Home » , » 22.6.2014 - 1:05 PM - သတိပေးချက် - မလေးရှား သတင်း

22.6.2014 - 1:05 PM - သတိပေးချက် - မလေးရှား သတင်း

Written By မောင်စေတနာ on Sunday, June 22, 2014 | 11:45:00 AM

 

အခုလက်ရှိ ကေအယ် မြန်မာဆိုင်တန်း နှင့် မိုင်ဒင်း ကိုတာရာယာဘေး မက်ဒေါနာဆိုင်လမ်းထောင့် စတဲ့နေရာတွေမှာ အရပ်ဝတ်ရဲတွေဟာ ခရီးသွားသူများကို အထောက်အထား စစ်ဆေးတာတွေ လုပ်နေပါတယ်။ ဒီနေ့ မနက် ၈ နာရီခွဲ အချိန်ကလည်း ကေအယ် မြန်မာဆိုင်တန်းတွေမှာ ရဲများအုပ်စုလိုက် လှည့်ပတ်သွားလာနေပြီး အထောက်စစ်ဆေးခဲ့ကြောင်း မျက်မြင်သက်သေတွေမှ ဖုန်းဆက်ကာ အသိပေးခဲ့ပါသည်။
ကေအယ် မြန်မာဆိုင်တန်းနဲ့ လူစည်ကားသော နေရာများနှင့် အခြားနေရာများကို သွားလာပါက မိမိတို့ သွားတဲ့ နေရာတစ်ဝိုက်တွင် ရဲများ ရဲမရှိ သေချာကြည့်ပြီး အထောက်အထား မရှိရင် ရှောင်ပြီး သွားလာကြပါ။ အခု ကင်းလှည့်နေတဲ့ အဖွဲအုပ်စုက ၅ ယောက် ရှိပါတယ်။ 

လူတိုင်းကိုတော့ မစစ်ပါဘူး ... သူတို့ လမ်းသွားရင်း စစ်ချင်တဲ့ လူတွေကို ပတ်စပို့ နှင့် အထောက် အထားများကို စစ်ဆေးပါတယ်။ ရှာစားနေတဲ့ ရဲတွေဆို ကြောက်စရာ မလိုပါဘူး။့ ပြစရာ တစ်ခုခု မရှိရင် ၅၀ ၊ သို့မဟုတ် ၁၀၀ ပေးရင် ရပါတယ်။ အရပ်ဝတ်နဲ့ ရဲတွေပဲ နည်းနည်း ကြောက်ရပါတယ်။ 

အရပ်ဝတ်နဲ့ ရဲတွေအဖမ်းခံရရင် မလေးငွေ ၅၀၀ ကနေ ၃၀၀၀ အထိ တောင်းတတ်ပါတယ်။ အဖမ်းခံရသူ မိသားစု သူငယ်ချင်းတွေမှ ဒါဝမ်ကီး ရဲစခန်းမှာ သွားထုပ်ရပါတယ်။ ဒီလို ငွေပေးပြီး ထုပ်တဲ့ အချိန်မှာ တစ်ချို့ရဲတွေနဲ့ စကားပြောဆို အဆင်ပြေမယ့် တစ်ချို့ရဲတွေက မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံတာကို ခံရပါတယ်။ အဖမ်းခံရသူ မိန်းကလေးဆို ပိုဆိုးပါတယ်။ မခံနိုင်တဲ့ စကားတွေနဲ့ ပြောဆိုတာကို ခံရပါတယ်။ ကေအယ်မှာ စနေ့နေ့ ၊ တနင်္ဂနွေနေ့တွေဆို လူစည်ကားတဲ့အတွက် ရဲများ နှင့် လုယက်သူများ ၊ ခါးပိုက်နှိုက် သူများ ၊ လမ်းသွားရင် ဖုန်းတွေကိုပြပြီးဖုန်းရောင်းသူများ နေရာ တော်တော်များများမှာ ရှိပါတယ်။ 

 ကေအယ်တွင် ညပိုင်းအချိန် အပြင်သွားလာခြင်းများကို ရှောင်ကြပါ။ ညပိုင်းအချိန်ဆို ပိုက်ဆံတောင်းတဲ့ ရဲတွေများပါတယ်။ မလေးရှားမှာ အထောက်အထား မရှိရင် လူစည်ကားတဲ့ နေရာ ရဲတွေများတဲ့ နေရာတွေကို ရှောင်ပြီး သွားလာကြပါ။ ရဲဖမ်းခံရရင် ငွေနဲ့ရှင်းလို့ ရပေမယ့် တစ်ချို့ဆို ငွေနဲ့ ရှင်းလို့ မရပဲ ထောင်ထဲ ထည့်ထားတာတွေ ရှိပါတယ်။ မိမိတို့ ရှာဖွေထားတဲ့ ပိုက်ဆံတွေဟာ အချိန်ခဏလေး အတွင်းမှာ ကုန်သွားနိုင်ပါတယ်။ 

ဒါကြောင့် အထောက်အထား မရှိသူများ သတိထားနိုင်ရန် အတွက် အသိပေးလိုက်ပါသည်။ မလေးရှားရောက် ရွှေမြန်မာများ အားလုံး ဘေးရန်ကင်းဝေးပြီး အလုပ်အကိုင်များ အဆင်ပြေကြပါစေ။ 

 နေဇော်လင်း 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin15
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။