Home » , » ထိုင်းနိုင်ငံမှ မြန်မာများ အတွက် အသိပေးချက် ....

ထိုင်းနိုင်ငံမှ မြန်မာများ အတွက် အသိပေးချက် ....

Written By မောင်စေတနာ on Saturday, June 21, 2014 | 11:10:00 PM

 
ယာယီနိုင်ငံကူး လက်မှတ်အပျောက် ၊ရေစိုပျက်စီးများကိုပြုလုပ်ရန် ခက်ခဲ့နေ သာကြောင့်မြန်မာ အလုပ်သမားများ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း။ ယခင်က ယာယီနိုင်ငံကူး လက်မှတ်ပျောက်ဆုံး သွားသော အခါပြန်လည်လျှောက် ထားရတဲ့ပုံစံမှာ ပျောက်ဆုံးသွားပါကပထမဦးဆုံး ထိုင်းနိုင်ငံအတွင်းရဲစခန်းတွင် ပျောက်ဆုံးကြောင်းေ ထာက်ခံစာလုပ်ရပါမည်၊ 

ရဲစခန်းသို့သွားသောအခါ passport မိတ္တူယူဆောင်သွားပြီးpassport ထဲ့မှာပါသောအမည်နှင့်passport နံပါတ်အားမှန်ကန်စွာပြော၍ထောက်ခံစာယူရပါမည်၊ 

 ထောက်ခံစာရရှိပါက သံရုံးသို့သွားရောက်ပြီးရဲစခန်းထောက်ခံစာအား အင်္ဂလိတ်လို ဘာသာပြန်၍သံရုံးမှတာဝန်ရှိသူတစ်ဦးမှ မှန်ကန်ကြောင်း သံရုံးစာပေါ်တွင်လက်မှတ်ထိုးပေး ပါသည်၊ထိုသံရုံးစာတွင် passport မိတ္တူမှပါသော အမည်နှင့် နံပါတ်အားသေချာ စစ်ဆေးပြီးယခင်ကဆိုရင် passport ထုတ်ပေးရေးရုံး သို့ပြန်လည်လျှောက်ထား ရပါသည်၊passport ထုတ်ပေးရေးရုံးသိုမသွားခင် မိမိဗီဇာပေးထားသောထိုင်း လဝကရုံးမှ စစ်ဆေးခံပြီးစာရွက်စာတမ်းပြည့်စုံပါက ထိုလဝကရုံးမှထောက်ခံချက် ဖြင့်passport စာအုပ် အသစ်ပြန်လည်လျှောက်ထားရပါသည်။ 

စာအုပ်အသစ်ပြန်လည် ရရှိလာပါကမြန်မာမှ ထိုင်းသို့အထွက် တုံးရိုက်နှိပ်ပြီး မိမိအားဗီဇာ ထုတ်ပေး ထားသောရုံးသို့သွားရောက်ကာေ ပျာက်ဆုံးသွားသော passport စာအုပ်မှ ဗီဇာအဟောင်းကိုပြန်လည် ရိုက်နှိပ်ရပါမည် 

ထိုသို့အဆင့် ဆင့်ပြုလုပ်ပြီးမှ ယခင်ပျောက်သွားသော စာအုပ် အတိုင်းပြန်လည် အသုံးပြုလို့ရ မှာဖြစ်ပါတယ်ရေစိုပျက်စီးသောအခါတွင် ယခင်ကဆိုရင် ဗီဇာပြုလုပ်ပေးထား သောလဝက ရုံးသို့သွား၍ထောက်ခံစာယူပြီး passport စာအုပ်အသစ်ပြန် လျှောက်ရရုံပါပဲ သရုံးစာမယူရတာ တခုပဲကွာပါတယ်၊ ယခင်ပုံစံမှာပြုလုပ်ရတာ အလုပ်သမားများ အတွက် အစဉ်ပြေစေပါတယ်

ယခုအခါ သာမှန်နိုင်ငံကူး လတ်မှတ်ပြန်လျှောက်ရာတွင် မည်သို့ပြုလုပ်ရမည်ကို မသိရှိရသေး ကြောင်းသာမှန် နိုင်ငံကူး လက်မှတ်ပြန်လျှောက်လျှင်ဒါဏ်ကြေးနှင့်စာအုပ်ဖိုး ၄၃၀၀ ဘတ်နှင့် အခြားစရိတ်များရှိသောကြောင့် အလုပ်သမားများမှာ စာအုပ်ပျောက်ဆုံးပျက် စီးပါက ဘတ် ၁၀၀၀၀ ဝန်းကျင်ကုန်ကျနိုင်သဖြင့် အလုပ်သမားမျာအနေဖြင့် ရိုသေစွာကိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။ 

 မူရင်း - ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းလုပ်သားများသတင်း 
https://www.facebook.com/pages/ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းလုပ်သားများသတင်း/257140981123390 

 နေဇော်လင်း 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin15
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။