Home » , » ကွာလာလမ်ပူ မြို့တွင်း ဖမ်းဆီးမှုများ အကြောင်း ဤသို့ပြောကြား

ကွာလာလမ်ပူ မြို့တွင်း ဖမ်းဆီးမှုများ အကြောင်း ဤသို့ပြောကြား

Written By မောင်စေတနာ on Sunday, July 20, 2014 | 4:43:00 PM

 
မလေးရှား သတင်း (၂၀.၇.၂၀၁၄)

ကွာလာလမ်ပူမြို့တော် ရဲဌာန မှာ ၂၀၁၄ နှစ်၏ ပထမ ၅ လအတွင်း ရာဇဝတ်မှုပမာဏမှာ ယခင် ၂၀၁၃ ခုနှစ် ပထမ ၅ အတွင်းထက် ၂၅.၉ % လျှော့ချနိုင်ခဲ့သည်ဟု ယနေ့ထုတ် မလေးရှား သတင်းစာများ နှင့် အင်တာနက်သတင်းဌာနများက ရေးသားထားသည်ကိုတွေ့ရသည် ။ 

 Dang Wangi ရဲ ဌာန လက်ထောက် အရာရှိ Assistant Commissioner Zainuddin Ahmad ကအဆိုပါ ဖမ်းဆီးမှုကို ၂၀၁၃ နှစ်လယ်က စတင်ခါ အရပ်ဝတ် ရဲများ ၊ ယူနီဖောင်းဝတ်အဖွဲ့အစည်းများ ဖြင့် ကွာလာလမ်ပူရှိ အဓိက နေရာများဖြစ်သော ၁. ဘူကစ်ဘင်တန်း (BUKIT BINTANG) ၂. ဂျလန်းစီလန်း (JALAN SILANG) ၃. ဆန်ထရယ်မားကတ် (CENTRAL MARKET) ၄. ကိုတာယာရာ (KOTA RAYA) စသည့် လေးနေရာကို အဓိက စီမံ  ချက်ဖြင့်ဆောင် ရွက်ကြောင်းပြောကြားသွားခဲ့သည်။ 

ထိုစီမံချက်ကို Op Cantas Khas ဟုအမည်ပေးထားသည် ။ ထိုဖမ်းဆီးမှုအတွက် သံသယရှိသူ တရားခံ ၉၂ ဦးဖမ်းဆီးနိုင်ခဲ့ကြောင်း Dang Wangi ရဲစခန်းက ထုတ်ပြန်သည် ။ အထက်ပါသတင်းမှာ မလေးရှားနိုင်ငံသတင်းဌာနများမှကြော်ငြာခဲ့သောသတင်းများဖြစ်သည် ။ 


 မြန်မာဆိုင်တန်းများရှိရာ နေရာဖြစ်သော ကိုတာယာရာ ၊ ဂျလန်းစီလန်း တစ်ဝိုက်တွင်မူ ယခု နှစ် တရုတ်နှစ်သစ်ကူး အပြီးမှ စတင်ကာ အရပ်ဝတ် ရဲများ BAN ကားများဖြင့် ဆက်တိုက် စစ်ဆေးဖမ်းဆီးသည်ကို တွေ့ရမည်ဖြစ်သည် ။ ထိုအရပ်ဝတ်အော်ပရာစီကြောင့် မြန်မာနိုင်ငံသား များသာမက မည်သည့်နိုင်ငံသာမဆို စာရွက်အထောက်အထား မခိုင်လုံသူ တော်တော်များများ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။ 

တစ်ချို့ မလေးငွေ ၁၅၀၀ ဝန်းကျင် ပေးကာ ပြန်လည်လွတ်မြောက်လာရသည်မှာလည်း ရှိခဲ့ကြောင်း ကိုယ်တိုင်ဖမ်းဆီးခံရသူများက သတင်းပို့ခဲ့ကြသည် ။ ယခု ဇူလိုင်လ အစ မြန်မာလူမျိုးများအတွင်း ပြဿနာများကြောင့် ကွာလာလမ်ပူမြို့ မြန်မာ ဆိုင်တန်းများတဝိုက် ယနေ့အထိ ဖမ်းဆီးမှု ၁၇ ကြိမ် ရှိခဲ့ပြီး ယနေ့တိုင် အရပ်ဝတ်ရဲများ လာရောက်ဖမ်းဆီးလျှက်ရှိသည်ကိုတွေ့ရသည်။ 

ပတ်စပို့စာအုပ် ကိုင်ဆောင်ထားသူ ၊ i-card (အလုပ်သမားကဒ် အသစ်) ၊ ကိုင်ဆောင်ထားသူများ မှာ အဖမ်းခံရမှုမရှိပဲ အခြားသော စာရွက်စာတမ်းမမှန်ကန် ၊ မပြည့်စုံသည့်သူများ ယခု ဇူလိုင်လတွင် ဆက်တိုက်ဖမ်းဆီးခံနေရသည် ။ သို့ကြောင့် မြန်မာဆိုင်တန်းများသို့ ယခုရက်ပိုင်းလာရောက်မှု နည်းပါးပြီး စာရွက်စာတမ်းပြည့်စုံသည့်သူများသာ သွားလာလုပ်ကြကြောင်းသိရသည် ။ 

စာရွက်စာတမ်း မပြည့်စုံသူ များအဖို့ ကွာလာလမ်ပူမြို့တွင်းသို့လာရောက်မှု အတော်လေး လျှော့ကျသွားခဲ့သည် ။ စာရွက်စာတမ်းပြည့်စုံစွာပြသနိုင်သူ ၊ ပတ်စပို့လက်ဝယ်ရှိသူ ၊ i-card ကိုင်ဆောင်ထားနိုင်သူများအတွက်မြန်မာဆိုင်တန်းများသို့ သွားလာမှုမပျက် လာရောက် ကြောင်းလည်း တွေ့ရသည် ။ 

ပတ်စပို့မိတ္တူ ၊ ပါမစ်မိတ္တူကိုင်ဆောင်ထားသူများ အတွက်မူ မိတ္တူများသာမက မိမိလုပ်ငန်းရှင်မှ အလုပ်လုပ်ကိုင်နေသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာများကို မဖြစ်မနေတောင်းထားရန် နှင့် အစစ်ဆေးခံရပါက ကူညီရန် လက်ရှိအခြေနေကို နားလည်အောင် ရှင်းပြထားဖို့လိုကြောင်း သတိပေးသည် ။ ရှိထားသော စာရွက်စာတမ်းများကိုမူ ညစ်နွမ်းကြေမွ သည်အထိ မကိုင်ရန် နှင့် ဖိုင် ၊ ပလတ်စတစ်တို့ဖြင့် သပ်ရပ်စွာ ကိုင်ဆောင် ခရီးထွက်ကြရန် မလေးရှားရောက်မြန်မာများ မှ နှိုးဆော်တိုက်တွန်း ရေးသားသည်။ 

မလေးရှားရောက်မြန်မာများ 
www.facebook.com/mmrinmy 

 မူရင်း သတင်း - မလေးရှားရောက်မြန်မာများ - Facebook 

Admin 
Thar Thar Lay1 @ သားသားလေး
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။