Home » , » လေယာဉ်ပစ်ချမှု ရုရှားနဲ့အပေါင်းပါတွေကို အရေးယူပေးဖို့ မလေးရှားပြည်သူတွေ တောင်းဆို

လေယာဉ်ပစ်ချမှု ရုရှားနဲ့အပေါင်းပါတွေကို အရေးယူပေးဖို့ မလေးရှားပြည်သူတွေ တောင်းဆို

Written By မောင်စေတနာ on Monday, July 21, 2014 | 1:46:00 PM

 
မလေးရှားလေယာဉ် ပေါ်မှာ ပါသွားတဲ့ ဘယ်လ်ဂျီယံကလေးငယ် Steven Noreilde ရဲ့ ဓာတ်ပုံနဲ့ လွမ်းသူ့အမှတ်တရများ။ 

21.07.2014 06:45 

မလေးရှားနိုင်ငံသားအများအပြားဟာ နိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ပစ်ချခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံနဲ့ ရုရှားကိုလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေအပေါ် ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့ သူတို့ရဲ့အစိုးရနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တောင်းဆိုနေကြပါတယ်။ 

 တချို့ကလည်း စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့ဖို့ တောင်းဆိုကြပါတယ်။ ကြာသပတေးနေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားနယ်စပ်အနီးမှာ လေယာဉ်ပစ်ချခဲ့မှုအပေါ် သူပုန်တွေနဲ့ ယူကရိန်း အစိုးရတို့ကြားမှာ အပြန်အလှန် စွပ်စွဲနေကြတာပါ။ ရုရှားအစိုးရ ကိုတော့ လေယာဉ်ပျက်နဲ့ ပတ်သက်ပြီး လုံလောက်တဲ့ စစ်ဆေး ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်အောင် ပြည့်ပြည့်၀၀ ဆောင်ရွက်မပေးဘူးဆိုပြီး စွပ်စွဲကြပါတယ်။ 

စိတ်ဆိုးဒေါသ ထွက်ကြသူအများစုဟာ မွတ်ဆလင်  ဘာသာဝင်တွေဖြစ်ကြပြီး သေဆုံးသွားသူတွေကို ဘာသာရေး ထုံးစံအတိုင်း အမြန်ဆုံး မြေမြှုပ်သင်္ဂြိုဟ်နိုင်ဖို့ မဆောင်ရွက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ 

လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၂၉၈ ယောက်အနက် ၄၃ ယောက်ဟာ မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မလေးရှားနိုင်ငံသားတွေနဲ့ ၁၂ ဦးဟာ မွတ်ဆလင်  ဘာသာဝင် အများဆုံးရှိတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေဖြစ်ကြပါတယ်။ 

မလေးရှားနိုင်ငံသားတွေဟာ ရုရှားသမ္မတ မစ္စတာ ဗလာဒီမီယာ ပူတင်ကို ဝေဖန်ပြစ်  တင်နေကြပြီး နိုင်ငံရေး သမား အများစုကလည်း ဘယ်သူဘယ်ဝါရယ်လို့ တိုက်ရိုက် စွပ်စွဲတာမျိုးမရှိပေမဲ့ စိတ်ဆိုးဒေါသထွက်နေကြပါတယ်။ 

VOA 
မူရင်း - http://burmese.voanews.com/ 

Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။