Home » , » OSC အစီအစဉ်အတွက် သိသင့်သည်များကို တင်ဆက်ပေးခြင်း (ပါမစ် သတင်း)

OSC အစီအစဉ်အတွက် သိသင့်သည်များကို တင်ဆက်ပေးခြင်း (ပါမစ် သတင်း)

Written By မောင်စေတနာ on Thursday, June 26, 2014 | 12:46:00 PM

 
ပါမစ် မလေးရှား (၂၆.၆.၂၀၁၄) ကျွန်တော်တို့ #မလေးရှားရောက်မြန်မာများ facebook စာမျက်နှာမှ မလေးရှားရောက် တရားမဝင်ဖြစ်နေသော မြန်မာနိုင်ငံသားများအတွက် အစိုးရ ၂ ဘက် ညှိနှိုင်းဆောင်ရွက်သော G to G ပါမစ်အစီအစဉ် အကြောင်းကို ပြီးခဲ့သည့် ၂၄.၆.၂၀၁၄ ရက် ဖွင့်ပွဲအပြီး သတင်းတစ်ခုအနေဖြင့် တင်ဆက်ပေးခဲ့သည် ။ 

 ထိုမတိုင်မီ ကလည်း OSC ပါမစ်အစီအစဉ်အကြောင်းကို ကျွန်တော်တို့ တင်ဆက်ထားပေးခဲ့သည် ။ သို့သော် ယနေ့အစီအစဉ်အား မည်သို့ဆောင်ရွက်ရမည် ၊ မည်သို့ စီစဉ်ပေးသည် ၊ မည်သည့်အဖွဲ့မှ ဖြစ်သည် ။ 

မည်သူများ အကြုံးဝင်သည်စသည့် မေးခွန်းများကို ယနေ့တိုင်မေးနေသလို တကယ်မှန်ရဲ့လား ဆိုသည်ကိုပါ ကျွန်တော်တို့ထံပေးမြန်းထားသည် ကိုတွေ့ရသည် ။ ထို့ကြောင့် ပါမစ်အတွက် ပတ်သက်သမျှသော မေးခွန်းများကို တာဝန်ရှိသူများထံမေးမြန်းပြီး ကျွန်တော်တို့ မြန်မာများ ပိုမိုတိကျသော အဖြေတစ်ခုအနေဖြင့် သိရှိစေရန် ထပ်မံရေးသားတင်ဆက်ပေးသည် ။ သေချာစွာ လေ့လာဖတ်ရှုပါ ။

 ၁. G to G (မြန်မာအစိုးရအသုံး) Everfine နှင့် OSC (မလေးတာဝန်ရှိကုမ္မဏီ) ၂ ဘက် ဆောင်ရွက်သော တရားမဝင် မြန်မာနိုင်ငံသားမျာအတွက် ယခု ပါမစ်ပေးသည့် အစီအစဉ်သည် ၂ နိုင်ငံအစိုးရ တရားဝင် ဆောင်ရွက်သော အစီအစဉ်ဖြစ်ပြီး သတ်မှတ်ထားသည့် ၂ ဘက်ကုမ္မဏီမှ အပ အခြား မည်သည့် နေရာ ၊ မည်သူ့ထံတွင်မှ တရားဝင် ဆောင်ရွက်မရနိုင် ။ တရားဝင်ဆောင်ရွက်သော အစီအစဉ် ဖြစ်ပြီး ၊ မည်သည့် အေးဂျင်း မှ ကြားဝင်ခွင့်မပေးထားပါ ။ မြန်မာကုမ္မဏီ အနေဖြင့် Everfine မှတာဝန်ယူထားပြီး မလေးအစိုးရကုမ္မဏီ အနေဖြင့် OSC ကတာဝန်ထားသည် ။ 

၂. ယခု အစီအစဉ်သည် မြန်မာနိုင်ငံသားများအတွက်သီးသန့်ဖြစ်သည် အခြားနိုင်ငံသားမပါဝင် ၊ ထို့အတူ အားလုံး ပါမစ် အလွယ်ပေးမည့်အစီအစဉ်လဲမဟုတ်ပါ ။ ရှင်းရှင်းလင်းလင်း သိရန်လိုသည် ။ လာရောက်ဆောင်ရွက်သော တရားမဝင် နေထိုင်သူများကို ပစ်မှုကင်းရှင်းကြောင်း စစ်ဆေးကာ လက်ဗွေ စီစစ်ပြီး အမှန်တကယ် ပါမစ်ရရှိရန် လိုအပ်သော ၊ ဆေးအောင်သည့် ၊ လုပ်ငန်းခွင်အတွက် လိုအပ်သော လုပ်သားများကိုသာ တရားဝင်အဖြစ် ပါမစ် ပေးသွားမည်ဖြစ်ကြောင်း အထူးသိရှိရန်လိုအပ်သည် ။ 

