အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၉)နှစ်မြောက် မွေးနေ့အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးချုပ်၌ ဇွန်လ ၁၉ ရက် နံနက်တွင် ကျင်းပခဲ့သည်။
နံနက်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား လှူဖွယ် ၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ဂုဏ်ပြုစကားပြောကြားပြီး မွေးနေ့ကိတ်မုန့် လှီးကာ မွေးနေ့ အခမ်းအနားကို စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မွေးနေ့အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
Source by : 7Day Daily
http://www.7daydaily.com/
ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်ပြည့် မွေးနေ့အလှူနှင့် မွေးနေ့အခမ်းအနား ကျင်းပနေစဉ် [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]
နေဇော်လင်း
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin15







.jpg?width=750)

0 comments:
Post a Comment