
မလေးရှားရှိ အလုပ်သမားတစ်ယောက်၏ အခြေခံလစာ ရင်းဂစ် (၉၀၀) နှင့် အလုပ်သမားတစ်ယောက်ရဲ့ အကျိုးခံစားခွင့်တွေရှိတဲ့အပြင် လုပ်အားခ ဈေးနှုန်းတွေကို မလေးရှားအစိုးရမှ တရားဝင် သတ်မှတ်ထားပြီ မလေးရှားအလုပ်သမားဥပဒေတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားအလုပ်သမားတွေမှာ အကျိုးခံစားခွင့် အတူတူပင် ဖြစ်သည်။
မလေးရှားအလုပ်သမားဥပဒေ တရားဝင် ပြဌာန်းချက်တွင် တနေ့ အလုပ်လုပ်ချိန် ၈ နာရီရှိပြီ ၁ ရက်လျှင် လုပ်အားခ ရင်းဂစ် ၄၀ သတ်မှတ်ထားပြီ ၁ နာရီကို ရင်းဂစ် ၅ ဈေးနှုန်းဖြင့် သတ်မှတ်ပေးတဲ့အပြင် တနေ့တာ သတ်မှတ်ထားတဲ့ အလုပ်ချိန် ၈ နာရီအထက် ရှိခဲ့လျှင် Overtime ဆင်းခဲ့ပါက ၁ နာရီကို ရင်းဂစ် ၇.၅၀ တစ်ဆခွဲနှုန်းဖြင့် သတ်မှတ်ထားခဲ့သည်။
အများပြည်သူ အားလပ်ရက် တရားဝင် အလုပ်ပိတ်ရက်ဖြစ်တဲ့ စနေ-တနင်္ဂနွေ နေ့ရက်တွေမှာ အလုပ်လုပ်ခဲ့ပါက နှစ်ဆ နှုန်းဖြင့် ၁ နာရီကို ရင်းဂစ် ၁၀ ဈေးနှုန်းသတ်မှတ်ထားပြီ အစိုးရရဲ့ တရားဝင်ပိတ်ရက်တွေမှာ ပိတ်ရက် ထပ်နေပါက ၃ ဆနှုန်းဖြင့် ၁ နာရီကို ရင်းဂစ် ၁၅ ဈေးနှုန်းဖြင့် သတ်မှတ်ပေးထားခဲ့သည်။
အလုပ်သမားတယောက်၏ အလုပ်လုပ်အချိန်မှာ တပတ်လျှင် ၄၈ နာရီအထိ ရှိပြီ တစ်လလျှင် ၁၀၄ နာရီအထိ နိုင်ငံတကာစံချိန်နဲ့အညီ မလေးရှားအစိုးရမှ တရားဝင် သတ်မှတ်ပြဌာန်းထားသည်။ အလုပ်သမား အားလပ်ရက်များနှင့် ဆေးနာခွင့်- အလုပ်မှခွင့်ယူမှု- ဆေးရုံတက်ခွင့်တို့ကို အစိုးရမှ တရားသတ်မှတ်ထားပေးခြင်း
(၁) အလုပ်သမား တယောက်မှာ လုပ်သက်တမ်း ၂ နှစ်အောက်ရှိသူများကို တစ်နှစ်လျှင် တရားဝင် အားလပ်ရက် ၁၁ ရက် ရှိပြီ တရားဝင်ခွင့်ယူမှု ၈ ရက်နှင့် ဆေးနာခွင့် ၁၄ ရက်ရှိတဲ့အပြင် ဆေးရုံရောက် ကုသခွင့် ရက်ပေါင်း ၆၀ တရားဝင်သတ်မှတ်ပေး ထားသည်။
(၂) အလုပ်သမားတစ်ယောက်မှာ လုပ်သက်တမ်း ၂ နှစ်အထက်ရှိသူများကို တစ်နှစ်လျှင် တရားဝင် အားလပ်ရက် ၁၁ ရက် ရှိပြီ တရားဝင်ခွင့်ယူမှု ၁၂ ရက်နှင့် ဆေးနာခွင့် ၁၈ ရက်ရှိတဲ့အပြင် ဆေးရုံတက်ရောက်ကုသခွင့် ရက်ပေါင်း ၆၀ တရားဝင်သတ်မှတ်ပေးထားသည်။
(၃) အလုပ်သမားတစ်ယောက်မှာ လုပ်သက်တမ်း ၅ နှစ်ရှိသူများကို တစ်နှစ်လျှင် တရားဝင် အားလပ်ရက် ၁၁ ရက်ရှိပြီ တရားဝင်ခွင့်ယူမှု ၁၆ ရက်နှင့် ဆေးနာခွင့် ၂၂ ရက်ရှိတဲ့အပြင် ဆေးရုံတက်ရောက်ကုသခွင့် ရက်ပေါင်း ၆၀ တရားဝင်သတ်မှတ်ပေးထားသည်။
အလုပ်သမားများအနေဖြင့် အလုပ်ရှင်က လစာထုတ်ပေးတဲ့အခါမှာ လစာပိုင်း စလစ်တွေကို မပျောက် မဖျက် သိမ်းဆည်းထားရန် အလုပ်သမားများက အလုပ်ရှင်သို့ မဟုတ် အေဂျင်စီတွေမှာ နှစ်ဦးသဘောတူစာချုပ် စာတမ်း တွေကို စာချုပ် မိတ္တူ ၁ စုံ သိမ်းဆည်းထားကြရန်နှင့် အလုပ်သမားကို ခန့်အပ်တဲ့ KDN ကော်လင်း စာရွက်တွေကို တပါတည်း သိမ်းဆည်းထားဖို့ လိုအပ်ပါသည်။
မိမိ၏ အလုပ်သမားအခွင့်အရေး အကျိုးခံစားခွင့် ရရှိလိုပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC) မှ ကူညီဆောင်ရွက်ပေးနေပါသည်။ မှတ်ချက်- ရုံးသွား ရုံးပြန် လမ်းခရီး ကုန်ကျစရိတ် အလုပ်သမားများသာ ကျခံရန်ဖြစ်သည်။
MMRC-ရုံး-ဆက်သွယ်ရန်-လိပ်စာ။ Wisma, 10 -5, Jalan USJ 9/5T, 47620 Subang Jaya. (ရဲစခန်း မျက်နှာချင်းဆိုင်) ဥက္ကဌ ကိုလတ် ဖုန်းပါတ်-၀၁၆ ၃၂၁၀ ၉၆၆ - အထွေထွေအတွင်းရေးမှူး ကိုရန်နိုင်ထွန်း ဖုန်းနံပါတ်-၀၁၂ ၆၈၈ ၄၃၇၇
မူရင်းသတင်း - Thuriya
https://www.facebook.com/1374489779468995/photos/a.1432393743678598.1073741828.1374489779468995/1441875959397043/?type=1&theater
နေဇော်လင်း
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin17
0 comments:
Post a Comment