Home » , , » Colgate Total သွားတိုက်ဆေးတွင် ကင်ဆာ ဖြစ်စေနိုင်သော ဓာတု ပစ္စည်းများ ပါဝင်နေ

Colgate Total သွားတိုက်ဆေးတွင် ကင်ဆာ ဖြစ်စေနိုင်သော ဓာတု ပစ္စည်းများ ပါဝင်နေ

Written By မောင်စေတနာ on Monday, August 18, 2014 | 7:23:00 PM

 
အမေရိကန်နိုင်ငံ နှင့် ကမ္ဘာ တစ် ဝန်းတွင် ဖြန့်ဖြူးနေပြီး လူသန်းပေါင်း များစွာ အသုံးပြုနေသော နာမည်ကျော် ကိုးလ်ဂိတ် ကုမ္ပဏီထုတ် Colgate Total သွား တိုက်ဆေး တွင် ကင်ဆာရောဂါဖြစ် ပွားစေနိုင်သော ဓာတု ပစ္စည်းများ ပါရှိ နေကြောင်း Bloomberg သတင်းဌာန က ရေးသားဖော်ပြ လိုက်သည်။ 

Colgate Total သွားတိုက်ဆေး ထုတ်လုပ်ရာတွင် ထည့်သွင်း အသုံးပြုသော ဓာတုပစ္စည်း Triclosan သည် တိရစ္ဆာန် များတွင် ကင်ဆာဆဲလ် များကို ပိုမို အား ကောင်းလာစေပြီး ဖွံ့ဖြိုးမှုကို အနှောင့်အ ယှက် ဖြစ်စေသည်ဟု စမ်းသပ်မှုအရ တွေ့ ရှိခဲ့ပြီးနောက် လူသားများ အတွက် သုံးစွဲ ရန် သင့်မသင့်ကို ပြန်လည် သုံးသပ် ရန် လိုနေပြီဖြစ်သည်ဟု ၄င်းက ဆိုသည်။ 

 အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်တွင် ဓာတုပစ္စည်း Triclosan ပါသော ထုတ်ကုန် အများစုကို ရောင်းချ ခွင့် ပိတ်ပင်ခဲ့ပြီးနောက် Bloomberg သတင်းဌာနက ဤသို့ရေးသား ဖော်ပြ လိုက်ခြင်း ဖြစ်သည်။ 

Colgate Total သွားတိုက်ဆေးကို ထုတ်လုပ်သော Colgate-Palmolive ကုမ္ပဏီက ဓာတုပစ္စည်း Triclosan သည် အမေရိကန် အစားအသောက်နှင့် ဆေး ဝါးကွပ် ကဲရေး ဦးစီးဌာနက ၁၉၉၇ ခု နှစ်ကတည်းက အသိအမှတ်ပြု ထားပြီး မည်သည့် အန္တရာယ်မှ မဖြစ်စေနိုင်ကြောင်း ငြင်းဆို ထားသော်လည်း သတင်း အချက် အလက် လွတ်လပ်ခွင့် ဥပဒေအရ ယင်း ထောက်ခံစာကို တရားရုံးက တောင်းယူ ကြည့်ရှုရာ တွင် ယမန်နှစ် အစောပိုင်းက မှထုတ်ပေး ထားခြင်းဖြစ်ကြောင်း တွေ့ရ သည်။ 

 Credit - Popular Myanmar News Journal 

 နေဇော်လင်း @ Nay Zaw Lin1 
 Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။