Home » , , » ကွယ်လွန်သူများ - ကိုစံရွှေခိုင် - အသက်(၃၉)နှစ် ၊ ကိုမောင်ပုရှည် - အသက်(၂၅)နှစ် ကိုရွှေသိန်း - အသက်(၂၈)နှစ်

ကွယ်လွန်သူများ - ကိုစံရွှေခိုင် - အသက်(၃၉)နှစ် ၊ ကိုမောင်ပုရှည် - အသက်(၂၅)နှစ် ကိုရွှေသိန်း - အသက်(၂၈)နှစ်

Written By မောင်စေတနာ on Monday, July 21, 2014 | 11:43:00 PM

 
ကွယ်လွန်သူများ - ကိုစံရွှေခိုင် - အသက်(၃၉)နှစ် ၊ ကိုမောင်ပုရှည် - အသက်(၂၅)နှစ် ကိုရွှေသိန်း - အသက်(၂၈)နှစ် (မလေးရှားနိုင်ငံ ဟွန်ဒါ ကားပေါ်မှ ... ဘဝသံသရာ ခရီးသည်များ) 

မလေးရှားနိုင်ငံမှာ ဆိုင်ကယ်တွေ ကားတွေ ပြိုင်မောင်းကြလွန်းလို့ အသက် ဆုံးရှံးခဲ့ရတဲ့သူတွေ မကြာခဏကြုံတွေနေရတဲ့ အက်စီးဒန့် ဖြစ်လို့ အသက်ဆုံးရှံးခဲ့ ရတဲ့သူတွေ ဒီအထဲမှာ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ၊ တိုင်းရင်းသူ တိုင်းရင်းသား ရွှေမြန်မာ ရွေ့ပြောင်း   အလုပ်သမားတွေရဲ့ဘဝဟာ အက်စီးဒန့်ကြောင့်၊ နင့်နာ ဆုံးရှံးမှုတွေကို တွေ့နေ ကြားနေရပါတယ်။ 

အခုတခါကြုံတွေ့ရတာကတော့ ကလန်တန်း ပြည်နယ်မှ ကွမ်တန်းပြည်နယ်ကို ဖြက်ကျော်ပြီး ကွာလာလမ်ပူမြို့အတွင်းသို့ နယ်စပ်မှ သယ်ဆောင်လာသော မြန်မာနိုင်ငံသား ရွေ့ပြောင်း အလုပ်သမား ကယ်ရီ၊ ဟွန်တာ ကားတစ်စီးသည် (၁၆-၆-၂၀၁၄)ရက်နေ့ နံနက် (၄)နာရီကျော်ခန့်တွင် ယာဉ်ကြောရှင်းပြီး ကားအရှိန်မထိန်းနိုင်ဘဲ အိုဗာစပိ ဖြစ်ပြီး တိမ်းမှောက်၍ နောက်ခန်းတွင်  ပါသူ (၄)ဦးမှ (၂)ဦးသေဆုံးခဲ့ပြီး ကားနောက် အဖုံးထဲတွင်ထ ည့်ထားသော(၂)ဦးမှာ (၂)ဦးလုံးသေဆုံးခဲ့ကြောင်းကို မလေးရှားနိုင်ငံ ရဲအရာရှိ INSPECTOR AZHAR မှ ပြောကြားခဲ့ပါသည်။ 

ထိုရဲ အရာရှိသည် ကပုန်း (၇)ရက် သားသမီးနာရေးကူညီမှု အသင်း (မလေးရှား)နှင့် အခြားသော နာရေးကိစ္စများကို အတူလုပ်ဆောင် ကူညီခဲ့ဘူးသောသူဖြစ်၍ ကပုန်း (၇)ရက် သားသမီးနာရေးကူညီမူ  အသင်း (မလေးရှား)အား ဖုန်းဆက်အကြောင်းကြားရာ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေ အထောက်ထား အခိုင်အမာပြသရန် နှင့် Temeloh Hospital ဆေးရုံ ကြီးအအေး တိုက်သို့ သယ်ဆောင်  သိမ်းဆည်းထား ပြီး အခြားသော ကိစ္စအဝဝတို့ကို ပူးပေါင်းကူညီဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။ 

ကပုန်း (၇)ရက် သားသမီးနာရေးကူညီမူအသင်း (မလေးရှား) အသင်း ဥက္ကဌ နှင့် ယာဉ်မောင်း၊ အခြားအားလပ်သော အသင်း၏မျိုးဆက်သစ် ပရဟိတလူငယ်များဖြင့် KM (၂၀၀) ကျော်ခန့် ရှိသော Temeloh Hospital ဆေးရုံသို့သွားရောက်ပြီးမြန်မာ လူမျိုးများဖြစ်ကြောင်း အထောက်ထား အခိုင်မာ မှတ်သား၍ ညနေ(၄)နာရီ ခန့်တွင် မလေးရှားနိုင်ငံမှ ရဲဌာနများနဲ့ တွေ့ဆုံပြီ မြန်မာနိုင်ငံရှိ မိဘများနဲ့ အမြန်ဆုံး အဆက်အသွယ်ရရှိရန် ကွာလာလမ်ပူမြို့သို့ပြန်လာခဲ့ပါသည်။ စုံစမ်းမေးမြန်းရင်း (၇)ရက်ကြာခဲ့ပါသည်။ 

