Home » , » မြန်မာနှစ်ဦး ပါဝင်သည့် ပီနန်ပြည်နယ်တွင် ရိုက်ကူးခဲ့သော ၀တ်လစ်စလစ် ဗီဒီယိုနှင့် ပတ်သက်၍ မလေးရှားရဲများ စုံစမ်းနေ

မြန်မာနှစ်ဦး ပါဝင်သည့် ပီနန်ပြည်နယ်တွင် ရိုက်ကူးခဲ့သော ၀တ်လစ်စလစ် ဗီဒီယိုနှင့် ပတ်သက်၍ မလေးရှားရဲများ စုံစမ်းနေ

Written By မောင်စေတနာ on Thursday, August 7, 2014 | 12:24:00 PM

 
မြန်မာနှစ်ဦး ပါဝင်သည့် ပီနန်ပြည်နယ်တွင် ရိုက်ကူးခဲ့သော ၀တ်လစ်စလစ် ဗီဒီယိုနှင့် ပတ်သက်၍ မလေးရှားရဲများ စုံစမ်းနေ ပီနန်ပြည်နယ် အနောက်မြောက်ဘက်ရှိ တာလုဘာဟန် ကမ်းခြေပေါ်တွင် ကိုယ်ပေါ်တွင် ဆေးများရေးခြယ်ခြင်းနှင့် ကိုယ်လုံးတီး ကခုန်နေသူ ၁၈ ဦးတို့အား ရိုက်ကူးထားသည် ဗီဒီယိုသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။ 

အဆိုပါ ဗီဒီယိုတွင် မလေးရှားမှ ၇ ဦး၊ မြန်မာမှ ၂ ဦး၊ ဖိလစ်ပိုင်မှ ၁ဦး နှင့် အိန္ဒိယမှ ၁ ဦး တို့ပါဝင်ကြောင်း ပီနန်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ကို ကိုးကားလျက် The Star သတင်းစာက ဖော်ပြခဲ့သည်။ ယင်းပွဲအတွက် ကမ်းခြေနှင့်အနီးဝန်းကျင်ကို တာဝန်ယူထိန်းသိမ်းရသည့် ပီနန်အမျိုးသားဥယျာဉ်၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူက ပြောကြားခဲ့သည်ဟု မလေးရှားအွန်လိုင်းသ တင်းဝက်ဘ်ဆိုက် The Rakyat Post တွင် ဖော်ပြခဲ့သည်။ 

အဆိုပါ ရေးသားမှုနှင့်ပတ်သက်ပြီး ပီနန်ပြည်နယ်ဝန်ကြီးချုပ်က “ပီနန်မှာ ကျွန်တော်တို့အနေနဲ့ ကာစီနိုရုံတွေကိုတောင် ဖွင့်ခွင့်မပေးတာ ဒီလိုပွဲမျိုးကို ခွင့်ပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။ 

Ref:CAN 
Mizzima 
Maung Koko 

Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။