မြန်မာ အိမ်အကူများ အပါအ၀င် အိမ်အကူ အလုပ်သမားများအား ရောင်းကုန် ပစ္စည်းတစ်ခု သဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျာဇီးရားသတင်းဌာန ဖော်ပြမှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက စုံစမ်းစစ်ဆေးမှုများ စတင်နေ
မြန်မာအိမ် အကူများ အပါအ၀င် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ အိမ်အကူ အလုပ်သမားများအား စင်ကာပူရှိ ကုန်တိုက်များတွင် ရောင်းကုန်ပစ္စည်း တစ်ခုသဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာန၏ ဖော်ပြချက်နှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ် နေသည်ဟု စင်ကာ ပူနိုင်ငံအခြေစိုက် The Strait Times သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
တန င်္လာနေ့ကပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချားလ်စ်ဂျို့စ် ကပြောဆိုရာ၌ ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံရပ်ခြား စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေသော ဖိလစ်ပိုင် အလုပ်သမားများကို တိုးမြှင့် အကာအကွယ်ပေးနိုင်ရေး အတွက် လိုအပ်သည့် လုပ်ဆောင်မှန်သမျှကို လုပ်ဆောင်ရန် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။
မစ္စတာဂျို့စ်က ဆက်လက်ပြောဆိုရာ၌ အကယ်၍ အယ်လ်ဂျားဇီးရားသတင်းဌာနကဖော်ပြခဲ့သည့် အချက်အလက်များနှင့် အလွဲသုံးစားမှုအဖြစ်အပျက်များသည် မှန်ကန်သည်ဆိုပါက နိုင်ငံရပ်ခြားရောက် ဖိလစ်ပိုင်အလုပ်သမားရုံးသည် အဆိုပါအဖြစ်အပျက်ကို စင်ကာပူရဲတပ်ဖွဲ့သို့ သတင်းပို့နိုင်သည်ဟုလည်း ပြောဆိုခဲ့သည်။
အယ်လ်ဂျားဇီးရား သတင်းဌာနက ယခင်အပတ်က သတင်းတင် ဆက်ရာတွင် စင်ကာပူနိုင်ငံရှိ အိမ်အကူခန့်ထားရေး အေဂျင်စီများသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့မှ အိမ်အကူများကို စင်ကာပူနိုင်ငံရှိ ဈေးဝယ်ကုန်တိုက်ပြခန်းများတွင် ပြသရောင်းချလျက်ရှိနေသည်ဟု သတင်းတင်ဆက်ခဲ့သည်။
စင်ကာပူနိုင်ငံသို့ အိမ်အကူ အဖြစ် အဓိကလာ ရောက်လုပ်ကိုင်နေသည့် နိုင်ငံများမှာ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများဖြစ်ကြပြီး စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူအရေအတွက်မှာ ယခင်က ၂၀၀၀၀ ခန့်ရှိရာမှ နှစ်နှစ်အတွင်း ၃၀၀၀၀ အထိ တိုးတက်လာခဲ့သည်။
အင်ဒိုနီးရှား အိမ်အကူအရေ အတွက်မှာ ၁၂၅၀၀၀ ကျော်ရှိပြီး ဖိလစ်ပိုင်အိမ်အကူအရေအတွက်မှာ ၇၀၀၀၀ ကျော်ရှိသည်။
စင်ကာပူရှိအိမ်အကူများကြုံတွေ့ရသည့် အခက်အခဲများတွင် လစာငွေမရရှိခြင်း၊ အစားအစာ လုံလောက်စွာ မစားသောက်ရခြင်း၊ သတ်မှတ်ထားချိန်ထက်ပိုအောင် နာရီပေါင်းများစွာ ခိုင်းစေခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ခံစားရခြင်းတို့ အပြင် အိမ်တွင်းအကူ အလုပ်သမားများ အနေဖြင့် အလုပ်ရှင်အိမ်တွင် မနေမဖြစ် ဥပဒေအရ