ထိုနေ့မှပင်နာရေးရှင်  မိသားစုများ၏ သတင်းအစအနများကို တစတစ ရှာဖွေစုဆောင်း အဆက်သွယ်ရရှိခဲ့ပါသည်။ ကပုန်း (၇)ရက် သားသမီး      နာရေးကူညီမှု့အသင်း (မလေးရှား)သည် နာရေးနှင့် ပတ်သက်လျှင် အခက်အခဲနှင့် ဒုက္ခမျိုးစုံကြုံတွေ့နေရသည့်အထဲ ကိုယ်ကျိုးကို လုံးဝမဖက်ပဲ A to Z အထိ ကူညီမှု့အပြည့်အဝ ပေးရပါတယ်။ ဒီလိုမှမကူညီခဲ့ရင် မလေးရှားနိုင်ငံရောက် ကျွန်တော်တို့ ညီအစ်ကို မောင်နှမ၊ တိုင်းရင်းသူ တိုင်းရင်းသား ရွှေမြန်မာ အလုပ်သမားတွေရဲ့ဘဝဟာ နေရေးလဲခက် သေရေးလဲခက်နေပါသည်။ 

မလေးရှားနိုင်ငံမှာ အလောင်းမြေချနိုင်ဖို့ဆိုတာ   လွယ်ကူတဲ့အ    လုပ်မဟုပ်ပါဘူး။ ယခု အခါ ကလန်တန်း ပြည်နယ်မှ ကွမ်တန်းပြည်နယ်ကို ဖြက်ကျော်ပြီး ကွာလာလမ်ပူမြို့အတွင်းသို့ နယ်စပ်မှ သယ်ဆောင်လာသော မြန်မာနိုင်ငံသားရွေ့ပြောင်းအလုပ်သမား ကယ်ရီ၊ ဟွန်ဒါကားတစ်စီးသည် (၁၆-၆-၂၀၁၄)ရက်နေ့ နံနက် (၄)နာရီကျော်ခန့်တွင် ယာဉ်ကြောရှင်းပြီး ကားအရှိန်မထိန်းနိုင်ဘဲ အိုဗာစပိ ဖြစ်ပြီး တိမ်းမှောက်၍ သေဆုံးသွားသော ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊   အင်္ဂါရားချိုန်ကျွန်း၊ကျောက် မောင်းကျွေးရွာနေ ကိုစံရွှေခိုင် = အသက်(၃၉)နှစ် ၊ ကိုမောင်ပုရှည် = အသက်(၂၅)နှစ် ကလန်တန်း ပြည်နယ်မှ ကွမ်တန်းပြည်နယ်ကို ဖြက်ကျော်ပြီး ကွာလာလမ်ပူမြို့အတွင်းသို့ နယ်စပ်မှ  သယ်ဆောင်   လာသော မြန်မာနိုင်ငံသားရွေ့ပြောင်း    အလုပ်သမား ကယ်ရီ၊ ဟွန်တာ ကားတစ်စီးသည် (၁၆-၆-၂၀၁၄)ရက်နေ့ နံနက် (၄)နာရီကျော်ခန့်တွင် ယာဉ်ကြောရှင်းပြီး ကားအရှိန်မထိန်းနိုင်ဘဲ အိုဗာစပိ ဖြစ်ပြီး တိမ်းမှောက်၍ သေဆုံးသွားသော ကိုရွှေသိန်း = အသက်(၂၈)နှစ် အား ၂၁-၇-၂၀၁၄ ရက်နေ့တွင် ကပုန်း(၇)ရက်သား      သမီးနာရေး     ကူညီမှု့အသင်း     (မလေးရှား) မှ တမလို့ဆေးရုံကြီး အအေးတိုက်မှ သယ်ဆောင်ကာ စံတိုး ဟိန္ဒူ သုဿန်တွင် ကောင်းမွန်စွာ    သင်္ဂြု လ်ပြီးစီးခဲ့ပါသည်။ 

မလေးရှားနိုင်ငံရောက်လာသူများအားလုံးသည် RM (၁)ကို မြန်မာ ကျပ် ငွေ(၃၀၀) သက်မှတ် ပြီစီးပွားရှာကြသူများဖြစ်ကြပါ၍ ကပုန်း (၇)ရက် သားသမီးနာရေးကူညီမှု့အသင်း (မလေးရှား) အသင်း၏ မျိုးဆက်သစ် ပရဟိတလူငယ်များသည် ပရဟိတ လုပ်ငန်းလဲလုပ် မိသားစုများစားဝတ်နေရေးအတွတ်လည် အလုပ်လုပ်ရပါသည်။ 

