Home » , » ကွာလာလမ်ပူ KTM ရထားလိုင်းများ ယနေ့ 2 ပိုင်းခွဲ ပြတ်တောက်မည်

ကွာလာလမ်ပူ KTM ရထားလိုင်းများ ယနေ့ 2 ပိုင်းခွဲ ပြတ်တောက်မည်

Written By မောင်စေတနာ on Saturday, August 9, 2014 | 11:36:00 AM

  
ကွာလာလမ်ပူ KTM ရထားလိုင်းများ ယနေ့ 2 ပိုင်းခွဲ ပြတ်တောက်မည် 

********************************************************** 

 မလေးရှား (ကွာလာလမ်ပူ) သတိပေးချက် (8.8.88) KUALA LUMPUR, Aug 8, 2014: ကွာလာလမ်ပူ မြို့တွင်းပြေးဆွဲနေသော RAWANG , BATU CAVE , PORT KLANG KTM Komuter ရထားများသည် ယနေ့ မှ ၁၀ ရက်နေ့အထိ ပြေးဆွဲမှုပြတ်တောက်မည်ဖြစ်ကြောင်း လွန်ခဲ့သော နာရီအနည်းငယ်ခန့်က မလေးရှားသတင်းများတွင် ကြော်ငြာသွားခဲ့သည် ။ 

ပဒန်းဂျာဝါး မှ အီပို့ချီမော သို့ဦးတည်လာသော ကွန်တိန်နာ တင်ရထားတစ်စီး ယနေ့ နံနက်စောစော က BANK NEGARA ဘူတာ နှင့် KUALA LUMPUR ကြားတွင် လမ်းချော်မှုကြောင့် ယခုကဲ့သို့ မြို့တွင်းပြေးဆွဲသော ရထားများ ပိတ်ဆို့ကုန်ခြင်းဖြစ်ကြောင်း KTM မီးရထားကုမ္မဏီ က ထုတ်ပြန်ကြော်ငြာသည် ။ ထိုကွန်တိန်နာ ရထား  လမ်းချော်မှုကြောင့် အောက်ပါရထား လိုင်းပြတ်တောက်မှုများရှိမည်ဟု ဆက်လက်ကြော်ငြာ  သွားခဲ့သည် ။ 

1. Sungai Gadut မှ Rawang သို့ပြေးဆွဲနေသော KTM ရထားသည် KL CENTRAL ဘူတာ တွင် အဆုံးသတ်မည်ဖြစ်သည် 

၂.Rawang မှ Sungai Gadut သို့ပြေးဆွဲနေသော ရထားသည် Kepong ဘူတာ တွင် အဆုံးသတ်မည်ဖြစ်သည် ။ 

၃. Batu Caves မှ Port Klang သို့ပြေးဆွဲသောရထားသည် Sentul ဘူတာတွင် အဆုံးသတ်မည်ဖြစ်ကာ Port Klang မှ Batu Caves သို့ပြေးဆွဲသောရထားသည် KL Sentral ဘူတာတွင်အဆုံးသတ်မည်ဖြစ်သည် ။ ထို့အပြင် Kuala Lumpur, Bank Negara, Putra, Sentul နှင့် Segambut ဘူတာတို့တွင် ရထားပြေးဆွဲခြင်းရှိမည်မဟုတ်ကြောင်း ဆက်တိုက်ကြော်ငြာသွားခဲ့ပါသည် ။ ထို့ကြောင့် ကွာလာလမ်ပူ ရှိ KTM ရထားအသုံးပြုနေသော မြန်မာနိုင်ငံသားမျာသည် ယခုကြော်ငြာချက်အား သိရှိရန် လိုအပ်သလို ရထားမရှိသောကြောင့် လိုင်းကားများ ကြပ်နေမည်ဖြစ်သလို ..။ 

 ရထားစီးနိုင်သော ဘူတာများသို့အရောက်သွားနိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်သည် ။ ထို့အပြင် လန်ကာဝီ ရထား ၊ ထိုင်း ကွာလာလမ်ပူ ရထား တို့သည်လည်း Tanjong Malim ဘူတာတွင်သာ အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည် ။ ခရီးသည်များသည် ထိုဘူတာမှ KL SENTRAL ဘူတာသို့ကားဖြင့်ဆက်လက် ခရီးဆက်ရမည်ဖြစ်သည် ။ ထို့အတူ ကေအယ်မှအီပို့သို့ထွက်ခွာမည့် ခရီးသည်များအား KL CENTRAL ဘူတာမှ ဖယ်ရီကားဖြင့် ကပုန်းဘူတာသို့ ခေါ်ယူ စီစဉ်ပေးသွားမည်ဟု kTM မီးရထားကုမ္မဏီက ယနေ့ကြော်ငြာချက်ထုတ်ပြန်သည် ။ 

ရထားလမ်းပြင်ဆင်မှုအား နံက်ဖြန် နေ့လည် ၁ နာရီတွင် တစ်ပိုင်း ၁၀ ရက်နေ့တွင် တစ်ပိုင်း ပြီးဆုံးမည်ဖြစ်ကြောင်း KTM ကဆက်လက်ကြော်ငြာသည်။ ထို့ကြောင့် KTM ရထားစီးမြန်မာနိုင်ငံသားခရီးသည်များအားလုံး လာမည့် ၁၀ ရက်နေ့အထိ ရထားပြတ်တောက်မှုများ ကြုံတွေ့ရမည်ဖြစ်ကြောင်း မလေးရှားရောက်မြန်မာများ FACEBOOK မှ အသိပေးတင်ဆက်သည် ။ 

REF : THESTAR, THE RAYAKPOST 
PIC : THE RAYAK POST 

မလေးရှားရောက်မြန်မာများ FACEBOOK 
Source by : - www.facebook.com/mmrinmy 

Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။