 ၃. ပထမဆုံး မည်သည့် တရားမဝင် ဖြစ်နေသူမဆို ပါဝင်ဆောင်ရွက်နိုင်သည် ။ 6P ဖြင့် ပါမစ်မရသော တရားမဝင်ဖြစ်စေ ၊ အလည်လာပြီးတရားမဝင်ဖြစ်နေသော သူဖြစ်စေ ၊ 6P သက်တမ်းတိုးမရ၍ အိုဗာစတေး ဖြစ်နေစေ ၊ မည်သည့်နည်းဖြင့်တရားမဝင်ဖြစ်နေစေ ပါဝင်ဆောင်ရွက်နိုင်ကြောင်းသိရသည် ။ 

၎. ပါမစ်လျှောက်ထားသူသည် လုပ်ငန်းရှင် မဖြစ်မနေ ရှိထားရမည် ။ လုပ်ငန်းရှင်မှတာဝန်ယူရမည် ။ ထိုသို့သောသူများကိုသာ လက်ဗွေ ဖြင့်စီစစ်ပြီး တရားဝင် ပါမစ်လျှောက်ရန် OSC မှတာဝန်ဖြင့် မလေးရှားအစိုးရထံဆက်လက် လျှောက်ထားကာ ပါမစ်ဆောင်ရွက်ရမည်ဖြစ်သည် ။ လုပ်ငန်းရှင်မရှိသော သူများအဖို့မူ Everfine သို့ သွားရောက် ကာလုပ်ငန်းရှင် နေရာ အတွက် အကူညီတောင်းနိုင်ကြောင်းသိရသည် ။ 

 ၅. ဆေးကျော်၍မရ ၊ Free ကောလင်းမရ ၊ ၊ ပါမစ်ရပါက လေဆိပ်တွင် 6P လိုမရစ် ၊ ပါမစ်ရပါက မြန်မာပြည်သို့အလည်ပြန်နိုင်သည် ၊ အမှန်တကယ် လိုအပ်သူများကိုသာ ပါမစ်ပေးမည် ၊ ပါမစ်မရသည့်သူများ အနေဖြင့် မြန်မာပြည်သို့လေယာဉ်ဖြင့်ပြန်ရမည် ၊ ပွဲစားမလို ၊ အေးဂျင်းမလို ၊ အလုပ်သမားအတွက် လုပ်ငန်းရှင်မှတာဝန်ယူရမည် ။ မည်သည့်အိုဗာစတေးမဆို ပါဝင်ဆောင်ရွက်နိုင်သည် ။ 

၆. ယခင် 6P စာအုပ်နှင့်လည်းရသည် ၊ ယခု မှအသစ်လုပ်ထားသော စာအုပ်နှင့်လည်းရသည် ၊ စာအုပ်လျှောက်ထားသော စလစ် ရှိလျှင်လည်းရသည် ၊ မရှိပါကလည်း သူဌေးဖြင့် လက်ဗွေ နှိပ်ပြီး မှ စာအုပ်လျောက်နိုင်သည် ။ စာအုပ်လျှောက်ပါက Everfine တွင် ဖြစ်စေ သံရုံးတွင်ဖြစ်စေ (က) မှတ်ပုံတင် ၊ (ခ) အိမ်ထောင်စုစာရင် ၊ (ဂ) ရပ်ကွက်ထောက်ခံစာ ၊ (ဃ) ရဲစခန်း ထောက်ခံစာ တို့ နှင့် လျှောက်ရလိမ့်မည် ။ စာရွက်စာတမ်း တစ်ခုခု မပြည့်စုံပါက ကိုယ်တိုင်သွားရောက် အသနားခံ ၊ စုံစမ်း မေးမြန်းကာ ဆောင်ရွက်ပါ ၊ ကော့မက်ရေးပြီးမမေးပါ နှင့် ကျွန်တော်တို့ မည်သို့မှ မဖြေတတ်ပါ ။ 

၇. ယခုအစီအစဉ်အတွက် ကုန်ကျစရိတ်မှာ အစပိုင်းတွင် (က) ပတ်စပို့စာအုပ်လျှောက်ထားပါက ၁၆၀ ရင်းဂစ် (Everfine) (ခ) လက်ဗွေ နှိပ်ပါက ၁၀၀ ရင်းဂစ် (OSC) (ဂ) ပါမစ်လျှောက်ထားမည်ဆိုပါက စရံငွေ ၃၆၀ (Everfine) (ဃ) လုပ်ငန်းရှင်နှင့်တခါတည်းလျှောက်ထားပါက Levy ကြေးနှင့် ကုန်ကျငွေ၏ တစ်ဝက်ကို စရံငွေအဖြစ် တင်ရကြောင်းသိရသည် (OSC) 

