--------------------------------------------------------------------------
မလေးရှားနိုင်ငံရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ
ဗဟုသုတ အဖြစ် ဖတ်ရှုပါ။
--------------------------------------------------------------------------
ကျနော် ဆရာလုပ်ခြင်း မဟုတ်ပါ။ မလေးရှား ရဲတွေနဲ့တွေတဲ့ ပြောဆိုနိုင်အောင်
သတိပေးခြင်း အပြင်းပြေ ဗဟုသုတလို့ မှတ်ယူ စေချင်ပါတယ်။ ကျနော် အိုသမားဘဝ
ပထမဦးဆုံး အတွေ့ အကြုံပါ။
ညပိုင်း ဘောလုံးပွဲကြည့်နေတာ အာကြီးပွဲ ကျနော်တို့ စားပွဲမှာ (၄) ယောက်ထိုင်နေတာ
အာကြီးက ၂ - ၁ နဲ့ ရှုံးနေတာ ဘောပွဲ အာရုံရောက် နေတုန်း ရဲကား (၂) စီးဝင်လာတယ်။
ကျနော်တို့ (၄) ယောက်မှာ အိုသမားက (၂) ယောက် အမှန်သမားက (၂) ယောက်
အိုသမား တစ်ယောက်က ထွက်ပြေးမယ် ဆိုပြီး အခက်ပြတယ်။ မလွတ်နိုင်ဘူး
မပြေးနဲ့ဆိုပြီး ကျနော်ပြောတော့ ငြိမ်သွားတယ်။ အမှန်သမား (၂) ယောက်က
ကြောက်နေပြီ အိမ်ပြန်ချင်နေပြီ ....... .....
ကျနော်ကတော့ ဘောပွဲပြီးမှ ထပြန်လို့ အဆင်ပြေမယ် ဆိုတာ သိတယ်။
အဲ့အချိန်ဆို အများကြီး ထပြန်မှာ ရောရောင်ပြီး မလေးတွေနဲ့ပြန်ရင် အေးဆေးလို့
တွက်လိုက်တယ်။ ဒါပေမဲ့ အမှန်သမား တစ်ယောက်နဲ့ အိုသမား တယောက်က
အကြောက်လွန်နေပြီ။
အဲ့ (၂) ယောက်ပြန်ဆိုတာ တားမရဘူး။ ပြန်ချင်ပြန်ကွာ ဆိုပြီး လွှတ်လိုက်တယ်။
သူတို့ (၂) ယောက်ဆိုင် အပေါက်ဝ မရောက်ခင် ရဲက ခဏဆိုပြီး ခေါ်စစ်တယ်။
ကျနော် သိလိုက်တယ်။
သွားပြီ ဆိုတာကို အဲ့အချိန်မှာပဲ ကျနော် စားပွဲကို
တတ်ကြပ်ကြီး တယောက် လာထိုင်တယ်။
ဟို (၂) ယောက်ကို ကျန်တဲ့ ရဲ (၃) ယောက်က စစ်နေတယ်။ ရဲက ဘာမှ
မပြောသေးဘူး ကျနော်က ခပ်တည်တည်နဲ့ပဲ ဆေးလိပ်ဘူး ထိုးပေးလိုက်တယ်။
ကြောက်နေရင် ဒီအချိန်မှာ ဖြဲချောက်ခံရမှာ ရဲက ဆေးလိပ် ထုတ်သောက်ပြီး
ဘာ လူမျိုးလည်း မေးတယ် ကျနော်လည်း မြန်မာ လူမျိုးပါဆိုပြီး ဖြေလိုက်တယ်။
ရဲက ပတ်စပို့ တောင်းတယ်။
ကျနော်မှာ အဲ့တုန်းက Bro ကဒ်ကိုင်ထားတယ်။
Bro ကဒ် ပေးလိုက်တော့ မင်းကို ဖမ်းလို့ ရပြီပြန်ပြောတယ်။
ကျနော်လည်း ဘာဖြစ်လို့ ဖမ်းတာလည်း မေးလိုက်တော့ မလေးမှာ ပတ်စပို့ကလွဲရင်
အကုန်ဖမ်း လို့ရတယ်ပြောတယ်။ ထသွားတဲ့ ၂ယောက်လည်း ပြန်ရောက်လာတယ်
ပါမစ် မှန်မမှန် ရဲ (၂) ယောက်က ကားထဲမှာ သွားစစ်တယ် ကျနော်တို့လည်း
