Home » , » အလုပ်သမား ၈၀၀ မှ အစော်ကားခံရသောကြောင့် စက်ရုံအားဖျက်ဆီးမှုဖြစ်ပွား

အလုပ်သမား ၈၀၀ မှ အစော်ကားခံရသောကြောင့် စက်ရုံအားဖျက်ဆီးမှုဖြစ်ပွား

Written By မောင်စေတနာ on Tuesday, August 26, 2014 | 11:19:00 PM

 
မလေးရှား သတင်း (ကူလိုင်းဂျာရာ) 26.8.2014

မလေးရှားနိုင်ငံ ဂျိုးဟိုးအနီးရှိ ကူလိုင်းဂျာရာ ရှိ HDD Techonology SDN BHD ၏ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၊ နီပေါနိုင်ငံသား နှင့် ဘင်္ဂလား နိုင်ငံသား စုစုပေါင်း ၈၀၀ ကျော်တို့မှ လုပ်ငန်းတွင် ဆက်ဆံရေး နှင့် မတရားဖိနှပ်ချုပ်ချယ်သည်ဟု ယူဆသောကြောင့် မကြေမနပ်ဖြစ်ကာ မိမိတို့ အလုပ်လုပ်    ကိုင်နေသော စက်ရုံ အား ခဲများဖြင့် ပစ်ပေါက်ရိုက်ခွဲကာ အလုပ်ရှင်၏ ကားအား မီးရှို့သော ဖြစ်ရပ် ယနေ့နံနက်က အဆိုပါ ကူလိုင်းဂျာရာတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည် ။

အဆိုပါ အဖြစ်အပျက် အတွက် ဦးဆောင်သူ Kishor Rai (နီပေါနိုင်ငံသား) မှ အလုပ်ရုံသည် အလုပ်သမားများအား ရင့်သီးစွာဆော်ကား ဆက်ဆံခြင်း ၊ နိုင့်ထက်စီးနင်းပြုခြင်း တို့ နေ့စဉ်နှင့်အမျှ ပြုမူသောကြောင့် လုံးဝ  မခံနိုင်တော့ကာ ဆူပူအုံကြွခဲ့ခြင်းဖြစ်ကြောင်း ။

မီးရှိုခဲ့သောကားမှာလည်း အလုပ်ရှင်စီးသော ကားဖြစ်ကြောင်း ၊ အလုပ်သမားများ မှားခဲ့ပါက ကိုယ်ထိလက်ရောက် အထိ အဆိုပါ အလုပ်ရှင်က ဆော်ကားခဲ့ခြင်းနေ့စဉ် လိုလို ရှိလာသောကြောင့် မခံနိုင်၍ ပြန်လည်တုန့်ပြန်ခြင်းဖြစ်ကြောင်း ။ အစပိုင်းတင်းမာမှုများတွင်  စက်ရုံ  အုပ်ချုပ်ရေးများမှ ဖယ်ရီင်္ကားများကို ရပ်နားပစ်ကြောင်း ၊ စက်ရုံသို့ ဝေးကွာစွာ လမ်းလျှောက် အလုပ်ဆင်းရန် ဖိအားပေး ဆက်ဆံအပစ်ခဲ့သေးကြောင်း ။

ထိုသို့ တရားမမျှတမှုများ ကို ရင့်သီးစွာ ပြုမူသောကြောင့် ယခုနံနက် ၉ နာရီခန့်က အလုပ်များ အားလုံး တစ်ယောက်မကျန် အလုပ်ရုံရှေ့တွင် စုစည်းကာ ယခု လို ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ကြောင်း ကို အဆိုပါ နီပေါလ် နိုင်ငံသားက သတင်းဌာနများသို့ ရှင်းပြသွားခဲ့သည် ။ သို့ကြောင့် အထုးထိန်းသိမ်းရေး ရဲများ က အလုပ်သမားများ အား ထိန်းသိမ်းနိုင်ရန် ယနေ့ စုစည်းဆောင်ရွက်လျှက်ရှိကြောင်းကို နိုင်ငံပိုင် သတင်းစာများက ယနေ့ ဖော်ပြသွားခဲ့သည် ။

အစဦး မြန်မာအလုပ်သမားများက စတင်သည်ဟု တစ်ချို့သော သတင်းဌာနများတွင် ဖော်ပြထားသော်လည်း အခြေအနေမှ ထိုသို့မဟုတ်ကြောင်း အဖြစ်အပျက်အတွက် တရားဝင်သတင်းထုတ်ပြန်သောအခါ သိရသည် ။ နေ့လည် ၂ နာရီ ၁၅ တွင် ပျက်စီခဲ့သောအပျက်အစီး များအရ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသောကြောင့် စက်ရုံ အဝင်အဝ မျက်နှာစာ ပျက်စီးခြင်း ၊ အလုပ်ရှင်၏ ကား မီရှိုခံရခြင်း တို့ရှိပြီး အဆိုပါ အုပ်စုအား ထိန်းသိမ်းရေးရဲများမှ မတရားပါက တရားအောင် ကူညီဖြေရှင်းပေးမည် ၊

မိသားစုအတွက် အလုပ်လာလုပ်သောကြောင့် မဆူပူကြပါနှင့် ငြိမ်သက်စွာ နေပေးပါ ဟု အော်ဟစ်ပြောဆိုနေသလို .. ဖြစ်ပျက်မှုအစုစု အတွက် ပြဿ နာ အားလုံးကို သက်ဆိုင်ရာ သံရုံများ ၊ အုပ်ချုပ်ရေး အဖွဲ့များ ၊ အလုပ်ရှင် များ စုံညီဖြေရှင်းသွားမည်ဖြစ်ကြောင်းသိရသည် ။

 အဆိုပါ အဖြစ်အပျက်အတွက် သက်ဆိုင်ရာ မြန်မာအလုပ်သမားများ ၊ သူငယ်ချင်းများသည် အခြေအနေအရပ်ရပ်အတွက် အကူအညီ လိုအပ်ပါက ။

ယခု မလေးရှားရောက်မြန်မာများ FACEBOOK သို့ စာရေးအကြောင်းကြား၍ ဖြစ်စေ ၊ မြန်မာ အလုပ်သမားရေးရာ တာဝန်ခံ သို့တိုက်ရိုက်ဖုန်းခေါ်ဆို၍ဖြစ်စေ ၊ မြန်မာသံရုံး အရေးပေါ်ဖုန်းသို့ တိုက်ရိုက် ခေါ်ဆို၍ဖြစ်စေ အကူညီတောင်းဆို ဆက်သွယ်နိုင်ကြောင်း သိရသည် ။ မလေးရှားရောက်မြန်မာများ FACEBOOK www.facebook.com/mmrinmy

မြန်မာ အလုပ်သမားရေးရာ တာဝန်ခံ (မြန်မာသံရုံး) 01123505710

မြန်မာသံရုံးအရေးပေါ် ဆက်သွယ်ရန် ဖုန်းနံပတ် ၀၁၇ ၃၅၇၈ ၆၂၈

မူရင်း သတင်း ➳ မလေးရှားရောက်မြန်မာများ - FACEBOOK www.facebook.com/mmrinmy
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။