သတ်မှတ်ထားသည့် စင်ကာပူနိုင်ငံ၏ လုပ်ထုံး လုပ်နည်းစည်းမျဉ်းကြောင့်လည်း အမျိုးသမီးအိမ်အကူများ အနေဖြင့် အလွဲသုံးစားမှု ပိုမိုခံစား နေရကြောင်း အဆိုပါသတင်း ဆောင်းပါးတွင် အိမ်အကူများအရေး အကူအညီပေးနေသည့် အဖွဲ့အစည်း များကို ကိုးကား၍ ရေးသားထားခဲ့သည်။
စင်ကာပူနိုင်ငံသည် မြန်မာ အမျိုးသမီး အိမ်အကူ အများစုသွား ရောက်လုပ်ကိုင်နေသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယခုနှစ်မ တ်လတွင် မြန်မာအမျိုးသမီးအိ မ်အကူဟုယူဆရသူ တစ်ဦးသေဆုံးလျက်တွေ့ရှိခဲ့ရသည်။
ထို့ပြင် ယခုနှစ်များအတွင်း နိုင်ငံခြားရောက် မြန်မာအမျိုးသမီးအိမ်အကူများအား အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံတကာ တွင်လည်း ပြည်ပရောက် အိမ်အကူများအား အိမ်ရှင်များက အကြမ်းဖက်မှု အဖြစ်အပျက်များ ဖြစ်ပွားလျက် ရှိသောကြောင့် အမျိုးသမီးအိမ်အကူများ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မှုများ ဖြစ်ပွားလျက်ရှိနေသည်။
များမကြာမီအချိန်က ဟောင်ကောင်ရောက် အင်ဒိုနီးရှား အိမ်အကူတစ်ဦးအား ဟောင်ကောင် အိမ်ရှင်လင်မယားက အလွန်အမင်း နှိပ်စက်ညှဉ်းပန်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံက ၎င်း၏အမျိုးသမီးအိမ် အကူတင်ပို့မှုကို ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံက ၂၀၁၇ ခုနှစ်နောက်ပိုင်း အိမ်အကူပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံသားများအား ပို့ဆောင်ခြင်းခွင့်မပြုတော့ဟု ရည်ရွယ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံခြားသို့ အလုပ်သမား တင်ပို့ရာ ဈေးကွက် တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။
ထိုသို့ ပြည်ပရောက် အိမ်အကူများ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်စရာ များဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံ အနေဖြင့်မူ ပြည်ပသို့ အိမ်အကူပို့ ဆောင်ရေးလုပ်ငန်းများကို ဆက်လက် တွန်းအားပေး လုပ်ဆောင် လျက်ရှိနေပြီး ယခုနှစ် အနည်းငယ် အတွင်း ဟောင်ကောင်သို့ အိမ်အကူ ထောင်နှင့်ချီ၍ တရားဝင်ပို့ ဆောင်ရန်လည်း စီစဉ်လျက်ရှိသည်။
မြန်မာအစိုးရက ယခု လောလောဆယ်တွင် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်တို့သို့ အိမ်အကူ တင်ပို့ခြင်းအတွက် ခွင့်ပြုပေး လိုက်ပြီဖြစ်ပြီး ထိုင်ဝမ်နိုင်ငံ သို့လည်း တင်ပို့ခွင့်ပြုရန် မျှော်မှန်းထားသည်ဟု သိရသည်။ ယခု စင်ကာပူနိုင်ငံရှိ ဈေးဝယ်ကုန်တိုက်များတွင် မြန်မာ အိမ်အကူများ အပါအ၀င် အိမ်အကူ အလုပ်သမားများအား ရောင်းကုန် ပစ္စည်းများသဖွယ် ပြသရောင်းချနေသည်ဆိုသည့် အချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘက်မှ တုံ့ပြန်ပြောဆိုမှုများ ပြုလုပ်ခြင်း မရှိသေးပေ။
Eleven Media Group - Website
https://www.facebook.com/ElevenMediaGroup
နေဇော်လင်း
Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin15
0 comments:
Post a Comment