မလေးရှားနိုင်ငံ အတွင်းမှ ရွှေမြန်မာများ အားလုံးအတွက် အရေးပေါ် သတိပေးချက် (22.6.2014 - 12:01 AM)
အခု တစ်ပတ်အတွင်း မလေးရှားနိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ မြန်မာ တစ်ချို့ဆီကို ဒီလိုနံပတ်တွေနဲ့ Massage ပို့တာတွေ ဖုန်းဆက်လာတာတွေကို ကြုံတွေ့နေရပါတယ်။ ပုံမှာမြှားနဲ့ သေချာပြထားတဲ့ ဖုန်းနံပတ်တွေ မိမိတို့ဖုန်းထဲကို Massage ဝင်လာရင် ပြန်မပြောမိပါစေနဲ့ ။။။
မိမိတို့ဖုန်းထဲမှာရှိတဲ့ ပိုက်ဆံတွေဟာ ဖုန်းတစ်ချက် ဆက်လိုက်
တာနဲ့ ကုန်သွားမှာ ဖြစ်ပါတယ်။ မိမိတို့ ဖုန်းထဲက ပိုက်ဆံတွေ ပါသွားမှာ ဖြစ်ပါတယ်။
010 - 013 - 019 - 016 - 0111 - 018 - 03 - 017 - 012 စတဲ့ ဖုန်းနံတွေ မဟုတ်ပဲ
ပုံမှာ ပြထားတဲ့ နံပတ်တွေနဲ့ မက်ဆော့ပို့လာတာတွေဆိုရင် သတိထားကြဖို့အတွက်
အသိပေး တင်ပြလိုက်ပါတယ်။
မလေးရှားနိုင်ငံမှ ရွှေမြန်မာများ အားလုံး အလုပ်အကိုင်များ အဆင်ပြေပြီး
လိုရာဆန္ဒပြည့်ဝ အောင်မြင်ပါစေ။
နေဇော်လင်း
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin15
0 comments:
Post a Comment