ ခေါ်ယူမှာဖြစ်ကြောင်း နှင့် အစစအရာရာ အာမခံသည့် အကြောင်း အဲ့ဒီအချက်တွေကို သင့်လျော်အောင် E လိုရေးပြီး အောက်မှာ မိမိ အမည် ၊ NRIC နံပါတ် နဲ့ လက်မှတ်ထိုး ပေးလိုက်ရင် ပြည့်စုံတဲ့ Visa Application Foam တခုဖြစ်သွားပါပြီ။ 

ပြီးရင် အဲ့ဒီဖောင်ကို စကန်ဖတ်ပြီး လာမယ့်သူဆီပို့၊ ပို့တဲ့အခါမှာ မိမိရဲ့ IC ကတ်ကိုပါ ရှေ့ နောက် စကန်ဖတ်ပေးလိုက်။ 238 Dhamazedi Road Bahan Township Yangon Tel:(95) 1 559001 အဲ့ဒီ လိပ်စာအတိုင်းသွားပြီး 1- ဖိတ်ခေါ်သူရဲ့ Invitation Latter မိထ္ထူ 2- ဖိတ်ခေါ်သူရဲ့ NRIC မိထ္ထူ 3- လျှောက်ထားသူရဲ့ passport 4- US$ 25 ကို ကိုင်ပြီး သွားလျှောက်ရင် လွယ်လွယ်ကူကူရပါတယ်။ (၃) ရက်ကနေ (၁)ပါတ် ကြာပါတယ်။ 

အဲ့ဒါက အွန်လိုင်းကနေ E Visa တွေ Reject ဖြစ်ရင် လွယ်လွယ်ကူကူ ပြန်လျှောက် ရမယ့် နည်းဖြစ်ပါတယ်။ 

 မောရစ် 
စင်ကာပူရောက်မြန်မာများ 
 မူရင်း - https://www.facebook.com/groups/myanmarSG/ 

Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။