ကပုန်း (၇)ရက် သားသမီးနာရေးကူညီမူအသင်း(မလေးရှား)သည် မည်သူမည်ဝါကမှ လစဉ်ထောက်ပံ့ ထားသော အသင်းလည် မဟုတ်ပါ။ သို့ပါသော်လည် စေတနာကောင်းရင် ကံကောင်းမည် ဆိုသော စကားနှင့်အညီ မြန်မာပြည်ထဲတွင် နေထိုင်သော ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ဝင်များစသည့်တို့ကို ယနေ့ ထက်တိုင် ကူညီပေးနေသော အသင်းဖြစ်ပါသည်။ သို့ဖြစ်၍ နာရေးကိစ္စများ ကြုံတွေ့လှင် အဖက်ဖက်မှ အတတ်နိုင်ဆုံး ကူညီပေးခဲ့သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။ 

နာရေးကိစ္စဆောင်ရွက်ရာတွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ မဖြစ်မနေထုပ်ပေးရမည့်သင်္ဂြိုလ်ခွင့် ပြုကြောင်းစာရွက်ကို အမှန်တကယ်လိုအပ်ပါသည်။ ဒီစာရွက်မပါလျှင် ဆေးရုံနှင့် ဌာနဆိုင်ရာများက အထောက်ထားမပြည့်စုံဟုပြောကာ ပယ်ချခြင်းကိုခံရပါတယ်။ ယနေ့ သင်္ဂြိုလ် သော နာရေးသုံးလောင်း သည် အချိန်မှီ မသင်္ဂြိုလ်နိုင်သဖြင့် ရုပ်အလောင်းများမှာ ပျက်စီးခဲ့ရပါသည်။ 

 အောက်လမ်းဟုခေါ်သော ထိုင်းမှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်၊ဝင်ရောက် လာခဲ့မည်ဆိုပါကလည်း ဒီလိုအဖြစ်ဆိုးမျိုးကြုံတွေ့ရပါမည်။ ထို့ အပြင် နယ်သပ်မှာ ရဲဖမ်းလို့ ကူညီကြပါ ၊ ကျွန်တော်ညီ အဖမ်းခံရတယ်၊ ကျွန်တော်မိန်းမနဲ့ လူ(၂၀) အဖမ်းခံရတယ် စသဖြင့် သူတို့တွေဟာ ကယ်ပါကူပါ၊ တစ်ဇာဇာနှင့် အကူအညီ တောင်းခံမှု့များ ဟာ နားနှင့်မဆန့်အောင်ပါ။ ဒါမျိုးတွေ မဖြစ်အောင် အောက်လမ်းမှ လာမည့် ကိစ္စကို စဉ်စားဝေဖန်ပါ။ 

အပေါ်လမ်းဟုခေါ်သော လေကြောင်းဖြင့်လာရင်လည်း Visa အတုနှင့် ဝင်ခိုင်းပြီး Show Money က မပါ အေးဂျင်ကပေးသော လေယာဉ် လက်မှတ်ကတစ်ခြမ်း၊ လေဆိပ်မှာပင် ထောင်နန်းစံခဲ့ရသူကမနဲ အကယ်၍ ကျွတ်လွတ်ပြီး အလုပ်ရပြန်ရင်လည်း ပါမစ်ထဲကအလုပ် နာမည်နှင့်လက်ရှိ အလုပ် ကုမ္ပဏီ ကမတူလို့ အဖမ်းခံရပြန်ပါသည်။ 

မလေးရှားမှာ ပါမစ်ရရှိပြီဆိုပြီး မြန်မာပြည်သို့ အလည်ပြန်သော်လည်း ပါမစ်က အတုဖြစ်လို့ အဖမ်းခံရတာတွေအများကြီးကြုံတွေ့ရပါသည်။ ယခင်(6P) စီမံကိန်းနှင့်လည်း မြန်မာနိုင်ငံသားတွေ မရေတွက်နိုင်အောင် အလိမ်ခံရပါသည်။ 

ယခု ဒုတိယ အကြိမ် (6P) စီမံကိန်းသည် မြန်မာနိုင်ငံသားများ ထံမှ ချွေးနဲစာဖြင့်ရရှိထားသော ပိုက်ဆံများကို ထက်မံ အလိမ်မခံရပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ဟွန်ဒါ ကားပေါ်တွင်သေဆုံးခဲ့ရသော ဘဝသံသရာ ခရီသည်များ မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းနေလျှက်ပါ >>>>>>>>>>>… 

ကပုန်း (၇) ရက်သားသမီးနာရေးကူညီမှု အသင်း (မလေးရှား) 

 မူရင်း - https://www.facebook.com/kampungfreefuneralservices.myanmar ကပုန်း (၇) ရက်သားသမီးနာရေးကူညီမှု အသင်း (မလေးရှား) 

 Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။