 ၈. ပါမစ်ဖိုးအပြီးအစီး ကုန်ကျစရိတ် အနေဖြင့် တရားဝင်ဆောင်ရွက်ရသော ကုမ္မဏီ ၂ ခုဖြစ်သည့် OSC နှင့် Everfine သို့ကိုယ်တိုင်မေးမြန်းစုံစမ်းစေလိုပါသည် . ကျွန်တော်တို့ သည် ထိုစီမံချက်တွင် မီဒီယာ အနေဖြင့်သတင်း မှန်ရေးသားပေးရန်သာ တတ်နိုင်ပါသည် ။ စုံစမ်းနိုင်သော ဖုန်းနံပတ်များ နှင့် လိပ်စာများကို တိကျစွာရေးသားပေးထားပါသည် ။ ငွေကြေးနှင့်ပတ်သက်သောမေးခွန်းများအနေဖြင့် ကာယကံရှင် ကိုယ်တိုင်မေးမြန်း၍ ဖြစ်စေ ၊ မိမိလုပ်ငန်းရှင်အား OSC သို့ဖုန်းဆက်၍ဖြစ်စေ မေးမြန်းစုံစမ်းခိုင်းပါ ။ 

 ၉. တရားဝင်အစီအစဉ်ဖြစ်သည် ၊ ၂ ဘက်အစိုးရ တရားဝင် သတ်မှတ်သော ကုမ္မဏီများ ဖြင့် ဆောင်ရွက်ရသည် ၊ ယခင် 6P လို အသားလွတ် ပါမစ်ရမည့်အစီအစဉ်မျိုးမဟုတ်ပါ ၊ ရသင့်သူသာ ရမည်ဖြစ်ကြောင်း မဖြစ်မနေသိထားစေလိုသည် ။ 

၁၀ ။ ကုမ္မဏီ ၂ ခု၏ လိပ်စာမှာ 

*********************** 
 G2G (ONE STOP CENTRE) 
******************************* 

KALANA JAYA IMMIGRATION ,Kelana Center point (PLAZA GLOMAC ) ပထမထပ် ၊ (LRT KALANA JAYA ဘူတာတွင်ဆင်းပြီး KALANA JAYA IMMIGRATION သို့ တက္ကစီစီးပါ (သို့) T624 Bus ကားစီးပါ။ သင့်လုပ်ငန်းရှင် စုံစမ်းရန် ဖုန်း - 0378874724 မြန်မာများစုံစမ်းလိုပါက - 01114925836 (ရုံးချိန်အတွင်းသာ ဆက်သွယ်ပါရန်) 

EVERFINE SERVICE COMPANY 
************************************ 

MASJID JAMEK LRT ဘူတာအနီး ၊ အမှတ် ၁၉ - ၂၁ ၊ JALAN TUN PERAK , KL. 032064075 , 0320264076 0183559540 (ရုံးချိန်အတွင်းသာ ဆက်သွယ်ပါရန်) ပါမစ်ဆောင်ရွက်ပေးမည့်ကာလသည် ၆ လအတွင်းဖြစ်ကြောင်းသိရသည် ။ လက်ဗွေ နှိပ်မည့် ကာလနောက်ဆုံးရက် မကြော်ငြာထားသေးပါ ။ နယ် center များဖွင့်ရန် စီစဉ်နေဆဲဖြစ်ကြောင်းသိရသည် လိပ်စာအတိအကျသိရပါက ဆက်လက်တင်ဆက်ပေးပါမည် ။ 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 

ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ facebook စာမျက်နှာသည် မြန်မာနိုင်ငံသားများအတွက် မှန်ကုန်သည့် အသိပေးချက်များကိုသာ တင်ဆက်ပါသည် ။ မည်သည့်ငွေကြေးအတွက်မှ သတင်းမရေးပါ ။ မည်သည့်ထောက်ပံ့မူမှလည်းလက်မခံထားပါ ။ ငွေကြေး ဈေးနှုန်းများအတွက်မူ ကိုယ်တိုင်ဖြစ်စေ လုပ်ငန်းရှင်အားဖြစ်စေ စုံစမ်းစေလိုကြောင်း ထပ်မံ မေတ္တာရပ်ခံသည် ။ 

သိရှိလိုသည်များ ကို ဆက်လက်မေးမြန်းပါ ၊ ကျွန်တော်တို့ တာဝန်ရှိသူများထံ ထပ်မံမေးမြန်းပေးနေမည် ။ 

သတင်း မူရင်း - မလေးရှားရောက်မြန်မာများ facebook စာမျက်နှာ 
Photo : #မလေးရှားရောက်မြန်မာများ www.facebook.com/mmrinmy
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။