ဘောပွဲ ထိုင်ကြည့်နေတယ်။
၅မိနစ် လောက်ကြာတော့ ပါမစ်သွားစစ်တဲ့ (၂) ယောက် ပြန်ရောက်လာတယ်။
ပါမစ်မှန်တယ် ကျနော်တို့ (၂) ယောက်ကို အေးဆေး လိုက်ခဲ့ဖို့ ပြောတယ်။
ကားပေါ်ရောက်တာနဲ့ တယောက် ၃၀၀ တောင်းတယ် ကျနော်တို့စီမှာ (၂)ယောက်ပေါင်း
ပိုက်ဆံထုတ် ရေလိုက်တော့ ၄၉ ကျပ်ပဲရှိတယ်။ တယောက် ၃၀၀ မပေးရင် စမုံညင်း
ကန့်ထဲထည့်မယ် ဆိုပြီး ခြိမ်းချောက်တယ်။
ကျနော်တို့ ဘောပွဲကြည့်တဲ့ နေရာက ကာဂျမ်း ဘူကစ်မယ်ဝ စုံမုံညင်းကန့်နဲ့က
နီးနီးလေး ကျနော်က ၁ယောက် ၅၀ နဲ့ညှိတယ်။ သူက ဈေးလျှော့ပေးတယ်
တယောက်၂၀၀ မပေးနိုင်ဘူး။ ပြောတော့ ရတယ်တဲ့ မင်းတို့ ကန့်ထဲမှာ နေပေါ့တဲ့။
ကျနော်လည်း ရပါတယ် မင်းသဘောပေါ့။ ပြောလိုက်တယ် ငါပြန်ထွက်လာရင် UN
ရမှာပဲပြောလိုက်တယ်။
နောက်ဆုံးညှိရင်း ညှိရင်းနဲ့ (၂) ယောက် ၁၅၀ နဲ့သွားတည့်တယ်။
ငါတို့ပိုက်ဆံမရှိဘူး ဖုန်းယူသွားလို့ပြောတော့ မင်းသူငယ်ချင်းဆီ ဆက်တဲ့ နံပတ်
မေ့နေတယ် ပြောတော့ ငါဆီမှာရှိတယ်တဲ့။
ဘယ်အချိန်က ဖုန်းနံပတ် ယူထားလိုက်လည်း မသိဘူး။ သူငယ်ချင်းတွေကို
ဘောပွဲကြည့်တဲ့နေရာ ပြန်ချိန်းပြီး ပိုက်ဆံသွားယူပြီး ရဲကိုပေးတော့ အိမ်လိုက်
ပို့ပေးမယ် ပြောတယ်။
ရတယ် ငါတို့ ဘာသာပဲ ပြန်တော့မယ်လို့ မနည်းပြော
ယူရတယ် ဒါကတော့ ကြာပါပြီ။
ကျနော် ပြောချင်တာက ရဲတွေ့ရင် မကြောက်နဲ့ ဒါပေမဲ့ ဂျစ်ကန်ကန် မပြောနဲ့
မလွတ်ရင် မပြေးနဲ့ အေးဆေးပြောလို့ရတယ်။
ဒါက ကျနော်ရဲ့ အတွေ့အကြုံ
သက်သက်ဖြစ်တဲ့ အတွက် ကျနော် ပြောသလိုလည်း မလုပ်နဲ့ပေါ့။
အခြေအနေ ကြည့်ပြီး ပြောဆိုပါ။ အေးဆေးပြောဖို့လိုတယ်။ သနားအောင်
ပြောဖို့လိုတယ်။ ဒါဆိုရင် အဆင်ပြေတာများပါတယ်။ နောက်လည်း ကျနော်
အတွေ့အကြုံ လေးတွေ တင်ပေးပါ့မယ်။
Ko Sein Lin (ရှားအလမ်း) - ပေးပို့သည်။
==================================================
စာဖတ်သူ မလေးရှား နိုင်ငံရောက် ညီအစ်ကို မောင်နှမတွေ အနေနဲ့ မိမိတို့ ကြုံတွေ့ခဲ့သော
အဖြစ် အပျက်များကို အခြားသူများ သင်ခန်းစာ ရစေရန် ဗဟုသုတ ရစေရန်အတွက် ရေးသား
ပေးပို့နိုင်ပါသည်။
==================================================
Admin
Nay Zaw Lin1 @ နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
0 comments:
Post a Comment