Home » , , » Miss Asia Pacific World အလှမယ်အရွေးခံရသည့် မေမြတ်နိုး

Miss Asia Pacific World အလှမယ်အရွေးခံရသည့် မေမြတ်နိုး

Written By မောင်စေတနာ on Saturday, May 31, 2014 | 11:57:00 PM

 
 တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပနေသည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုးသည် ပြိုင်ပွဲ၏ ပထမဆုဖြစ်သည့်Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူး သွားခဲ့သည်။ 

 ပြိုင်ပွဲ၏ အစောပိုင်းတွင် လူကြိုက်အများဆုံးဆုကို လည်းဆွတ် ခူးထားခဲ့သည့် အသက်၁၈နှစ် အရွယ် မေမြတ်နိုးသည် နောက်ဆုံး  အဆင့်ပြိုင်ပွဲတွင်  အိမ်ရှင်ကိုရီးယား  အလှမယ်ကို  အနိုင် ယူကာ ဆုတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ 

 နိုင်ငံတကာမှအလှမယ်၄၀နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ယင်းပြိုင်ပွဲတွင်ဆန်ကာတင်အလှမယ်ခုနှစ် ဦးကိုဦးစွာရွေးချယ်ခဲ့ပြီးနောက်နောက်ဆုံးအဆင့်ကိုယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။ 

 နောက်ဆုံးယှဉ်ပြိုင်ခဲ့သူခုနှစ်ဦးတွင် မေမြတ်နိုးကပထမ၊တောင်ကိုရီးယားမှ Kim Eea ကဒုတိယ၊ မကာအိုမှ Hio Man Cha ကတတိယနှင့် ဖိလစ်ပိုင်မှ Hillarie Danielle Parungao စတုတ္ထဆုများ အသီးသီးရခဲ့သည်။ 

Credit - http://7daydaily.com/story/12098#.U4oN2ijuVMF 

 နေဇော်လင်း1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin15
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။