Home » , , » မလေးရှားမှာ ပညာသင်နိုင်မယ့် အခွင့်အလမ်းက ဘာတွေရှိမလဲ ???

မလေးရှားမှာ ပညာသင်နိုင်မယ့် အခွင့်အလမ်းက ဘာတွေရှိမလဲ ???

Written By မောင်စေတနာ on Monday, June 2, 2014 | 3:36:00 PM

 

မလေးရှားမှာ မြန်မာကျောင်းသားတွေ ပညာသင်နိုင်မယ့် အခွင့်အလမ်းတွေကို ဟောပြောရှင်းလင်းတဲ့ မလေးရှား ပညာရေးပွဲတော်ကို ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ နှစ်ရက်ကြာ ကျင်းပနေပါတယ်။ အမှတ်ကောင်းတဲ့ ကျောင်းသားတွေအတွက် ဘယ်လိုအခွင့်အလမ်းရှိနိုင်မလဲ။ 

စာတော်တဲ့ကျောင်းသားတွေကတော့ ပညာတော်သင်ဆု တစ်စိတ်တစ်ပိုင်းနဲ့ ကျောင်းလခ လျှော့ဈေးနဲ့ရနိုင်ပြီး ဘွဲ့လွန်ကျောင်းသားတွေကတော့ မလေးရှားအစိုးရပေးတဲ့ International Scholarship ရှိတယ်လို့ Education Malaysia က ဆိုပါတယ်။ မလေးရှားနိုင်ငံက ကျောင်း ၃၁ကျောင်းက ကိုယ်စားလှယ်တွေက မေ ၃၁ရက်နဲ့ ဇွန် ၁ရက်နေ့မှာ ပြုလုပ်တဲ့ ပညာရေးပွဲတော်မှာ သင်ယူနိုင်မယ့် ဘာသာရပ်တွေကို အသေးစိတ်ရှင်းပြမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

တက္ကသိုလ် ၂၃ခုနဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်နိုင်မယ့် ကျောင်း ၇ကျောင်းပါဝင်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ၊ လက်တွေ့သရုပ်ပြမှုတွေကို ရှင်းလင်းခဲ့ပါတယ်။ 

မလေးရှားနိုင်ငံမှာ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တွေရှိပြီး အဲဒီကနေ အမေရိကန်တက္ကသိုလ်တွေဆီ ဆက်ပြီးတက်ဖို့ လွယ်သွားတာကြောင့် မလေးရှားပညာရေးကို စိတ်ဝင်စားတယ်လို့ ဆိုလာသူက ဆောင်းမြတ်တာမီပါ။ 

မလေးရှားပညာရေးပွဲတော်ကို မလေးရှားပညာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနနဲ့ မြန်မာပြည်က Jenko Mindwork Education Center တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ပညာသင်ဆုက တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ ၆၅ဝဝလောက် ရှိတယ်လို့ ဆိုပါတယ်။ 

Credit - http://www.kamayutmedia.com/ 

 နေဇော်လင်း 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin15
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။